Crime

ရဲေမ(၁၈)ေယာ က္ ကို အျမတ္ထု တ္ ခဲ့တဲ့ ျပစ္မႈထင္ရွား တဲ့ အတြက္ ေထာ င္(၃)ႏွစ္ အမိန႔္ခ်မွတ္ခံ လိုက္ရတဲ့ ရဲမႉးခ်ဳပ္

ရဲေမ(၁၈)ေယာ က္ ကို အျမတ္ထု တ္ ခဲ့တဲ့ ျပစ္မႈထင္ရွား တဲ့ အတြက္ ေထာ င္(၃)ႏွစ္ အမိန႔္ခ်မွတ္ခံ လိုက္ရတဲ့ ရဲမႉးခ်ဳပ္

ရာ ထူး တိုးေပးမည္ဟု ဆိုကာ လိင္ ပိုင္းဆိုင္ရာ အျမတ္ ထုတ္ခဲ့သည့္ ရဲရာထူး ခန႔္ခ်ဳပ္ကို ရာထူးမွ ထုတ္ပယ္ကာ ေထာင္ ဒဏ္သုံးႏွစ္ခ်မွတ္ လိုက္ေၾကာင္း ရဲတပ္ဖြဲ႕ အသိုင္းအဝိုင္းမွ သိရသည္။ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ ထိပ္တန္း ရဲအရာရွိႀကီး တစ္ဦးျဖစ္သည့္ ရဲရာထူးခန႔္ ခ်ဳပ္ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းကို ရဲတရား႐ုံး ျဖင့္ စစ္ေဆးၿပီး ရာထူးမွ ထုတ္ပယ္ကာ ေထာင္ဒဏ္ခ်မွတ္လိုက္ၿပီး ဇူလိုင္ ၃ ရက္ ညေနပိုင္းက ရမည္းသင္း အက်ဥ္းေထာင္ သို႔ ပို႔ေဆာင္ လိုက္ေၾကာင္း သိရသည္။


“ရဲတရား႐ုံးက အမႈကို အၿပီးသတ္ စစ္ေဆးၿပီး ေထာင္သုံးႏွစ္ ခ်လိုက္ပါတယ္။ ေထာင္ ကို ပို႔လိုက္ပါၿပီ။ ဇူလိုင္ ၃ ရက္ ညေန ၆ နာရီခြဲမွာ ရမည္းသင္း အခ်ဳပ္ ေထာင္ေရာက္ပါတယ္”ဟု အမည္မေဖာ္ လိုသည့္ ရဲအရာရွိတစ္ဦးက ေျပာဆို သည္။ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္း သည္ ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕ ရဲေလ့က်င့္ေရးဌာနႀကီး ရဲေလ့က်င့္ေရး အရာရွိခ်ဳပ္ အျဖစ္မွ ရဲရာထူးခန႔္ဌာနႀကီး ရဲရာထူးခန႔္ခ်ဳပ္ အျဖစ္ ၂၀၁၈ ခုႏွစ္ ဧၿပီ ၂၆ ရက္က ေျပာင္း ေ႐ႊ႕လာသူျဖစ္သည္။

လိင္အျမတ္ထုတ္ သည့္ကိစၥႏွင့္ ပတ္သက္ ၿပီး ရဲတရား႐ုံးက စစ္ေဆးခဲ့ရာ ျပစ္မႈထင္ရွားသျဖင့္ ရာထူး မွ ထုတ္ပယ္ၿပီး ေထာင္ဒဏ္ခ်မွတ္လိုက္ ျခင္းျဖစ္သည္။ “ အေျပာင္းအေ႐ႊ႕ အလြန္ၾကမ္း တယ္။ ဒီလူက ေအာက္ေျခက တပ္ဖြဲ႕ဝင္ ေတြကို နည္းလမ္းေပါင္းစုံနဲ႔ ႏွိပ္ကြပ္တာ။ ခုကိစၥက ရာထူး တိုးေပးမယ္။ ေနခ်င္တဲ့ ေနရာမွာေနဖို႔ လုပ္ေပးမယ္ဆိုၿပီး ဒုရဲအုပ္ မေလးေတြကို ေခၚအိပ္သတဲ့။ ပ်ဥ္းမနား က အဲဒီရဲမႉးခ်ဳပ္ပိုင္တဲ့ ဟိုတယ္ကို ေခၚၿပီး အိပ္သတဲ့။ ၿပီးေတာ့ ေနျပည္ေတာ္ မွာ ေနခ်င္ပါတယ္ ဆိုတဲ့ ဒုရဲအုပ္မေလး ကို ဧရာဝတီတိုင္းကို ေျပာင္းပစ္တယ္။ အဲဒီမွာ အတိုင္ခံရတာပဲ။ ဒီလူက ရဲေတြကို ရာထူးတိုးျမႇင့္ေရးမွာ ဒုကၡေပးေနသူေပါ့”ဟု လက္ရွိ တာဝန္ထမ္းေဆာင္ေနဆဲ ရဲတပ္ဖြဲ႕ဝင္ တစ္ဦးက ေျပာဆိုသည္။

