













Victor – Trend Myanmar

unicode

ကောင်မလေးတွေ ကိုယ့်ချစ်သူ ကောင်လေးဆီက မကြားချင်တဲ့ အရာများ

အေးချမ်းတဲ့ ချစ်သူစုံဘဝ ပိုင်ဆိုင်လိုသူတွေအတွက် မိမိချစ်သူကောင်မလေးအား လုံးဝ ထည့်မပြောသင့်တဲ့ စကားတွေရှိနေပါတယ်။

ကိုယ်ကဒါတွေ ပြောလိုက်လို့ တစ်ဖက်လူ စိတ်ကသိကအောင့် ဖြစ်သွားပြီ ဆိုရင် နှစ်ဦးသား ပျော်ရွှင်နေရာကနေ ပြသနာဖြစ်သွားနိုင်တဲ့အထိ ကြီးမားသွားနိုင်တာမို့ ဒီလိုစကားလေးတွေ မပြောဖြစ်အောင် သတိထားလိုက်ပါ။

Ø နင်အဲဒီအင်္ကျီနဲ့ဆို ကြည့်ရတာ ဝနေသလိုပဲ။

Ø နင့်အမေက နင့်ညီမထက်တောင် ပိုနုနေသလိုပဲ။

Ø သူငယ်ချင်းတွေနဲ့ ရှိတဲ့အချိန်က ဘဝမှာ အပျော်ရွှင်ဆုံးအချိန်တွေပဲ။

Ø ဘောလုံးပွဲရှိလို့ ဒီနေ့ အပြင်မထွက်ချင်ဘူး။

Ø နင်က ငါ့အရင်ထားခဲ့တဲ့ ချစ်သူဟောင်းကို တစ်ခါတစ်ခါ သတိရစေတယ်။

Ø ငါ့အမေဟင်းချက်တာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ။

Ø နင့်သူငယ်ချင်းတွေကို ငါသိပ်သဘောမကျဘူး။

Ø အိုး… ဟိုကောင်မလေး သိပ်မိုက်တာပဲ။

Ø အလှပြင်ဖို့ ဘာလို့ အဲ့ဒီလောက်အချိန်ပေးရတာလဲ။

ကဲ ဒီလိုစကားမျိုးတွေ ပြောမယ့်အစား သင့်စိတ်ထဲ သူ့ကို ဘယ်လောက်ကြွေရတယ်ဆိုတာလေး အစားထိုးပြီးတော့သာ သင့်ကောင်မလေးကို ပြောလိုက်ပေတော့။

Victor – Trend Myanmar