Category Archives: Amazing

အတုယောင် ဟုထင်ရသော်လည်း တကယ့်အစစ်အမှန်ဖြစ်ကြောင်း အံ့သြဖွယ်ကောင်းသော ဓာတ်ပုံများ

Photoshop ပညာသင် အရာရာကိုပြုပြင်ပြောင်းလဲနိုင်ပါသည်။ သို့ပေမယ့်လဲ ဘယ်သူမှ စဉ်းစားအဖြေရှာမနိုင်အောင် ဖန်တီးပေးနိုင်တာကတော့ မိခင်သဘာဝတရားမှ လွဲ၍ကျန်တာရှိနိုင်မှာမဟုတ်ပါဘူး။ တစ်ခါတစ်လေလူသားတွေဟာ သဘာဝတရားနှင့် ပူးပေါင်းပြီး ထူးဆန်းသော အရာများကို ဖန်တီးလေ့ရှိကြပါတယ်။ ဤဆောင်း၏အောက်တွင်ဖေါ်ပြထားသော ဓါတ်ပုံများကို ကြည့်ရှုသူအများစု အတွက်အတုယောင်ဟု ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီဓါတ်ပုံတွေကတော့ အမှန်တကယ်တွေပါပဲ။
၁။ဟာရီကိန်းမုန်တိုင်းကြောင့် မြင့်မားသောအပင်များ ပြိုလဲနေပုံ

