Knowledge

မိုး႐ြာတာကို ႀကိဳက္ႏွစ္သက္တဲ့သူေတြရဲ႕ ကိုယ္ရည္ကိုယ္ေသြးမ်ာ

မိုး႐ြာတာကို ႀကိဳက္ႏွစ္သက္တဲ့သူေတြရဲ႕ ကိုယ္ရည္ကိုယ္ေသြးမ်ာ;
မိုးစက္ေလးေတြ ေကာင္းကင္ေပၚက ေႂကြက်လာတာကို တခုပ္တယနဲ႔ ဖမ္းဆုပ္ဖူးတဲ့ မိုးခ်စ္သူေတြရွိလား။ မိုးစက္ေလးေတြ ေျမျပင္ေပၚက်ေနတဲ့အသံကို စာအုပ္တစ္အုပ္၊ ေကာ္ဖီတစ္ခြက္နဲ႔ နားေထာင္ရတဲ့အရသာကို ႀကိဳက္ႏွစ္သက္တဲ့သူမ်ား ရွိလား။ မိုးၿခိမ္းသံေတြၾကားမွ ပိုအိပ္ေပ်ာ္တယ္ဆိုတဲ့သူေတြေရာ ရွိလား။ လွ်ပ္စီးေၾကာင္းေတြကို နတ္ဘုရားရဲ႕လွပတဲ့ဖန္ဆင္းမႈတစ္ခုလို႔ေတြးၿပီး ေငးၾကည့္ဖူးလား။

သူမ်ားေတြ မိုး႐ြာလို႔ ေရစိုလို႔ စိတ္ညစ္ညဴးေနတဲ့အခ်ိန္ သင္ကမိုးေရထဲ ကခုန္ခ်င္တဲ့သူတစ္ေယာက္လား။ ဒါဆိုရင္ေတာ့ ေသခ်ာပါတယ္။ သင္က မိုးခ်စ္သူပါပဲ။ မိုး႐ြာတာကို ႀကိဳက္ႏွစ္သက္တဲ့သူအမ်ားစုဟာ ဘဝမွာ ေပ်ာ္႐ႊင္တဲ့သူေတြျဖစ္ၾကတယ္လို႔ ဆိုၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့…..

☔ ႀကဳံလာတဲ့အရာေတြအေပၚ အေလးအနက္စဥ္းစားတတ္တယ္

မိုးခ်စ္သူေတြဟာ မိုးရဲ႕အေသးစိတ္အေၾကာင္းအရာေလးေတြကအစ ႀကိဳက္ၾကတယ္။ တေဖ်ာက္ေဖ်ာက္ က်ေနတဲ့ မိုးေပါက္ေလးေတြရဲ႕အသံ၊ သစ္လြင္လတ္ဆတ္တဲ့ မိုးနံ႔ေလနံ႔၊ အသားအေရေပၚ ျပဳတ္က်လာတဲ့ မိုးေရစက္ေတြရဲ႕ အထိအေတြ႕၊ လွပ္ခနဲ ျဖစ္သြားတဲ့ လွ်ပ္စီးေၾကာင္းေတြရဲ႕ အခက္အလက္ေတြကအစ သေဘာက်ေနတတ္ၾကတာ။ အဲလိုလူေတြဟာ ဘယ္အရာကို လုပ္လုပ္ အေလးအနက္ စဥ္းစားၾကတယ္။ တစ္ခါတေလ ေလးနက္လြန္းလို႔ေတာင္ အခ်ိန္ျဖဳန္းသလို ျဖစ္ေနတတ္တယ္။ ႀကဳံလာတဲ့ အရာေတြကို ေလးေလးနက္နက္စဥ္းစားၿပီး တစိမ့္စိမ့္ ခံစားေနတတ္သူေတြျဖစ္ပါတယ္။ အဲလို ခံစားေနရတာကို ေပ်ာ္ေနတတ္ၾကသူေတြေလ။

