Local

ရုပ်အဆင်း လှပစေသော ကုသိုလ် (၄) မျိုး

ရုပ်အဆင်း လှပစေသော ကုသိုလ် (၄) မျိုး


လူ၊ နတ်၊ ဗြဟ္မာ ဖြစ်လေရာ ဘဝတို့တွင်သူတစ်ပါးထက် ရုပ်အဆင်း လှပ လိုသူတို့သည်ကောင်းမှု ( ၄ ) ပါး ကိုပြုကြရမည် ဟု ကျမ်းဂန်တို့ ၌ဆိုကြ၏ ။ ထိုကောင်းမှု ( ၄ ) ခုသည်ကား……

၁။ အဝတ်အစား , သင်္ကန်း လှူဒါန်းခြင်း

၂။ အစာအဟာရ လှူဒါန်းခြင်း

၃။ ဒေါသကို ချုပ်တည်း၍ မေတ္တာပွားခြင်း

၄။ တံမြတ်လှည်းခြင်း

ဤ( ၄)ပါးသည် ရုပ်အဆင်းလှပခြင်း၏အကြောင်းရင်း ဖြစ်လေ၏ ။

ထိုကုသိုလ်( ၄ )ပါးကိုပြုပါကရုပ်အဆင်းလှပခြင်းအပြင်သက်ဆိုင်ရာကောင်းကျိုးများကိုလဲ ထပ်မံရသေး၏။

ထိုကြောင့် ဤ ( ၄ ) ပါးသော ကုသိုလ်တို့ကို ဖြစ်လေရာ ဘဝတိုင်းသူတစ်ပါးထက် ရုပ်အဆင်းလှလိုသူတို့သည်မလွဲ မသွေ ပြုကြရပေမည်။

တစ်ချို့လူတွေကရုပ်လှတယ် စိတ်မလှဘူး ။

ဒီစိတ်ကြောင့်ပဲ ရုပ်ဘယ်လောက်ပဲလှလှသူများတွေရဲ့ မေတ္တာတွေကိုရသင့်သလောက် မရကြတော့ဘူး ။

တစ်ချို့လူတွေကရုပ်ဆိုးတယ် စိတ်ထားဖြူတယ် ။

ဒီစိတ်တွေကြောင့်ပဲဘယ်လောက် ရုပ်ဆိုးရုပ်ဆိုးသူတစ်ခုခု လိုအပ်လာရင် ကူညီမယ့်သူတွေအဆင်သင့်နဲ့ သူ့အနားမှာ ဝန်းရံသူတွေပေါများတတ်တယ် ။

တစ်ချို့လူတွေကရုပ်လည်းမလှဘူး စိတ်လည်းမလှဘူး ။

ဒါကြောင့်ပဲ ဘယ်သူနဲ့မှ အဆင်မပြေပဲတလောကလုံးကို အပြစ်မြင်ပြီးပူလောင်နေရတယ် ။

ရုပ်လှပြီး စိတ်လှဖို့ ဆိုတာကလည်းဘဝပေးကုသိုလ်ကံ ကောင်းလေးကောင်းခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ် ။

ဒါပေမယ့် အရင်ဘဝကဘာကောင်းခဲ့ ကောင်းခဲ့မကောင်းခဲ့ မကောင်းခဲ့….

ဒီဘဝမှာ ရသင့်ရထိုက်တဲ့ ရုပ်ရည်ကတော့ပြုပြင်လို့မရရင် စိတ်ကလေးကိုတော့ကောင်းတာ မလုပ်နိုင်သေးရင် သူများကို ဒုက္ခမပေးမိအောင်နေ။

လူ့တန်ဖိုးဆိုတာရုပ်ရည် ငွေကြေးအပေါ်ကနေအပေါ်ယံရှပ်ကြည့်လို့ မသိရဘူး ။

တန်ဖိုးတက်အောင်မနေနိုင်သေးရင်တောင် ကိုယ်ကျင့်တရား အပိုင်းမှာ တန်ဖိုးကျအောင် မနေနဲ့။

စိတ်ပေါ့ပါးရင် ရုပ်ကြည်တယ် ။စိတ်ကောင်းရှိရင် ကံကောင်းတယ် ။

စိတ်မကောင်းနိုင်သေးရင်တောင်စိတ်မယုတ်ညံ့နဲ့ ။

ကိုယ်ဒေါသထွက်ချိန်အငြိုးတေးကြီးချိန် တုန်းကလည်းတအားကို ပူလောင်ပြီး ရုပ်ကျခဲ့ရတဲ့အချိန်အခိုက်တန့် ရှိခဲ့ဖူးတယ် ။

အဓိကကတော့ စိတ်ထား ပေါ့ပါးသွားရင်အရာအားလုံးက ပေါ့ပေါ့ပါးပါး ဖြစ်သွားမှာပါ…။

အရှင်သူရိယ ပြန်လည်မျှဝေသည်

Zawgyi

႐ုပ္အဆင္း လွပေစေသာ ကုသိုလ္ (၄) မ်ိဳး


လူ၊ နတ္၊ ျဗဟၼာ ျဖစ္ေလရာ ဘဝတို႔တြင္သူတစ္ပါးထက္ ႐ုပ္အဆင္း လွပ လိုသူတို႔သည္ေကာင္းမႈ ( ၄ ) ပါး ကိုျပဳၾကရမည္ ဟု က်မ္းဂန္တို႔ ၌ဆိုၾက၏ ။ ထိုေကာင္းမႈ ( ၄ ) ခုသည္ကား……