© quaxay / reddit

၂။ဝါယာကြိုးအနုပညာ

© Benedict Radcliffe

၃။ကြီးမားသောငါးများးအတွက် ကြီးမားသောငါးစာလိုအပ်ပါတယ်

© IBOY / twitter

၎။ဆောင်းရာသီတွင် ကနေဒါရှိ အာဗြဟံ ရေကန်

၅။ပျားပေါင်း ၄၆၀,၀၀၀ ကို သူ့ခန္ဓာကိုယ်နဲ့ကပ်ထားပုံ

၆။မယုံနိုင်လောက်အောင်လက်တွေ့ကျသော ပန်းပုရုပ်ပုံများ

© Ron Mueck / facebook

၇။သြစတြေးလျတွင်ဖြစ်ပေါ်ခဲ့သော တိမ်ထူထပ်သောမုန်တိုင်း

© redmonder / imgur

၈။ပန်းပုပညာရဲ့ အစွမ်း

© Emilio J. Rodríguez Posada / wikimedia commons

၉။၂၀၁၀ ခုနှစ်တွင် ဂွာတီမာလာတွင် ပေါ်ပေါက်ခဲ့သော တွင်းပေါက်ကြီး

© RobyWanPerHobby / imgur

၁၀။မိတ်ကပ်၏အစွမ်းပါဝါ အံ့မခမ်းလောက်အောင်ပါပဲ

၁၁။ကုန်းပေါ်သို့ တင်နေသည့် ကြီးမားသောသင်္ဘော

© Malgoyadooya / imgur

၁၂။ရေညှိများပြည့်နေသောမြစ်ရေ

© Jianan Yu / Reuters

၁၃။လေဆင်နှာမောင်းနှင့်သက်တန့်သည်တစ်ချိန်တည်းဖြစ်ပေါ်လာပုံ

© bigpaynis / imgur

၁၄။ကြီးမားသော ဂျယ်လီငါးကြီး

© Best Earth Pics ‏/ twitter

၁၅။လမ်းမပေါ်သို့ဖြတ်သန်းနေသော မိုးတိမ်များ

၁၆။ 3D ပုံစံဆေးချယ်ထားပုံ

© Georges Rousse

၁၇။ကယ်လီဖိုးနီးယား သဲကန္တာရထဲရှိ သစ်သားအိမ်ငယ်

© malgoya / reddit

၁၈။ဆိတ်များ ဟန်ချက်ညီစွာနေထိုင်နေပုံ

၁၉။ဂျပန်နိုင်ငံရှိ ခရမ်းရောင်ပန်းစိုက်ခင်း

၂၀။မိုးမျှော်လှေကား

© Wannart ‏/ twitter

မယုံကြည်နိုင်လောက်အောင် အတိတ်ဘဝကို ပြန်မှတ်မိနေတဲ့ ထူးဆန်း ကလေး (၈) ယောက်…

အခုတစ်ခေါက်ပြောပြပေးသွားမယ့် အကြောင်းအရာကတော့ မယုံကြည်နိုင်လောက်အောင် အတိတ်ဘဝကို ပြန်မှတ်မိနေတဲ့ ထူးဆန်းတဲ့ ကလေး ၈ ယောက်အကြောင်းပဲဖြစ်ပါတယယ်။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရတော့ လူသားတွေရဲ့ဘဝဆိုတာ အတိတ်ဘဝနဲ့ လာမယ့် အနာဂါတ်ဘဝရယ်လို့ မရှိဘဲ ဒီဘဝတစ်ခုတည်းသာ ဖြစ်တည်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုပြောပြပေးသွားမယ့် ကလေးတွေကတော့ သူတို့ရဲ့ အတိတ်ဘဝကို အသေးစိတ်အချက်အလက်တွေကစ မှတ်မိနေကြပါတယ်။ ဒါကြောင့် ဘယ်ကလေးတွေက သူတို့ရဲ့ အတိတ်ဘဝကို ဘယ်လိုမှတ်မိကြသလဲဆိုတာ ကြည့်လိုက်ကြရအောင်။

၈- ဂန္ဓီကိုယ်တိုင် အတည်ပြုခဲ့ရတဲ့ အရင်ဘဝကို အကုန်မှတ်မိနေသူ

အိန္ဒိယနိုင်ငံက ရှောင်တီ ဒေဗီဆိုတဲ့ အမျိုးသမီးတစ်ယောက်က ဒေလမြို့မှာ မွေးဖွားခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမက ငယ်စဉ်အချိန်ကတည်းက ထူးဆန်းတဲ့ အပြုအမူတွေကို ပြုလုပ်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး အသက် ၄ နှစ်အရွယ်အထိ စကားလုံးဝ မပြောတတ်ခဲ့ပါဘူး။ သူမ စကားစပြောတတ်တဲ့အချိန်မှာ ထူးဆန်းစွာနဲ့ပဲ လက်ရှိ ရှိနေတဲ့ အိမ်က သူ့ရဲ့ အိမ်အစစ်မဟုတ်ကြောင်းကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူမကို မွေးထားတဲ့ မိဘနှစ်ပါးကိုလည်း သူ့ရဲ့ မိဘအစစ်တွေမဟုတ်ဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ ဒါ့အပြင် သူ့မှာ ယောက်ျားတစ်ယောက်လည်းရှိနေပြီး အဲဒီယောက်ျားနဲ့ရတဲ့ သားတစ်ယောက်လည်းရှိတယ်လို့ ကလေးဘဝမှာကတည်းက ထုတ်ပြောခဲ့ပါသေးတယ်။

တကယ်တော့ သူမက အရင်ဘဝမှာ ကလေးမွေးဖွားပြီး ၁၀ ရက်အကြာမှာ အပြင်းဖျားနာမှုကြောင့် သေဆုံးသွားခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ သူမ ယောက်ျားဖြစ်သူရဲ့ အလုပ်အကိုင်တွေ၊ နေရပ်လိပ်စာတွေကို မှတ်သားထားပြီး လူတွေက အဲဒီလူ အပြင်မှာ တကယ်ရှိမရှိ စုံစမ်းစစ်ဆေးကြည့်ရာမှာ ဒေလီမြို့ရဲ့ ၁၄၅ ကီလိုမီတာ အကွာက မက်သူရာမြို့မှာနေထိုင်နေတာကို သူမ ပြောတဲ့အတိုင်း အမှန်တကယ် တွေ့ရှိခဲ့ပါတယ်။ မှတ်တမ်းတွေကို ပြန်ကြည့်တဲ့အခါမှာလည်း အဆိုပါ အမျိုးသမီးက လွန်ခဲ့တဲ့ ၉ နှစ်လောက်ကတည်းက ကလေးမီးဖွားပြီး ၁၀ ရက်အကြာမှာ အမှန်တကယ်ပဲ ကွယ်လွန်သွားခဲ့တယ်လို့ ရှာတွေ့ခဲ့ပါတယ်။