☔ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိတယ္

စဥ္းစားၾကည့္ပါ။ အသက္အ႐ြယ္ရေနၿပီျဖစ္တဲ့ လူတစ္ေယာက္က ေလးႏွစ္သားကေလးလို မိုးေရထဲမွာ ေဆာ့ကစားေနတယ္ဆိုတာ သူဟာ ပတ္ဝန္းက်င္ရဲ႕အျမင္ကို ဂ႐ုမစိုက္လို႔ပါ။ မိုး႐ြာတာကို ခ်စ္တဲ့သူေတြဟာ မိုးကိုခ်စ္ရတာကို ဂုဏ္ယူေနတတ္ၾကတာ။ ဘာေတြပဲ ခံစားေနရပါေစ မိုးေရနဲ႔ထိေတြ႕တဲ့အခါ ေပ်ာ္႐ႊင္ေနတတ္ၾကတာ။ မိုးေၾကာင့္ ဆံပင္ေတြစိုသြားမွာ၊ မိတ္ကပ္ေတြပ်က္သြားမွာကို ဂ႐ုမစိုက္သူေတြေပါ့။ မိုးေရေတြ စိုသြားလည္း ကိုယ့္အလွကိုယ္ ယုံၾကည္မႈရွိေနတုန္းပဲမို႔ေလ။

☔ ခက္ခဲတဲ့အခ်ိန္ေတြကို အလြယ္တကူ ေက်ာ္ျဖတ္ႏိုင္တယ္

မိုး႐ြာၿပီးသြားရင္ ပန္းေတြပြင့္လာမယ္ဆိုတာကို မိုးခ်စ္သူေတြက နားလည္ၾကတယ္ေလ။ သင့္ရဲ႕ဘဝမွာ ခက္ခဲၾကမ္းတမ္းတဲ့ အခ်ိန္ေတြႀကဳံေနရတဲ့အခါ မိုးခ်စ္သူေတြေျပာေလ့ရွိတာက “ၿပီးသြားမွာပါ” လို႔ ေလသံေအးေအးေလးနဲ႔ ႏွစ္သိမ့္မယ့္သူေတြေပါ့။ တကယ္ေတာ့ သူတို႔ေတြဟာ အခြင့္အေရးေကာင္းေတြကို ဖမ္းဆုပ္ႏိုင္ဖို႔ စိန္ေခၚမႈေတြ လိုအပ္တယ္ဆိုတာကို သိၾကတယ္။ မိုးမ႐ြာဘူးဆိုရင္ သက္တံ့ကို မေတြ႕ႏိုင္ဘူး မဟုတ္လား။

☔ ရႈေထာင့္မ်ိဳးစုံကေန ေတြးတတ္တယ္

မိုးရာသီကို တကယ္ႀကိဳက္ႏွစ္သက္တဲ့သူေတြဟာ ရာသီဥတုေတြေၾကာင့္ ေၾကာက္လန႔္ေနမယ့္သူေတြ မဟုတ္ပါဘူး။ ဒါက ေရစက္ကေလးေတြေလ၊ ဇြန္ဘီးေတြမိုးေပၚကက်လာၿပီး ကမာၻပ်က္ကိန္းစိုက္ေနတာမွ မဟုတ္တာ။ မိုးခ်စ္သူေတြဟာ သဘာဝရဲ႕စစ္မွန္ျခင္းေတြကို ေကာင္းတဲ့ရႈေထာင့္ကေန ရႈျမင္တတ္တဲ့သူေတြေပါ့။ တကယ္လို သင္ရဲ႕အေတြးအျမင္ရႈေထာင့္အေၾကာင္း ေဆြးေႏြးခ်င္ရင္ မိုးခ်စ္သူေတြကိုသာ ရွာၿပီးေျပာလိုက္ပါ။ သင့္ေျပာတဲ့ ရႈေထာင့္ကို ပိုၿပီးနစ္ဝင္စီးေျမာသြားေအာင္ ျဖည့္စြက္ေပးမယ့္သူေတြေပါ့။

