စိတ်ကောက်နေတဲ့ချစ်သူလေးကို ချော့လို့ရမယ့် နည်းလမ်းတွေ

စုံတွဲလေးတို့ရေ ချစ်သူတွေကြားမှာ စိတ်ကောက်နေပြီး ချော့ဖို့ နည်းလမ်းလေးတွေ ရှာနေတယ်ဆိုရင်တော့ ဒီအချက်လေးတွေအတိုင်း ချော့ကြည့်ပါနော်။

ချစ်သူသမီးရည်းစားဘဝမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုးစိတ်ကောက်ကြတာမျိုး ရှိကြမှာပါ။ စုံတွဲတိုင်းမှာ ရှိပါတယ်။ စိတ်ကောက်စိတ်ဆိုးနေပြီဆိုရင်တော့ ချော့တတ်ဖို့ လိုပါတယ်။ စုံတွဲလေးတို့ ကြားထဲမှာ စိတ်ကောက်လို့ ချော့တာတွေ မရှိဘူးဆိုရင် လမ်းခွဲကြတဲ့အထိ ဖြစ်လာနိုင်တယ်နော်။ ဒီလိုတွေ မဖြစ်ရအောင် ချော့လို့ရမယ့် နည်းလမ်းတွေ ပြောပြမယ်နော်။

မသိချင်ယောင် မဆောင်ပါနဲ့

တချို့က စိတ်ကောက်နေတာကို မသိချင်ယောင်ဆောင်ပြီး မချော့တာမျိုးတွေ ရှိပါတယ်။ အဲဒီလို မလုပ်မိပါစေနဲ့နော်။ စိတ်ကောက်တာကို သိတယ်ဆိုရင် ချော့ပါ။ မသိချင်ယောင်ဆောင်ပြီး နေ့ရက်တွေ ကျော်ဖြတ်တာမျိုး မလုပ်ပါနဲ့။ အတင်းသာလိုက်ချော့လိုက်ပါ။

တောင်းပန်ပါ

အမှားလုပ်ထားမိလို့ စိတ်ကောက်တယ်၊ စိတ်ဆိုးတယ်ဆိုရင် ချက်ချင်းပဲ တောင်းပန်ပါ။ ဘာကြောင့် စိတ်ဆိုးနေတာလဲဆိုတာ သေချာသိပြီဆိုရင် တခြားနည်းလမ်းတွေ မစဉ်းစားမိခင်မှာ အရင်ဆုံး တောင်းပန်ပါ။ အဲဒီလိုဆိုရင် စိတ်ကောက်ပြေသွားနိုင်ပါတယ်။

Surprise သေးသေးလေး လုပ်ပါ

ရုပ်ရှင်လက်မှတ် သူ့ဆီ ပို့ပေးလိုက်တာမျိုး၊ သူလိုချင်တာလေး တစ်ခုခု Deliver နဲ့ ပို့ပေးလိုက်တာမျိုးလေး လုပ်ပါ။ စကားချိုချိုသာသာလေးတွေလည်း ပြောပါ၊ စာတိုလေးတွေ ပို့ပါ “ကောင်မလေးတစ်ယောက် စိတ်ကောက်နေတယ် ဒီညနေမှ စိတ်ကောက်မပြေရင် ရုပ်ဆိုးမှာနော်” အဲ့လို စာသားအလန်းစားလေးတွေ ပို့ပေးပါ။

စိတ်ရှည်ပါ

စိတ်ကောက်နေတဲ့အချိန်မှာ ကိုယ့်ဘက်က စိတ်ရှည်ပါ။ ဖုန်းချပစ်တာမျိုးတွေ ရှိလည်း ခေါ်ပါ။ မကိုင်လို့ ချပစ်နေတာပဲမို့ဆိုပြီး ထပ်မခေါ်တာတွေက ပြဿနာတွေကို ပိုကြီးထွားစေပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်ထားပြီး ချော့ပါ။ သူ့အလုပ်ကို သွားကြိုတာမျိုးလေးတွေလည်း လုပ်လိုက်ပါ။

ပိုချစ်ပြပါ

ရန်ဖြစ်လေ ပိုချစ်လေ ဆိုသလိုပဲ စိတ်ကောက်ပြီးနောက်မှ ပြန်ချစ်နိုင်ဖို့အတွက် စိတ်ကောက်နေချိန်မှာ ပိုချစ်ပြပါ။ ဒါဟာ အကောင်းဆုံး နည်းလမ်းပါပဲနော်။ ပိုချစ်ပြလိုက်မယ်ဆိုရင် စိတ်ကောက်နေတဲ့သူလည်း စိတ်ပြေပြီး ပိုပြီးတော့လည်း အချစ်တိုးလာမှာပါနော်။

စုံတွဲလေးတို့ရေ ချစ်သူတွေကြားမှာ စိတ်ကောက်နေပြီး ချော့ဖို့ နည်းလမ်းလေးတွေ ရှာနေတယ်ဆိုရင်တော့ ဒီအချက်လေးတွေအတိုင်း ချော့ကြည့်ပါနော်။