သူမရဲ့ အရင်ဘဝက ယောက်ျားဖြစ်သူကို မှတ်မိရာမှာလည်း သူ့ရဲ့နေထိုင်မှုပုံစံတွေ၊ မျက်မှန်ကိုင်းပုံစံနဲ့ အလုပ်အကိုင်တွေကို အသေးစိတ် မှတ်မိနေခဲ့တာပါ။ သူမရဲ့ထူးခြားဖြစ်စဉ်က အိန္ဒိယနိုင်ငံအတွင်းမှာ ပျံနှံ့ခဲ့ပြီး မဟတ္တမ ဂန္ဒီကိုယ်တိုင်က လာရောက်ကြည့်ရှုခဲ့ပြီး သူမက လူဝင်စားတစ်ယောက်ဆိုတာကို အတည်ပြုပြောကြားခဲ့ပါတယ်။

၇ – အတိတ်ဘဝက နေထိုင်မှုအားလုံးကိုမှတ်မိခဲ့သူ

နံပတ် (၇) နေရာမှာ ရှိနေတာကတော့ စကော့တလန်နိုင်ငံ၊ ဂလက်စကိုမြို့က ကင်မရွန်း မက် ကော်လီ ဆိုတဲ့ ကလေးငယ်တစ်ယောက်ပဲဖြစ်ပါတယ်။အဲဒီ ကောင်လေးက သူ့ရဲ့ အတိတ်ဘဝကို အသက် ၂ နှစ်အရွယ်မှာကတည်းက မှတ်မိနေခဲ့တာပါ။ သူ့ရဲ့ ပြောစကားအရတော့ သူက ဘာရာဆိုတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ မိခင်ဖြစ်သူနဲ့ နေထိုင်ခဲ့သူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူက အရင်ဘဝက ဖခင်ဖြစ်သူရဲ့ နာမည်အရင်းက ရှောင် ရောဘတ် ဆိုတာကအစ မှတ်မိနေခဲ့ပါတယ်။ သူ့ရဲ့ အတိတ်ဘဝက ဖခင်ဖြစ်သူက ကားတိုက်မှုတစ်ခုမှာ အသက်ဆုံးပါးခဲ့ရပြီး ကွယ်လွန်ခဲ့တယ်လို့လည်း ပြောခဲ့ပါသေးတယ်။ အရင်ဘဝက ဘာရာကျွန်းပေါ်မှာ နေထိုင်ခဲ့တဲ့ ပုံစံတွေကို ပန်းချီအဖြစ် ရေးဆွဲခိုင်းခဲ့ရာမှာလည်း သူ့အိမ် ပုံစံကို ရေးဆွဲပြခဲ့ပြီး သူ့ရဲ့ ခွေးကို အစာကျွေးတဲ့ ပုံရိပ်တွေကိုပါ ရေးခဲ့ပါတယ်။

သူက အတိတ်ဘဝမှာ ပြတင်းပေါက်ပါတဲ့ အခန်းတစ်ခုမှာနေထိုင်ခဲ့တယ်လို့ သိရပြီး အမြဲတမ်းလိုလို ပြတင်းပေါက်ကနေ ရှုခင်းတွေကို ကြည့်ပြီး အပန်းဖြေလေ့လည်း ရှိတယ်လို့ သိရပါတယ်။ ကောင်လေးပြောတဲ့ နေရာနဲ့ အိမ်က အပြင်မှာအမှန်တကယ်ရှိ-မရှိကို သွားရောက်စစ်ဆေးကြည့်ရာမှာလည်း ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်လောက်က ဆောက်လုပ်ခဲ့ပြီး အခုအချိန်မှာ အိမ်ပျက်ကြီးတစ်ခုလိုဖြစ်နေတဲ့ အိမ်ကြီးကို တွေ့ခဲ့ရပါသေးတယ် ။ နောက်ပြီး ကောင်လေးရဲ့ ပြောစကားတွေထဲကအတိုင်း အဲဒီ အိမ်ကြီးထဲက ပစ္စည်းတွေက အမှန်တကယ်ပဲ တည်ရှိနေခဲ့ပါတယ်။