☔ ဝမ္းနည္းျခင္းထဲက အလွတရားကို ျမင္ႏိုင္တယ္

မိုး႐ြာလိုက္တဲ့အခါ ပတ္ဝန္းက်င္ဟာ သန္႔ရွင္းသြားၿပီး သဘာဝတရားဟာ အသစ္တစ္ဖန္ေမြးဖြားလာတယ္။ သဲႀကီးမဲႀကီး ငိုၿပီးတဲ့အခါ စိတ္ေတြ ၾကည္လင္သြားတဲ့ ခံစားမႈမ်ိဳးေပါ့။ မိုး႐ြာတာကို တကယ္ႏွစ္သက္တဲ့သူေတြဟာ ငိုရတာကိုေတာင္ ႀကိဳက္ၾကတာဗ်ာ။ မိုး႐ြာရင္ကို အလိုလို ငိုခ်င္လာေရာ။ သူတို႔ကို သြားၾကည့္လိုက္။ ဝမ္းနည္းေနရလို႔ လဲက်သြားမယ္မထင္နဲ႔။ မ်က္ရည္ေတြၾကားက ၿပဳံးေနမယ့္သူေတြ။ တစ္နည္းေျပာရရင္ အဆိုးထဲက အေကာင္းေတြကို ရွာေဖြတတ္သူေတြေပါ့။

☔ ပစၥဳပၸန္တည့္တည့္မွာ အသက္ရွင္တယ္

မိုး႐ြာတဲ့အခါ မိုးေတြထဲမွာ ခုန္ေပါက္ေပ်ာ္ပါးေနဖို႔ကလြဲလို႔ ဘာမွမေတြးဘူး။ အတိတ္ရဲ႕နာက်င္မႈလည္း မရွိသလို၊ အနာဂတ္အတြက္ ပူပမ္ေသာကလည္း မရွိဘူး။ ပစၥဳပၸန္တည့္တည့္မွာ က်လာေနတဲ့ မိုးစက္ေတြရဲ႕ အထိအေတြ႕ကိုသာ ခံစားေနတတ္တယ္။ မိုးရာသီကို ႀကိဳက္ႏွစ္သက္သူေတြဟာ အသက္ရွင္ေနတဲ့အခ်ိန္ေလးမွာ ေပ်ာ္႐ႊင္ေအာင္ေနတတ္ၾကတယ္။

ေပ်ာ္႐ႊင္တဲ့သူတိုင္းဟာ မိုးရာသီကိုခ်စ္တဲ့သူေတြလို႔ မဆိုလိုပါဘူး။ သို႔ေပမယ့္ မိုးရာသီကိုခ်စ္တဲ့သူအမ်ားစုကေတာ့ ေပ်ာ္႐ႊင္တတ္သူေတြ ျဖစ္ပါတယ္။

Ref; lifehack.org

Paulina

UNICODE

မိုးရွာတာကို ကြိုက်နှစ်သက်တဲ့သူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးမျာ
မိုးစက်လေးတွေ ကောင်းကင်ပေါ်က ကြွေကျလာတာကို တခုပ်တယနဲ့ ဖမ်းဆုပ်ဖူးတဲ့ မိုးချစ်သူတွေရှိလား။ မိုးစက်လေးတွေ မြေပြင်ပေါ်ကျနေတဲ့အသံကို စာအုပ်တစ်အုပ်၊ ကော်ဖီတစ်ခွက်နဲ့ နားထောင်ရတဲ့အရသာကို ကြိုက်နှစ်သက်တဲ့သူများ ရှိလား။ မိုးခြိမ်းသံတွေကြားမှ ပိုအိပ်ပျော်တယ်ဆိုတဲ့သူတွေရော ရှိလား။ လျှပ်စီးကြောင်းတွေကို နတ်ဘုရားရဲ့လှပတဲ့ဖန်ဆင်းမှုတစ်ခုလို့တွေးပြီး ငေးကြည့်ဖူးလား။

သူများတွေ မိုးရွာလို့ ရေစိုလို့ စိတ်ညစ်ညူးနေတဲ့အချိန် သင်ကမိုးရေထဲ ကခုန်ချင်တဲ့သူတစ်ယောက်လား။ ဒါဆိုရင်တော့ သေချာပါတယ်။ သင်က မိုးချစ်သူပါပဲ။ မိုးရွာတာကို ကြိုက်နှစ်သက်တဲ့သူအများစုဟာ ဘဝမှာ ပျော်ရွှင်တဲ့သူတွေဖြစ်ကြတယ်လို့ ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့…..

