International

ကာကြယ္ေဆး ေဖာ္ထုတ္ႏုိင္တဲ႕ မည္သည့္ ဖိလစ္ပုိင္ႏုိင္ငံသားမဆုိ ပီဆုိ ၁၀ သန္း ( ကန္ေဒၚလာ ၂ သိန္းေက်ာ္) ခ်ီးျမွင့္မႈနဲ႕ အတူ ၊ ကုိဗစ္ ကာကြယ္ေဆး၀ယ္ဖုိ ့ အစုိးရ ပုိင္ဆုိင္မႈေတြ ထုတ္ေရာင္းမည္ဟု သမၼတ ဒူတာေတး ေျပာျပီ

ကာကြယ္ေဆး ေဖာ္ထုတ္ႏုိင္တဲ႕ မည္သည့္ ဖိလစ္ပုိင္ႏုိင္ငံသားမဆုိ ပီဆုိ ၁၀ သန္း ( ကန္ေဒၚလာ ၂ သိန္းေက်ာ္) ခ်ီးျမွင့္မႈနဲ႕ အတူ ၊ ကုိဗစ္ ကာကြယ္ေဆး၀ယ္ဖုိ ့ အစုိးရ ပုိင္ဆုိင္မႈေတြ ထုတ္ေရာင္းမည္ဟု သမၼတ ဒူတာေတး ေျပာျပီ

ဖိလစ္ပုိင္ႏုိင္ငံ အေန နဲ႔ ကုိရုိနာဗုိင္းရပ္စ္ ကာကြယ္ေဆး ေစ်းကြက္ကုိ ေရာက္ၿပီဆုိတာနဲ႔ ၀ယ္ယူႏုိင္ဖုိ ့အတြက္ ပုိင္ဆုိင္မႈ အခ်ဳိ႕ ကုိ ထုတ္ေရာင္းဖုိ ့ အသင့္ျပင္ ထားေၾကာင္း သမၼတရဲ႕ ေျပာေရး ဆုိခြင့္ရွိသူ ဟယ္ရီရုိေကြ က ေသာၾကာေန ့မွာ ေျပာဆုိ ပါ တယ္ ။COVID-19 ကာကြယ္ေဆး ၀ယ္ရၿပီဆုိတဲ့ အခ်ိန္မွာ မိမိတုိ ့အေန နဲ႔ အစုိးရပုိင္ဆုိင္မႈေတြ ကုိ ေရာင္းထုတ္ၿပီး ႏုိင္ငံသားေတြအတြက္ ကာကြယ္ေဆးေတြ ၀ယ္သြားမွာပါလုိ ့ မစၥတာရုိေကြက ႏုိင္ငံပုိင္ရုပ္သံ PTV-4 မွာ ေျပာဆုိခဲ့ပါတယ္။ ပစၥည္းဥစၥာထက္ လူ႕အသက္ ကုိ အရင္ ဦးစားေပးရမယ္ ဆုိတာ သမၼတႀကီးရဲ႕ ရပ္တည္ခ်က္ျဖစ္ေၾကာင္းလည္း ၄င္းက ေျပာဆုိပါတယ္။အေမရိကန္ ေဆး၀ါးကုမၸဏီႀကီး Pfizer နဲ႕ ယင္းရဲ႕ ဂ်ာမန္မိတ္ဖက္ BioNTech တုိ ့က စမ္းသပ္ေ န ခဲ့တဲ့ ကုိဗစ္ ကာကြယ္ေဆး ေလးမ်ဳိး အနက္ ပထမတစ္မ်ဳိးဟာ အားတက္ဖြယ္ ရလဒ္ေကာင္းေတြ ထြက္ ထား တယ္ လုိ ့ ထုတ္ျပန္ခ်က္ မွာ မစၥတာ ရုိေကြက ေျပာဆုိ ပါ တယ္။


ကနဦး ေတြ႕ရွိခ်က္ မ်ား အရ ကာကြယ္ေဆးဟာ ခုခံအားစနစ္ တုံ႕ျပန္မႈျဖစ္ေပၚေစကာ ဗုိင္းရပ္စ္ ကုိ တုိက္ဖ်က္ဖုိ ့ ခႏၶာကုိယ္ကုိ အသင့္ျဖစ္ေနေစတယ္လုိ ့ ဆုိပါတယ္။ တရုတ္ႏုိင္ငံရဲ႕ China National Biotec Group (CNBG) ကလည္း ကုိရုိနာဗုိင္းရပ္စ္ ကာကြယ္ေဆးတစ္မ်ဳိး ရဲ႕ အေစာပုိင္းအဆင့္ လူသားမွာ စမ္းသပ္မႈဟာ အေပါင္းလကၡဏာေဆာင္တဲ့ ရလဒ္ေတြ ေတြ႕ရွိထားတယ္လုိ ့ ၿပီးခဲ့တဲ့လမွာ ေၾကညာခဲ့ ပါတယ္ ။သမၼတ ရုိဒရီဂုိ ဒူတာေတး ဟာ ကုိဗစ္ ကာကြယ္ေဆး ထုတ္ႏုိင္ေရး ႀကိဳးပမ္းမႈေတြကုိ ေထာက္ခံေၾကာင္း အႀကိမ္ႀကိမ္ ေျပာဆုိထားခဲ့ကာ မၾကာခင္က ျပဳလုပ္ခဲ့တဲ့ အာဆီယံ ထိပ္သီးမွာလည္း ယင္း ကိစၥကုိ ထုတ္ေဖာ္ ေျပာဆုိထားခဲ့ ပါတယ္ ။

Police personnel hold up placards reminding people to stay at home amid concerns of the spread of the COVID-19 coronavirus in Manila on March 31, 2020. – The main Philippine island of Luzon, home to 55 million people which includes the capital Manila, is in the second week of a lockdown to contain the spread of the disease. (Photo by Maria TAN / AFP)