၆ – ကျွန်းတိုက်ပွဲတစ်ခုမှာ သေဆုံးခဲ့ခြင်းကို အသေးစိတ်မှတ်မိခဲ့သူ

အခုပြောပြပေးသွားမယ့် ကလေးကတော့ တကယ့်ကို ထူးဆန်းတဲ့ ကလေးတစ်ယောက်လို့ ပြောရမှာပါ။ သူက အတိတ်ဘဝမှာ စစ်သားတစ်ယောက်ဖြစ်ခဲ့ပြီး စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ စစ်သားတစ်ယောက်ဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ မွေးခဲ့တဲ့ ဂျိမ်းစ်လိုင်နင်ဂျာဆိုတဲ့ ကလေးက အသက် ၂ နှစ်အရွယ်မှာ ထူးဆန်းတဲ့ စကားတွေပြောလာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်နဲ့ ဂျပန်တို့ရဲ့ နာမည်ကျော်ကျွန်းဖြစ်တဲ့ အိုင်အိုဂျီးမားတိုက်ပွဲရဲ့ ပုံရိပ်တွေကို အမှတ်တမဲ့ မြင်တွေ့ခဲ့ပြီးနောက်မှာတော့ သူက အဲဒီတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်သားတစ်ယောက်လို့ ပြောဆိုခဲ့ပါတယ်။

အတိတ်ဘဝမှာတော့ သူက တိုက်လေယာဉ်မောင်းသူတစ်ယောက်ဖြစ်ပြီး ဂျပန်တို့ရဲ့ ပစ်ချခဲ့မှုကြောင့် လေယာဉ်မီးလောင်ကာ ပျက်ကျသေဆုံးခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ တကယ့်စစ်မြေပြင်မှတ်တမ်းတွေကို စစ်ဆေးကြည့်ရာမှာလည်း သူ ထွက်ဆိုခဲ့သလို အမှန်တကယ်ပဲ လေယာဉ်တစ်စင်းပျက်ကျခဲ့တယ်လို့ ရှာတွေ့ခဲ့ပါတယ်။

မှတ်တမ်းမှတ်ရာတွေ အရ သူ့ အရင်ဘဝရဲ့ နာမည်က ဂျိမ်းစ်ဟူစတန်ဂျုနီယာဖြစ်ပြီး နာတိုမာစစ်သင်္ဘောပေါ်က တိုက်လေယာဉ်မောင်းတဲ့ စစ်သားတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကလေးလေးက ပြောသွားခဲ့တဲ့ အချက်အလက်တွေက တကယ့်စစ်သမိုင်းတွေနဲ့ စစ်ဆေးကြည့်ရာမှာ ၁၀၀ ရာခိုင်နှုန်းမှန်ကန်နေတာကိုထူးဆန်းစွာနဲ့ တွေ့ရှိခဲ့ရပါတယ်။

၅- ဟောလိဝုဒ်ရုပ်ရှင်ကားတွေထဲမှာ အတိတ်ဘဝက သရုပ်ဆောင်ခဲ့ဖူးသူ

နံပတ် (၅)နေရာမှာ ရှိနေတဲ့ ကောင်လေးကတော့ အရင်ဘဝမှာ ဟောလိဝုဒ်ရုပ်ရှင်ကားတွေထဲမှာ သရုပ်ဆောင်ခဲ့တဲ့လူတစ်ောက်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ရိုင်ရန်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ အသက်၎ နှစ်အရွယ်မှာ ထူးဆန်းတဲ့ အိပ်မက်ဆိုးကြီးတွေ စတင်မက်လာခဲ့ပါတယ်။ တစ်နေ့ပြီး တစ်နေ့ အိပ်မက်ဆိုးတွေမက်တဲ့ အခြေအနေတွေက ပိုပိုဆိုးလာခဲ့ပြီး အသက် ၅ နှစ်အရွယ်ရောက်ချိန်မှာတော့ မိခင်ဖြစ်သူကို ကမ္ဘာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းနေရာ ဟောလိဝုဒ်ကို လိုက်ပို့ဖို့ ပူဆာခဲ့ပါတယ်။ အဲဒီ ကလေးလေးက လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်က နာမည်ကြီးခဲ့တဲ့ ရှေးခေတ်မင်းသားမင်းသမီးတွေနဲ့ အစည်းအဝေးပြုလုပ်ခဲ့တာတွေ – စကားတွေပြောခဲ့တာတွေကို အသေးစိတ်ပြန်ပြောပြနိုင်စွမ်းရှိပါတယ်။