☔ ကြုံလာတဲ့အရာတွေအပေါ် အလေးအနက်စဉ်းစားတတ်တယ်

မိုးချစ်သူတွေဟာ မိုးရဲ့အသေးစိတ်အကြောင်းအရာလေးတွေကအစ ကြိုက်ကြတယ်။ တဖျောက်ဖျောက် ကျနေတဲ့ မိုးပေါက်လေးတွေရဲ့အသံ၊ သစ်လွင်လတ်ဆတ်တဲ့ မိုးနံ့လေနံ့၊ အသားအရေပေါ် ပြုတ်ကျလာတဲ့ မိုးရေစက်တွေရဲ့ အထိအတွေ့၊ လှပ်ခနဲ ဖြစ်သွားတဲ့ လျှပ်စီးကြောင်းတွေရဲ့ အခက်အလက်တွေကအစ သဘောကျနေတတ်ကြတာ။ အဲလိုလူတွေဟာ ဘယ်အရာကို လုပ်လုပ် အလေးအနက် စဉ်းစားကြတယ်။ တစ်ခါတလေ လေးနက်လွန်းလို့တောင် အချိန်ဖြုန်းသလို ဖြစ်နေတတ်တယ်။ ကြုံလာတဲ့ အရာတွေကို လေးလေးနက်နက်စဉ်းစားပြီး တစိမ့်စိမ့် ခံစားနေတတ်သူတွေဖြစ်ပါတယ်။ အဲလို ခံစားနေရတာကို ပျော်နေတတ်ကြသူတွေလေ။

☔ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်

စဉ်းစားကြည့်ပါ။ အသက်အရွယ်ရနေပြီဖြစ်တဲ့ လူတစ်ယောက်က လေးနှစ်သားကလေးလို မိုးရေထဲမှာ ဆော့ကစားနေတယ်ဆိုတာ သူဟာ ပတ်ဝန်းကျင်ရဲ့အမြင်ကို ဂရုမစိုက်လို့ပါ။ မိုးရွာတာကို ချစ်တဲ့သူတွေဟာ မိုးကိုချစ်ရတာကို ဂုဏ်ယူနေတတ်ကြတာ။ ဘာတွေပဲ ခံစားနေရပါစေ မိုးရေနဲ့ထိတွေ့တဲ့အခါ ပျော်ရွှင်နေတတ်ကြတာ။ မိုးကြောင့် ဆံပင်တွေစိုသွားမှာ၊ မိတ်ကပ်တွေပျက်သွားမှာကို ဂရုမစိုက်သူတွေပေါ့။ မိုးရေတွေ စိုသွားလည်း ကိုယ့်အလှကိုယ် ယုံကြည်မှုရှိနေတုန်းပဲမို့လေ။

☔ ခက်ခဲတဲ့အချိန်တွေကို အလွယ်တကူ ကျော်ဖြတ်နိုင်တယ်

မိုးရွာပြီးသွားရင် ပန်းတွေပွင့်လာမယ်ဆိုတာကို မိုးချစ်သူတွေက နားလည်ကြတယ်လေ။ သင့်ရဲ့ဘဝမှာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကြုံနေရတဲ့အခါ မိုးချစ်သူတွေပြောလေ့ရှိတာက “ပြီးသွားမှာပါ” လို့ လေသံအေးအေးလေးနဲ့ နှစ်သိမ့်မယ့်သူတွေပေါ့။ တကယ်တော့ သူတို့တွေဟာ အခွင့်အရေးကောင်းတွေကို ဖမ်းဆုပ်နိုင်ဖို့ စိန်ခေါ်မှုတွေ လိုအပ်တယ်ဆိုတာကို သိကြတယ်။ မိုးမရွာဘူးဆိုရင် သက်တံ့ကို မတွေ့နိုင်ဘူး မဟုတ်လား။

