Celebrity

ဘဘဦးမိုးဒီ၊ ဦးကံပွင့်၊ မကြူတို့ကို ကြော်ငြာခေါ်ရိုက်ပြီး ဆန်၊ ဆီ၊ ငွေကြေးတို့နဲ့ပါ ဂါရ၀ပြုကန်တော့ခဲ့တဲ့ ဖြူဖြူထွေး

အသက်ငယ်ငယ်လေးပဲရှိသေးပေမယ့် ပရိသတ်အများအပြားရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ဖြူဖြူထွေးကတော့ အနုပညာနယ်ပယ်မှာနေရာတစ်နေရာရရှိလာပြီဖြစ်ပါတယ်။ ဖြူဖြူထွေးက အခုနောက်ပိုင်းမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း

ပါဝင်သရုပ်ဆောင်လာရသလို ကြော်ငြာတွေအများအပြားကိုလည်း လက်ခံရိုက်ကူးနေရတာဖြစ်ပါတယ်။ ဖြူဖြူထွေးက စိတ်ထားလေးလည်းဖြူစင်ပြီး ပွင့်လင်းရိုးသားသူလေးဖြစ်လို့ ပရိသတ်တွေက သူမစိတ်ဓာတ်လေးကို ချစ်နေကြတာဖြစ်ပါတယ်။ မိဘအပေါ်

မှာလည်း သိတတ်လိမ္မာပြီး တင့်တောင်းတင့်တယ်နဲ့လိုလေသေးမရှိအောင် စောင့်ရှောက်ပေးတာပါနော်။ဖြူဖြူထွေးရဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေက ပိုပြီးလေးစားကာချီးကျူးနေကြတာဖြစ်ပါတယ်။ လတ်တလောမှာဆိုရင်လည်း ဖြူဖြူထွေးက ကြော်ငြာ

တွေအများအပြားရိုက်ကူးနေရပြီး လက်ရှိအခြေအနေမှာ အနုပညာအလုပ်တွေရှားပါးနေတဲ့ဇာတ်ပို့သရုပ်ဆောင်တွေကိုလည်း သူမနဲ့အတူခေါ်ရိုက်နေတာဖြစ်ပါတယ်။ အခုဆိုရင်လည်း ဦးမိုးဒီ၊ဦးကံပွင့်နဲ့မကြူတို့ကိုခေါ်ပြီး ကြော်ငြာအတူတူရိုက်ကူးကြကာ ဆန်၊

ဆီ၊ငွေကြေးတို့နဲလည်း တတ်နိုင်သလောက်လေးကန်တော့ခဲ့သေးတဲ့ဖြူဖြူထွေးရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်….။

Close