နောက်ပြီး ဟောလိဝုဒ်ကို ရောက်ချိန်မှာလည်း အတိတ်ဘဝက သူနေထိုင်ခဲ့တဲ့ အိမ်တည်နေရာကိုပါ လိုက်ပြခဲ့ပါတယ်။ ဒါနဲ့ သူ့ရဲ့ ပြောစကားတွေကို ကိုးကားပြီး အရင်တုန်းက မှတ်တမ်းတွေကို ပြန်ကြည့်တဲ့အခါမှာ မာတီ မာတင်လို့ ခေါ်တဲ့ ဇာတ်ပို့ဇာတ်ရန်တစ်ဦးဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ကောင်လေးက မာတီမာတင်ရဲ့ ဓါတ်ပုံကို တွေ့လိုက်ချိန်မှာပဲ အဲဒီလူက သူပဲလို့ ချက်ချင်းပြောဆိုခဲ့ပါတယ်။

၎- အမေရိကန်ပြည်တွင်းစစ်မှာကျဆုံးပြီး လူပြန်ဖြစ်လာခဲ့သူ

အခုပြောပြပေးသွားမယ့် ချေစ့်ဘုန်းဆိုတဲ့ ကလေးငယ်ကတော့ သူ့ကိုယ်သူ လူဝင်စားမှန်းတောင်မသိခဲ့ဘဲ နေထိုင်ခဲ့သူတစ်ယောက်ပါ။ သူက အမြဲတမ်းလိုလို နားထဲမှာ ဗုံးပေါက်ကွဲသံတွေ၊ စစ်သေနတ်သံတွေကြားယောင်နေကျ ဖြစ်တဲ့ အတွက် စိတ်ရောဂါဆရာဝန်တွေနဲ့ ပြသနေရသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူက ငယ်စဉ်ကတည်းက အလွန်ကျယ်လောင်တဲ့ အသံတွေကို အလွန်အမင်းကြောက်ရွံတဲ့ ရောဂါနဲ့ မွေးဖွားလာခဲ့သူတစ်ယောက်ဖြစ်ပြီး အခုလို မရှိတဲ့ အသံတွေ နားထဲမှာ အမြဲကြားယောင်နေသူတစ်ဥိးလည်းဖြစ်ပါတယ်။ တစ်နေ့မှာ ဆရာဝန်တစ်ယောက်နဲ့ ပြသခဲ့စဉ်မှာတော့ သူ့ရဲ့ အတိတ်ဘဝဖြစ်စဉ်တွေ အားလုံး ပေါ်ပေါက်လာပါတော့တယ်။

အဲ့ဒါကတော့ သူက တစ်ချိန်က အမေရိကန်ပြည်တွင်းစစ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လူမည်းစစ်သားတစ်ယောက်ဖြစ်ပြီး လက်ကောက်ဝတ်ကို ကျည်ဆန်ထိမှန်ခဲ့တာကြောင့် တိုက်ပွဲကျခဲ့တဲ့ လူတစ်ယောက်ဖြစ်တယ်လို့ ထုတ်ပြောကြားခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ အညိုရောင်အဆင်းရှိတဲ့အဝတ်အစားအညစ်အပေတွေကို ဝတ်ပြီး ကျောက်တုံးတစ်တုံးနောက်မှာ သေဆုံးခဲ့ရတယ်လို့ သူရဲ့ အတိတ်ဘဝက သေဆုံးခဲ့ပုံကို ပြောပြခဲ့ပါတယ်။ ဒီလို စစ်ပွဲအတွင်းမှာ သေပြီး လူပြန်ဝင်စားလာတဲ့ သူက အခုလက်ရှိဘဝမှာလည်းအင်မတန်ဆူညံတဲ့ အသံတွေကို ကြောက်လန့်တတ်တဲ့ လူတစ်ယောက်အဖြစ် မွေးဖွားလာခဲ့တာပဲဖြစ်ပါတယ်။