၁။ အဝတ္အစား , သကၤန္း လႉဒါန္းျခင္း

၂။ အစာအဟာရ လႉဒါန္းျခင္း

၃။ ေဒါသကို ခ်ဳပ္တည္း၍ ေမတၱာပြားျခင္း

၄။ တံျမတ္လွည္းျခင္း

ဤ( ၄)ပါးသည္ ႐ုပ္အဆင္းလွပျခင္း၏အေၾကာင္းရင္း ျဖစ္ေလ၏ ။

ထိုကုသိုလ္( ၄ )ပါးကိုျပဳပါက႐ုပ္အဆင္းလွပျခင္းအျပင္သက္ဆိုင္ရာေကာင္းက်ိဳးမ်ားကိုလဲ ထပ္မံရေသး၏။

ထိုေၾကာင့္ ဤ ( ၄ ) ပါးေသာ ကုသိုလ္တို႔ကို ျဖစ္ေလရာ ဘဝတိုင္းသူတစ္ပါးထက္ ႐ုပ္အဆင္းလွလိုသူတို႔သည္မလြဲ မေသြ ျပဳၾကရေပမည္။

တစ္ခ်ိဳ႕လူေတြက႐ုပ္လွတယ္ စိတ္မလွဘူး ။

ဒီစိတ္ေၾကာင့္ပဲ ႐ုပ္ဘယ္ေလာက္ပဲလွလွသူမ်ားေတြရဲ႕ ေမတၱာေတြကိုရသင့္သေလာက္ မရၾကေတာ့ဘူး ။

တစ္ခ်ိဳ႕လူေတြက႐ုပ္ဆိုးတယ္ စိတ္ထားျဖဴတယ္ ။

ဒီစိတ္ေတြေၾကာင့္ပဲဘယ္ေလာက္ ႐ုပ္ဆိုး႐ုပ္ဆိုးသူတစ္ခုခု လိုအပ္လာရင္ ကူညီမယ့္သူေတြအဆင္သင့္နဲ႔ သူ႔အနားမွာ ဝန္းရံသူေတြေပါမ်ားတတ္တယ္ ။

တစ္ခ်ိဳ႕လူေတြက႐ုပ္လည္းမလွဘူး စိတ္လည္းမလွဘူး ။

ဒါေၾကာင့္ပဲ ဘယ္သူနဲ႔မွ အဆင္မေျပပဲတေလာကလုံးကို အျပစ္ျမင္ၿပီးပူေလာင္ေနရတယ္ ။

႐ုပ္လွၿပီး စိတ္လွဖို႔ ဆိုတာကလည္းဘဝေပးကုသိုလ္ကံ ေကာင္းေလးေကာင္းခဲ့တာလည္း ျဖစ္ခ်င္ျဖစ္မယ္ ။

ဒါေပမယ့္ အရင္ဘဝကဘာေကာင္းခဲ့ ေကာင္းခဲ့မေကာင္းခဲ့ မေကာင္းခဲ့….

ဒီဘဝမွာ ရသင့္ရထိုက္တဲ့ ႐ုပ္ရည္ကေတာ့ျပဳျပင္လို႔မရရင္ စိတ္ကေလးကိုေတာ့ေကာင္းတာ မလုပ္ႏိုင္ေသးရင္ သူမ်ားကို ဒုကၡမေပးမိေအာင္ေန။

လူ႔တန္ဖိုးဆိုတာ႐ုပ္ရည္ ေငြေၾကးအေပၚကေနအေပၚယံရွပ္ၾကည့္လို႔ မသိရဘူး ။

တန္ဖိုးတက္ေအာင္မေနႏိုင္ေသးရင္ေတာင္ ကိုယ္က်င့္တရား အပိုင္းမွာ တန္ဖိုးက်ေအာင္ မေနနဲ႔။

စိတ္ေပါ့ပါးရင္ ႐ုပ္ၾကည္တယ္ ။စိတ္ေကာင္းရွိရင္ ကံေကာင္းတယ္ ။

စိတ္မေကာင္းႏိုင္ေသးရင္ေတာင္စိတ္မယုတ္ညံ့နဲ႔ ။

ကိုယ္ေဒါသထြက္ခ်ိန္အၿငိဳးေတးႀကီးခ်ိန္ တုန္းကလည္းတအားကို ပူေလာင္ၿပီး ႐ုပ္က်ခဲ့ရတဲ့အခ်ိန္အခိုက္တန႔္ ရွိခဲ့ဖူးတယ္ ။

အဓိကကေတာ့ စိတ္ထား ေပါ့ပါးသြားရင္အရာအားလုံးက ေပါ့ေပါ့ပါးပါး ျဖစ္သြားမွာပါ…။

အရွင္သူရိယ ျပန္လည္မွ်ေဝသည္

Close