လက္ရွိအခ်ိန္ အထိ ျပည္ထဲေရးဝန္ႀကီး အသစ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ လက္ထက္တြင္ ရဲရာထူးခန႔္ခ်ဳပ္ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းအပါအဝင္ ရဲမႉးခ်ဳပ္ အဆင့္ရွိ အရာရွိႀကီးသုံးဦးအား အေရးယူေဆာင္႐ြက္ခဲ့သည္။ ရထားရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ မိုးသန္း ေအာင္ (ရာထူးမွ ထုတ္ပယ္ၿပီး ေထာင္ဒဏ္ ေျခာက္လခ်)၊ ရဲေထာက္ခ်ဳပ္ ရဲမႉးခ်ဳပ္ေဇာ္ခင္ ေအာင္ (ျပင္းထန္စြာ ျပစ္တင္ရႈတ္ ခ်ၿပီး ရဲတပ္ဖြဲ႕မွထုတ္ပယ္)တို႔ ျဖစ္သည္။

သတင္း – ႏိုင္ဝင္းစိုး

UNICODE

ရဲမေ(၁၈)ယော က် ကို အမြတ်ထု တ် ခဲ့တဲ့ ပြစ်မှုထင်ရှား တဲ့ အတွက် ထော င်(၃)နှစ် အမိန့်ချမှတ်ခံ လိုက်ရတဲ့ ရဲမှူးချုပ်

ရာ ထူး တိုးပေးမည်ဟု ဆိုကာ လိင် ပိုင်းဆိုင်ရာ အမြတ် ထုတ်ခဲ့သည့် ရဲရာထူး ခန့်ချုပ်ကို ရာထူးမှ ထုတ်ပယ်ကာ ထောင် ဒဏ်သုံးနှစ်ချမှတ် လိုက်ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းမှ သိရသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထိပ်တန်း ရဲအရာရှိကြီး တစ်ဦးဖြစ်သည့် ရဲရာထူးခန့် ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းကို ရဲတရားရုံး ဖြင့် စစ်ဆေးပြီး ရာထူးမှ ထုတ်ပယ်ကာ ထောင်ဒဏ်ချမှတ်လိုက်ပြီး ဇူလိုင် ၃ ရက် ညနေပိုင်းက ရမည်းသင်း အကျဉ်းထောင် သို့ ပို့ဆောင် လိုက်ကြောင်း သိရသည်။


“ရဲတရားရုံးက အမှုကို အပြီးသတ် စစ်ဆေးပြီး ထောင်သုံးနှစ် ချလိုက်ပါတယ်။ ထောင် ကို ပို့လိုက်ပါပြီ။ ဇူလိုင် ၃ ရက် ညနေ ၆ နာရီခွဲမှာ ရမည်းသင်း အချုပ် ထောင်ရောက်ပါတယ်”ဟု အမည်မဖော် လိုသည့် ရဲအရာရှိတစ်ဦးက ပြောဆို သည်။ ရဲမှူးချုပ် ဇော်မိုးသန်း သည် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲလေ့ကျင့်ရေးဌာနကြီး ရဲလေ့ကျင့်ရေး အရာရှိချုပ် အဖြစ်မှ ရဲရာထူးခန့်ဌာနကြီး ရဲရာထူးခန့်ချုပ် အဖြစ် ၂၀၁၈ ခုနှစ် ဧပြီ ၂၆ ရက်က ပြောင်း ရွှေ့လာသူဖြစ်သည်။

လိင်အမြတ်ထုတ် သည့်ကိစ္စနှင့် ပတ်သက် ပြီး ရဲတရားရုံးက စစ်ဆေးခဲ့ရာ ပြစ်မှုထင်ရှားသဖြင့် ရာထူး မှ ထုတ်ပယ်ပြီး ထောင်ဒဏ်ချမှတ်လိုက် ခြင်းဖြစ်သည်။ “ အပြောင်းအရွှေ့ အလွန်ကြမ်း တယ်။ ဒီလူက အောက်ခြေက တပ်ဖွဲ့ဝင် တွေကို နည်းလမ်းပေါင်းစုံနဲ့ နှိပ်ကွပ်တာ။ ခုကိစ္စက ရာထူး တိုးပေးမယ်။ နေချင်တဲ့ နေရာမှာနေဖို့ လုပ်ပေးမယ်ဆိုပြီး ဒုရဲအုပ် မလေးတွေကို ခေါ်အိပ်သတဲ့။ ပျဉ်းမနား က အဲဒီရဲမှူးချုပ်ပိုင်တဲ့ ဟိုတယ်ကို ခေါ်ပြီး အိပ်သတဲ့။ ပြီးတော့ နေပြည်တော် မှာ နေချင်ပါတယ် ဆိုတဲ့ ဒုရဲအုပ်မလေး ကို ဧရာဝတီတိုင်းကို ပြောင်းပစ်တယ်။ အဲဒီမှာ အတိုင်ခံရတာပဲ။ ဒီလူက ရဲတွေကို ရာထူးတိုးမြှင့်ရေးမှာ ဒုက္ခပေးနေသူပေါ့”ဟု လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန် အထိ ပြည်ထဲရေးဝန်ကြီး အသစ် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ် လက်ထက်တွင် ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းအပါအဝင် ရဲမှူးချုပ် အဆင့်ရှိ အရာရှိကြီးသုံးဦးအား အရေးယူဆောင်ရွက်ခဲ့သည်။ ရထားရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မိုးသန်း အောင် (ရာထူးမှ ထုတ်ပယ်ပြီး ထောင်ဒဏ် ခြောက်လချ)၊ ရဲထောက်ချုပ် ရဲမှူးချုပ်ဇော်ခင် အောင် (ပြင်းထန်စွာ ပြစ်တင်ရှုတ် ချပြီး ရဲတပ်ဖွဲ့မှထုတ်ပယ်)တို့ ဖြစ်သည်။

သတင်း – နိုင်ဝင်းစိုး