၃- ကားတိုက်မှုကြောင့်သေဆုံးခဲ့ပြီး အခုဘဝမှာ အမွှာညီအစ်မဖြစ်လာခဲ့သူ

အတိတ်ဘဝကို ပြန်မှတ်မိနေတဲ့ ကလေးငယ်တွေထဲမှာတော့ ဒီအမွှာကလေးငယ်နှစ်ယောက်ကတော့ အထူးခြားဆုံးပဲဖြစ်ပါတယ်။ သေဆုံးခြင်းဆိုတာ အရာအားလုံးရဲ့ နောက်ဆုံးလို့ ယုံကြည်ကြပြီး သေဆုံးပြီးသား လူနဲ့ နောက်ထပ်တစ်ကြိမ်မှ ပြန်ဆုံစည်းဖို့ဆိုတာကတော့ မဖြစ်နိုင်စရာအခြေအနေပဲဖြစ်ပါတယ်။ ဒါပေမယ့်အခုပြောပြသွားမယ့်အမွှာညီအစ်မ လိုဖြစ်ရပ်မျိုးကတော့ ဖြစ်တောင့်ဖြစ်ခဲလို့ပဲ ဆိုရမှာပဲဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံက မြို့တစ်မြို့မှာ ပိုးလော့ခ်မိသားစုကနေ ဆင်း သက်လာတဲ့ အသက် ၆ နှစ်နဲ့ ၁၁ နှစ်အရွယ်ကောင်မလေးတို့က ဘုရားကျောင်းတက်ဖို့ လမ်းလျှောက်သွားရာလမ်းမှာ စိတ်မနှံ့သူတစ်ယောက်မောင်းနှင်လာတဲ့ ကားနဲ့ တိုက်မိပြီး သေဆုံးခဲ့ပါတယ်။ ကလေးဘဝသာ ရှိသေးတဲ့ သူတို့ကွယ်လွန်သွားချိန်မှာ ဖခင်ဖြစ်သူက အင်မတန်ပူဆွေးပြီး သူတို့မိသားစုဆီ ပြန်လာခဲ့ဖို့ ဆုတောင်းခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ဇနီးဖြစ်သူ ကိုယ်ဝန်ရလာခဲ့ပြီး အမွှာမိန်းကလေး နှစ်ယောက် မွေးဖွားခဲ့ပါတယ်။ အဲဒီနှစ်ယောက်မှာလည်း ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်တွေ ပါလာခဲ့ပြီး ကားတိုက်မှုကြောင့် ဆုံးသွားခဲ့တဲ့ သူတို့ရဲ့ သမီးလေးနှစ်ယောက်ရဲ့ ဒဏ်ရာတွေအတိုင်း ဖြစ်နေတာကို ထူးဆန်းစွာတွေ့ရှိခဲ့ပါသေးတယ်။ ဒါ့အပြင် အရင်တုန်းက ညီအစ်မနှစ်ယောက်ဆော့ကစားတဲ့ အရုပ်တွေကို သိမ်းထားရာက ပြန်ယူလာပြီး ဆော့ခိုင်းခဲ့ရာမှာလည်း အဲဒီအမွှာနှစ်ယောက်က သေဆုံးသွားတဲ့ ညီအစ်မ နာမည်ရေးထားတဲ့ အရုပ်တွေသာ ရွေးပြီး ဆော့ကစားခဲ့တာပါ။ သူတို့နှစ်ယောက်က အရင်တုန်းက တစ်ခါမှ မရောက်ဖူးတဲ့ နေရာတွေကိုလည်း ရင်းနှီးကျွမ်းဝင်ပြီး ကားတွေကို အင်မတန်ကြောက်တတ်ပါတယ်။ ဒီလိုမျိုး သေဆုံးသွားတဲ့ ညီအစ်မနှစ်ယောက်က အမွှာအဖြစ် ပြန်ဝင်စားတဲ့ ထူးဆန်းတဲ့ ဖြစ်စဉ်က အချိန်အကြာကြီးအထိ မခံခဲ့ပါဘူး။ သူတို့အသက်အရွယ်ရလာချိန်မှာတော့ အဲဒီမှတ်ဉာဏ်တွေ အကုန်ပျောက်ကာ သာမန်မိန်းကလေးတွေလိုဖြစ်သွားခဲ့ပါတယ်။