ကုိဗစ္ကာကြယ္ေဆး ရွာေဖြေဖာ္ထုတ္ႏုိင္တဲ့ မည္သည့္ ဖိလစ္ပုိင္ႏုိင္ငံသား မဆုိ ပီဆုိ ၁၀ သန္း ( ကန္ေဒၚလာ ၂ သိန္းေက်ာ္) ခ်ီးျမွင့္မယ္လုိ ့ ဒူတာေတးက ကမ္္းလွမ္းထားခဲ့ပါတယ္။ ကာကြယ္ေဆး ေတြ႕ရွိၿပီး အမ်ားျပည္သူကုိ ထုတ္ေရာင္းၿပီဆုိတဲ့ အခ်ိန္မွာ ကြာရန္တင္း သတ္မွတ္မႈေတြနဲ႕ ကန္႔သတ္ခ်က္ အားလုံးကုိ ဖယ္ရွားေပးသြားမယ္လုိ ့လည္း သမၼတ က ကတိေပးခဲ့ ပါတယ္။

Credit

UNICODE

ကာကွယ်ဆေး ဖော်ထုတ်နိုင်တဲ့ မည်သည့် ဖိလစ်ပိုင်နိုင်ငံသားမဆို ပီဆို ၁၀ သန်း ( ကန်ဒေါ်လာ ၂ သိန်းကျော်) ချီးမြှင့်မှုနဲ့ အတူ ၊ ကိုဗစ် ကာကွယ်ဆေးဝယ်ဖို့ အစိုးရ ပိုင်ဆိုင်မှုတွေ ထုတ်ရောင်းမည်ဟု သမ္မတ ဒူတာတေး ပြောပြီ

ဖိလစ်ပိုင်နိုင်ငံ အနေ နဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဈေးကွက်ကို ရောက်ပြီဆိုတာနဲ့ ဝယ်ယူနိုင်ဖို့အတွက် ပိုင်ဆိုင်မှု အချို့ ကို ထုတ်ရောင်းဖို့ အသင့်ပြင် ထားကြောင်း သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဟယ်ရီရိုကွေ က သောကြာနေ့မှာ ပြောဆို ပါ တယ် ။COVID-19 ကာကွယ်ဆေး ဝယ်ရပြီဆိုတဲ့ အချိန်မှာ မိမိတို့အနေ နဲ့ အစိုးရပိုင်ဆိုင်မှုတွေ ကို ရောင်းထုတ်ပြီး နိုင်ငံသားတွေအတွက် ကာကွယ်ဆေးတွေ ဝယ်သွားမှာပါလို့ မစ္စတာရိုကွေက နိုင်ငံပိုင်ရုပ်သံ PTV-4 မှာ ပြောဆိုခဲ့ပါတယ်။ ပစ္စည်းဥစ္စာထက် လူ့အသက် ကို အရင် ဦးစားပေးရမယ် ဆိုတာ သမ္မတကြီးရဲ့ ရပ်တည်ချက်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုပါတယ်။အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer နဲ့ ယင်းရဲ့ ဂျာမန်မိတ်ဖက် BioNTech တို့က စမ်းသပ်ေ န ခဲ့တဲ့ ကိုဗစ် ကာကွယ်ဆေး လေးမျိုး အနက် ပထမတစ်မျိုးဟာ အားတက်ဖွယ် ရလဒ်ကောင်းတွေ ထွက် ထား တယ် လို့ ထုတ်ပြန်ချက် မှာ မစ္စတာ ရိုကွေက ပြောဆို ပါ တယ်။

ကနဦး တွေ့ရှိချက် များ အရ ကာကွယ်ဆေးဟာ ခုခံအားစနစ် တုံ့ပြန်မှုဖြစ်ပေါ်စေကာ ဗိုင်းရပ်စ် ကို တိုက်ဖျက်ဖို့ ခန္ဓာကိုယ်ကို အသင့်ဖြစ်နေစေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ China National Biotec Group (CNBG) ကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုး ရဲ့ အစောပိုင်းအဆင့် လူသားမှာ စမ်းသပ်မှုဟာ အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေ တွေ့ရှိထားတယ်လို့ ပြီးခဲ့တဲ့လမှာ ကြေညာခဲ့ ပါတယ် ။သမ္မတ ရိုဒရီဂို ဒူတာတေး ဟာ ကိုဗစ် ကာကွယ်ဆေး ထုတ်နိုင်ရေး ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း အကြိမ်ကြိမ် ပြောဆိုထားခဲ့ကာ မကြာခင်က ပြုလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီးမှာလည်း ယင်း ကိစ္စကို ထုတ်ဖော် ပြောဆိုထားခဲ့ ပါတယ် ။

ကိုဗစ်ကာကွယ်ဆေး ရှာဖွေဖော်ထုတ်နိုင်တဲ့ မည်သည့် ဖိလစ်ပိုင်နိုင်ငံသား မဆို ပီဆို ၁၀ သန်း ( ကန်ဒေါ်လာ ၂ သိန်းကျော်) ချီးမြှင့်မယ်လို့ ဒူတာတေးက ကမ်းလှမ်းထားခဲ့ပါတယ်။ ကာကွယ်ဆေး တွေ့ရှိပြီး အများပြည်သူကို ထုတ်ရောင်းပြီဆိုတဲ့ အချိန်မှာ ကွာရန်တင်း သတ်မှတ်မှုတွေနဲ့ ကန့်သတ်ချက် အားလုံးကို ဖယ်ရှားပေးသွားမယ်လို့လည်း သမ္မတ က ကတိပေးခဲ့ ပါတယ်။

Credit

Close