Buddhism

ရွမ္းျပည္နယ္ရွိ ခရစ္ယာန္ဘာသာဝင္ လူဦးေရ ၁၀၀ ေက်ာ္ ဗုဒၶဘာသာသို႔ မဂၤလာနံနက္ခင္းေလးမွာ ကူးေျပာင္းဝင္ေရာက္လာၿပီ

ရွမ္းျပည္နယ္ရွိ ခရစ္ယာန္ဘာသာဝင္ လူဦးေရ ၁၀၀ ေက်ာ္ ဗုဒၶဘာသာသို႔ မဂၤလာနံနက္ခင္းေလးမွာ ကူးေျပာင္းဝင္ေရာက္လာၿပီ

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမၼတူၿမိဳ႕နယ္ရွိ လြယ္ခြန္ေက်း႐ြာတြင္ ယေန႔ ဇူလိုင္လ ၄ ရက္က အိမ္ေထာင္စု ၂၁ စုမွ ခရစ္ယာန္ဘာသာဝင္ လူဦးေရ ၁၀၀ ေက်ာ္ ဗုဒၶဘာသာသို႔ အခမ္းအနားျဖင့္ ကူးေျပာင္းဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။

“႐ြာက ကားလမ္းမေပါက္ဘူး။ ၿမိဳ႕ကေန ကားတစ္တန္၊ ဆိုင္ကယ္တစ္တန္ သြားရတယ္။ အရင္က ခရစ္ယာန္ ဘာသာ ကိုးကြယ္ၾကရာကေန ဗုဒၶဘာသာကို သက္ဝင္ယုံၾကည္လာၾကလို႔ ဘာသာေျပာင္းေပးရတာပါ” ဟု ဆရာေတာ္ ဦးေသာဘိတက မိန႔္ၾကားသည္။

ဘာသာကူးေျပာင္းပြဲတြင္ အိမ္ေထင္စု ၂၁ စုမွ လူဦးေရ ၁၁ဝ ဦးကို ငါးပါးသီလခံယူေစကာ သရဏဂုံတင္ၿပီး ေနာက္ တရားဓမၼမ်ားေဟာၾကားခဲ့ကာ မိသားစုမ်ား ကိုးကြယ္ရန္အတြက္ ဉာဏ္ေတာ္ ၁၁ လက္မ အျမင့္ရွိ ႐ုပ္ပြားေတာ္ ၂၁ ဆူကို ပင့္ေဆာင္ေစခဲ့ေၾကာင္း သိရသည္။

“ငါတို႔ အရင္ကထက္ ေအးခ်မ္းလာတယ္၊ စိတ္မွာလည္းၾကည္ႏူးတယ္။ ဘဝဆိုတာကိုလည္း ပိုသိလာေနတယ္” ဟု လြယ္ခြန္းေက်း႐ြာ မွ ဦးဂိုေလးက ေျပာသည္။

အဆိုပါ လြယ္ခြန္းေက်း႐ြာတြင္ အိမ္ေထာင္စု ၃၃ စု ရွိရာ ယခုတြင္ ႏွစ္ျခင္းခရစ္ယာန္ ၅ စု၊ မက္သဒစ္ ခရစ္ယာန္ ၇ စုႏွင့္ ဗုဒၶဘာသာ ၂၁ စု တို႔ ေနထိုင္ေနၾကၿပီး ဗုဒၶဘာသာ ေရရွည္တည္တံ့ ခိုင္ၿမဲေစရန္အတြက္ သာသနာ ဟိတကာ (ဝိဟာရ)ေက်ာင္းကို တစ္ပါတည္း ေက်ာင္းအပ္ခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ တိုက္နယ္အတြင္းရွိ ေက်း႐ြာမ်ားမွ လႉဒါန္းေငြ မ်ားျဖင့္ ယင္းေက်း႐ြာသို႔ ကားလမ္းေဖာက္လုပ္ရန္ စီစဥ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

#KBZTai #Shan #Namatu #MinZawMin

UNICODE

ရှမ်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင် လူဦးရေ ၁၀၀ ကျော် ဗုဒ္ဓဘာသာသို့ မင်္ဂလာနံနက်ခင်းလေးမှာ ကူးပြောင်းဝင်ရောက်လာပြီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ လွယ်ခွန်ကျေးရွာတွင် ယနေ့ ဇူလိုင်လ ၄ ရက်က အိမ်ထောင်စု ၂၁ စုမှ ခရစ်ယာန်ဘာသာဝင် လူဦးရေ ၁၀၀ ကျော် ဗုဒ္ဓဘာသာသို့ အခမ်းအနားဖြင့် ကူးပြောင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

“ရွာက ကားလမ်းမပေါက်ဘူး။ မြို့ကနေ ကားတစ်တန်၊ ဆိုင်ကယ်တစ်တန် သွားရတယ်။ အရင်က ခရစ်ယာန် ဘာသာ ကိုးကွယ်ကြရာကနေ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြလို့ ဘာသာပြောင်းပေးရတာပါ” ဟု ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

ဘာသာကူးပြောင်းပွဲတွင် အိမ်ထေင်စု ၂၁ စုမှ လူဦးရေ ၁၁ဝ ဦးကို ငါးပါးသီလခံယူစေကာ သရဏဂုံတင်ပြီး နောက် တရားဓမ္မများဟောကြားခဲ့ကာ မိသားစုများ ကိုးကွယ်ရန်အတွက် ဉာဏ်တော် ၁၁ လက်မ အမြင့်ရှိ ရုပ်ပွားတော် ၂၁ ဆူကို ပင့်ဆောင်စေခဲ့ကြောင်း သိရသည်။

“ငါတို့ အရင်ကထက် အေးချမ်းလာတယ်၊ စိတ်မှာလည်းကြည်နူးတယ်။ ဘဝဆိုတာကိုလည်း ပိုသိလာနေတယ်” ဟု လွယ်ခွန်းကျေးရွာ မှ ဦးဂိုလေးက ပြောသည်။

အဆိုပါ လွယ်ခွန်းကျေးရွာတွင် အိမ်ထောင်စု ၃၃ စု ရှိရာ ယခုတွင် နှစ်ခြင်းခရစ်ယာန် ၅ စု၊ မက်သဒစ် ခရစ်ယာန် ၇ စုနှင့် ဗုဒ္ဓဘာသာ ၂၁ စု တို့ နေထိုင်နေကြပြီး ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် သာသနာ ဟိတကာ (ဝိဟာရ)ကျောင်းကို တစ်ပါတည်း ကျောင်းအပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုက်နယ်အတွင်းရှိ ကျေးရွာများမှ လှူဒါန်းငွေ များဖြင့် ယင်းကျေးရွာသို့ ကားလမ်းဖောက်လုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#KBZTai #Shan #Namatu #MinZawMin

Close