၂- သူ့ကိုသတ်ခဲ့တဲ့ လူသတ်သမားကို ဖော်ထုတ်ဖို့ လူပြန်ဖြစ်လာခဲ့သူ

တစ်ခုသော ညတစ်ညမှာတော့ မျက်နှာမှာ သွေးအလိမ်းလိမ်းပေနေတဲ့အမျိုးသားတစ်ယောက်က သူမဆီကို ရောက်လာတယ်လို့တူရကီက အမျိုးသမီးတစ်ယောက်က အိပ်မက်မက်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အဲဒီအမျိုးသမီးမှာ ကိုယ်ဝန်ရှိလာခဲ့ပြီး ကောင်လေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။ အဲဒီကောင်လေးက စကားပြောတတ်စအရွယ်မှာပဲ ဒီအိမ်က သူ့အိမ် မဟုတ်ကြောင်း – သူက ကျေးရွာတစ်ရွာမှာ နေထိုင်နေတဲ့ လူတစ်ယောက်ဖြစ်ပြီး အိမ်နီးနားချင်းတစ်ယောက်က သူ့ကို သတ်လိုက်တာဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။ ဒါကြောင့် အဲဒီကလေး အသက် ၄ နှစ်အရွယ်မှာပဲ သူ ပြောနေကျ ကျေ့းရွာဆီကို သွားပြီး သူ့အရင်ဘဝက ဇနီးဖြစ်ခဲ့သူနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလို တွေ့ဆုံခဲ့စဉ်အချိန်မှာလည်း အရင်ဘဝက အဖြစ်အပျက်တွေကို အသေးစိတ်မှတ်မိပြီး သူ့ကို ဘေးအိမ်က ယောက်ျားတစ်ယောက်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

သူ ပြောခဲ့တဲ့ အချက်အလက်တွေနဲ့ အဖြစ်အပျက်တွေက မှန်ကန်နေပြီး တကယ်ပဲ သူ ပြောတဲ့ သေနတ်ကို တွေ့ရှိခဲ့တာကြောင့် ရဲက လူသတ်သမားကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ လူသတ်သမားကတော့ ဒီဖြစ်ရပ်ကအလွန်ကြာနေပြီဖြစ်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး အဲဒီအချိန်တုန်းက အမဲလိုက်စဉ်မတော်တဆ ပစ်မိသွားတာလို့ ပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီကောင်လေးက သူ့ အရင်ဘဝရဲ့ မိသားစုဆီကို မကြာခဏပြန်လေ့ရှိပြီး သူ့ရဲ့ ဇနီးဖြစ်ခဲ့သူနဲ့သားသမီးတွေကို သွားတွေ့လေ့ရှိပါတယ်။

၁ – လားမား တစ်ယောက်အဖြစ်ပြန်လည် မွေးဖွားလာခဲ့သူ

အတိတ်ဘဝကို ပြန်မှတ်မိနေတဲ့ ထူးဆန်းတဲ့ ကလေးတွေထဲမှာ အခုကလေးငယ်ကတော့ ဘာသာရေးယုံကြည်မှုတစ်ခုနဲ့ သက်ဆိုင်နေတဲ့ ကလေးငယ်ပဲဖြစ်ပါတယ်။ တိဘက်ဗုဒ္ဓဘာသာမှာ လားမားတွေက နိဗ္ဗာန်ကို လမ်းညွှန်ပေးနိုင်တဲ့ ဆရာတွေဖြစ်ပြီး တိဘက်နိုင်ငံရဲ့ ဘာသာရေးနဲ့ နိုင်ငံရေးတို့ကို ဦးဆောင်ရတဲ့ခေါင်းဆောင်တွေလို့ မှတ်ယူထားကြပါတယ်။ လားမားတွေကွယ်လွန်သွားချိန်မှာတောင် သူ့ရဲ့ ဝိညာဉ်က တခြားခန္ဓာကိုယ်မှာ ပြန်ဝင်စားပြီး ကမ္ဘာကို ပြန်လည်ရောက်ရှိလာကြတယ်လို့ ယုံကြည်လက်ခံထားကြပါတယ်။ အခု ကလေးငယ်ကတော့ ၁၉၉၁ မှာ ဆီယက်တယ်မြို့မှာ မွေးဖွားခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူက မွေးစဉ်အချိန်ကတည်းကစပြီး ထူးခြားတဲ့ စကားတွေ၊ အပြုအမူတွေကို ပြုလုပ်လေ့ရှိကာ သူ အသက် ၂ နှစ်အရွယ်မှာတော့ သူက တိဘက် ဘာသာရေးဂိုဏ်းတစ်ခု့ရဲ့ ၃ ကြိမ်မြောက် လားမားဘဝကနေ လူဝင်စားဖြစ်လာတယ်လို့ ထုတ်ပြောလာခဲ့ပါတယ်။