☔ ရှုထောင့်မျိုးစုံကနေ တွေးတတ်တယ်

မိုးရာသီကို တကယ်ကြိုက်နှစ်သက်တဲ့သူတွေဟာ ရာသီဥတုတွေကြောင့် ကြောက်လန့်နေမယ့်သူတွေ မဟုတ်ပါဘူး။ ဒါက ရေစက်ကလေးတွေလေ၊ ဇွန်ဘီးတွေမိုးပေါ်ကကျလာပြီး ကမ္ဘာပျက်ကိန်းစိုက်နေတာမှ မဟုတ်တာ။ မိုးချစ်သူတွေဟာ သဘာဝရဲ့စစ်မှန်ခြင်းတွေကို ကောင်းတဲ့ရှုထောင့်ကနေ ရှုမြင်တတ်တဲ့သူတွေပေါ့။ တကယ်လို သင်ရဲ့အတွေးအမြင်ရှုထောင့်အကြောင်း ဆွေးနွေးချင်ရင် မိုးချစ်သူတွေကိုသာ ရှာပြီးပြောလိုက်ပါ။ သင့်ပြောတဲ့ ရှုထောင့်ကို ပိုပြီးနစ်ဝင်စီးမြောသွားအောင် ဖြည့်စွက်ပေးမယ့်သူတွေပေါ့။

☔ ဝမ်းနည်းခြင်းထဲက အလှတရားကို မြင်နိုင်တယ်

မိုးရွာလိုက်တဲ့အခါ ပတ်ဝန်းကျင်ဟာ သန့်ရှင်းသွားပြီး သဘာဝတရားဟာ အသစ်တစ်ဖန်မွေးဖွားလာတယ်။ သဲကြီးမဲကြီး ငိုပြီးတဲ့အခါ စိတ်တွေ ကြည်လင်သွားတဲ့ ခံစားမှုမျိုးပေါ့။ မိုးရွာတာကို တကယ်နှစ်သက်တဲ့သူတွေဟာ ငိုရတာကိုတောင် ကြိုက်ကြတာဗျာ။ မိုးရွာရင်ကို အလိုလို ငိုချင်လာရော။ သူတို့ကို သွားကြည့်လိုက်။ ဝမ်းနည်းနေရလို့ လဲကျသွားမယ်မထင်နဲ့။ မျက်ရည်တွေကြားက ပြုံးနေမယ့်သူတွေ။ တစ်နည်းပြောရရင် အဆိုးထဲက အကောင်းတွေကို ရှာဖွေတတ်သူတွေပေါ့။

☔ ပစ္စုပ္ပန်တည့်တည့်မှာ အသက်ရှင်တယ်

မိုးရွာတဲ့အခါ မိုးတွေထဲမှာ ခုန်ပေါက်ပျော်ပါးနေဖို့ကလွဲလို့ ဘာမှမတွေးဘူး။ အတိတ်ရဲ့နာကျင်မှုလည်း မရှိသလို၊ အနာဂတ်အတွက် ပူပမ်သောကလည်း မရှိဘူး။ ပစ္စုပ္ပန်တည့်တည့်မှာ ကျလာနေတဲ့ မိုးစက်တွေရဲ့ အထိအတွေ့ကိုသာ ခံစားနေတတ်တယ်။ မိုးရာသီကို ကြိုက်နှစ်သက်သူတွေဟာ အသက်ရှင်နေတဲ့အချိန်လေးမှာ ပျော်ရွှင်အောင်နေတတ်ကြတယ်။

ပျော်ရွှင်တဲ့သူတိုင်းဟာ မိုးရာသီကိုချစ်တဲ့သူတွေလို့ မဆိုလိုပါဘူး။ သို့ပေမယ့် မိုးရာသီကိုချစ်တဲ့သူအများစုကတော့ ပျော်ရွှင်တတ်သူတွေ ဖြစ်ပါတယ်။

Ref; lifehack.org

Paulina