ဒီလို ပြောဆိုမှုကို ပို ခိုင်မာသွားစေခဲ့တာတော့ အဆိုပါ ၃ ကြိမ်မြောက်လာမားဘုန်းတော်ကြီးက အမေရိကန် ဆီယက်တယ်မြို့မှာ နိုင်ငံရေးအကြောင်းပြချက်တစ်ခုကြောင့် ရောက်ရှိသတင်းသုံးခဲ့တဲ့ဘုန်းတော်ကြီးဖြစ်ပါတယ်။ အဆိုပါ ဘုန်းတော်ကြီး ပျံလွန်တော်မမူခင်အချိန်မှာကတည်းက သိပ်မကြာမှာပဲ ဒီမြို့မှာ ပြန်လည်မွေးဖွားမယ်လို့ ကြိုတင်မိန့်ကြားခဲ့ပါသေးတယ်။ ၁၉၉၆ ခုနှစ်မှာတော့ လားမားဘုန်းတော်ကြီးဝင်စားတဲ့ အဲဒီကလေးငယ်က မိဘတွေ အားလုံးကို စွန့်ခွာခဲ့ပြီး တိဘက်နိုင်ငံဆီကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။

တစ်ချိန်က လားမားဘုန်းတော်ကြီးရဲ့ သံဃာတော်တွေကလည်း ခတ္တမန္တူ လေဆိပ်မှာ အဲဒီ ကလေးငယ်ကို ရိုးရာအစီအစဉ်တွေနဲ့ ကြိုဆိုကြပြီး အရင်ဘဝက ရှိခဲ့တဲ့ လားမားတွေရဲ့ ရာထူးဂုဏ်သိမ်တွေကိုပါ တစ်ခါတည်းပေးအပ်ခဲ့ပါတယ်။

Source:ShweNyanShin

သစ်ရွက်လေးတွေနဲ့ အနုစိတ်လွန်းလှတဲ့ရုပ်ပုံတွေကို ဖန်တီးပုံဖော်ခဲ့သူ

ပန်းချီအနုပညာဝါသနာပါတဲ့သူတွေက ဘယ်အရာနဲ့မဆို ၎င်းတို့လိုချင်တက်မက်တဲ့ပုံစံအတိုင်း ဖန်တီးရေးဆွဲနိုင်ကြပါတယ် ။ စာရွက် ၊ ခဲတံ နှင့် ရောင်စုံတွေရှိနေမှ မဟုတ်ပါဘူး ။

ဒီတစ်ခေါက်မှာလည်း ဂျပန်နိုင်ငံကပန်ချီဆရာတစ်ဦးဟာ Instagram မှာ ‘ Lito Leaf art ‘ ဆိုတဲ့ အမည်နဲ့ သူ၏အနုပညာဖန်တီးရေဆွဲထားတဲ့ပုံတွေကို ဝေမျှခဲ့ပါတယ် ။

အဲတာကတော့ သစ်ရွက်လေးတွေကို အပေါက်လေးတွေဖောက်ပြီး တိရစ္ဆာန်ပုံတွေ ၊ လူနေအိမ်ပုံတွေ နဲ့ ပင်လယ် သမုဒ္ဒရာ နှင့် သဘာဝပတ်ဝန်းကျင်တွေကို ပုံဖော်ဖန်တီးထားတာပဲ ဖြစ်ပါတယ် ။ အဆိုပါဖန်တီးမှုတွေဟာ အနုစိတ်လွန်းလို့ အချိန်အတော်လေးယူရပါတယ် ။

အခုလို သစ်ရွက်တွေကို ဖြတ်ပြီးပုံဖော်မှုမလုပ်ခင် ၊ စာရွက်တွေကိုသာ အသုံးပြုခဲ့ပါတယ် ၊ ဒါပေမဲ့ ဒီလောက်ကြီး စိတ်ဝင်စားမှုမရှိခဲ့ပါဘူး ၊ စပိန်နိုင်ငံက ပန်းချီဆရာတစ်ယောက်ရဲ့ သစ်ရွက်တွေနဲ့ဖန်တီးပုံဖော်ထားတဲ့ ရုပ်ပုံတွေကိုမြင်တော့ကျွန်တော် အတော်လေးအံ့သြမိပြီး

ဒီလိုဖန်တီးမှုမျိုးစလုပ်မိခဲ့တာပါ ‘ ဆိုပြီး ပန်ချီဆရာက ပြောပြခဲ့ပါတယ် ။ အခုဆိုရင်တော့ ပန်းချီဆရာ Lito ဟာ Instagram မှာ follower ပေါင်း 27k ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ် ။

ယခုလိုဖန်တီးမှုမျိုး ဆက်လက်ပြီး ပြုလုပ်သွားမည်ဖြစ်ကြောင်း ပန်းချီဆရာက ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)