Knowledge

အသက္ ၂၀ ေက်ာ္အရြယ္မွာ ကိုယ့္ဘဝကိုယ္ဘယ္လိုရပ္တည္ရမလဲ

အသက္ ၂၀ ေက်ာ္အရြယ္မွာ ကိုယ့္ဘဝကိုယ္ဘယ္လိုရပ္တည္ရမလဲ


ေျပာခ်င္လြန္းလို႔ စာဖတ္သူေတြအတြက္ တင္ဆက္ေပးခ်င္တာကေတာ့ အသက္ငယ္ငယ္ရြယ္ရြယ္မွာ ကိုယ္ေျခေထာက္ေပၚကိုယ္ ဘယ္လိုရပ္တည္မလဲဆိုတဲ့ အေၾကာင္းအရာကိုပါ ။ ဒီေတာ့ ဘယ္အခ်က္ေတြျဖစ္မလဲဆိုတာ အတူတူဖတ္ၾကည့္ၾကရေအာင္ ။
(1) ကိုယ္တတ္ထားတဲ့ပညာကို အၿမဲတမ္းအေျခခံပါ
ကိုယ္ကၽြမ္းက်င္ တတ္ေျမာက္ထားတဲ့ အသက္ေမြးဝမ္ေက်ာင္း ပညာရပ္တစ္ခုခုနဲ႔ ဝင္ေငြရွာႏိုင္ေအာင္ႀကိဳးစားၾကည့္ပါ။ ဒါမွ ဘဝဆိုတဲ့ အေၾကာင္း ေသခ်ာ နားလည္လာႏိုင္မွာျဖစ္ပါတယ္။
(2) သြက္သြက္လက္လက္ေနပါ
ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္ႏိုင္ေအာင္ ႀကိဳးစားေတာ့မယ္ဆိုရင္ အျမဲတမ္းေအးတိေအးစက္ေနတဲ့ အက်င့္ေတြကို စတင္ ဖယ္ရွားပစ္ပါ။


(3) ကိုယ့္အားကိုယ္ကိုးရမယ့္ ခရီးသြားပါ
သူငယ္ခ်င္း ၊ မိသားစု အစရွိတဲ့သူေတြနဲ႔ ခရီးေတြ သြားေနၾကဆိုရင္ ဘဝမွာတစ္ခါေလာက္ေတာ့ ကိုယ္မေရာက္ဖူးေသးတဲ့ ေနရာေတြကို တစ္ေယာက္ထဲ သြားၾကည့္ပါ ။ ( ဥပမာ- Google map နဲ႕ သြားရမယ့္ခရီးမ်ိဳး) ေပါ့
(4) တိုးတက္ေနတဲ့ နည္းပညာကို အၿမဲေလ့လာပါ
ေခတ္ေနာက္က်မက်န္ ရေလေအာင္ တစ္ေန႔ထက္တစ္ေန႔ ေျပာင္းလဲတိုးတက္ေနတဲ့ နည္းပညာရပ္ေတြ ကို ေလ့လာထားပါ ။
(5) လူအမ်ားနဲ႔ စကားေျပာပါ။
တစ္ေယာက္ထဲ ဖာသိဖာသာ ေနတာထက္စာရင္ လူေတြနဲ႔ ဝိုင္းဖြဲ႕စကားစျမည္ အရင္ဆံုး စတင္ေျပာၾကည့္ပါ ။ စကားေျပာတတ္ဆိုတတ္တဲ့ လူတစ္ေယာက္ျဖစ္လာဖို႔ ဒီအခ်က္က သိပ္အေရးႀကီးပါတယ္။


(6 ) တစ္ခါတစ္ရံ သူငယ္ခ်င္းမ်ားၾကား ဦးေဆာင္လုပ္ၾကည့္ပါ။
ဘယ္အရာမဆို ကိုယ့္မိတ္ေဆြ ၊ အေပါင္းအသင္းေတြခ်ည္း စီစဥ္တာမ်ိဳးလိုက္လုပ္မေနပဲ တစ္ခါတစ္ေလ မိမိဘာသာ မိမိ သူငယ္ခ်င္းေတြၾကား ဦးေဆာင္ စီမံၾကည့္ပါ ။
( ဥပမာ – ခရီး သြားရာမွာ ခရီးစဥ္တစ္ေလ်ာက္ ဘာေတြလိုအပ္မလဲဆိုတာ စဥ္းစားေပးတာမ်ိဳး ျဖစ္ျဖစ္ )
(7)ေၾကာက္ရြံ႕တဲ့ အမူအက်င့္မ်ိဳးကိုေရွာင္ပါ။
လူစုလူေဝးထဲ သြားရမွာကို မႏွစ္သက္တာမ်ိဳးဆိုရင္ ဘယ္ေတာ့မွ လူေတာတိုးမွာမဟုတ္ပါဘူး ။ ဒါေၾကာင့္ မိမိကိုယ္မိမိ ယံုၾကည္ခ်က္အျပည့္နဲ႔ ေၾကာက္ရြံ႕တဲ့ အမူအက်င့္ေတြကို အခုကထဲက ရွင္းထုတ္လိုက္ပါ ။
ကဲ … အခုတင္ဆက္ေပးလိုက္တဲ့ အသက္ငယ္ငယ္ရြယ္ရြယ္မွာ ကိုယ့္အားကိုယ္ကိုးႏိုင္မယ့္ အေၾကာင္းေလးကို မသိရွိေသးတဲ့သူငယ္ခ်င္းေတြအတြက္ Share ေပးလိုက္ၾကပါဦး။

unicode

အသက် ၂၀ ကျော်အရွယ်မှာ ကိုယ့်ဘဝကိုယ်ဘယ်လိုရပ်တည်ရမလဲ
ပြောချင်လွန်းလို့ စာဖတ်သူတွေအတွက် တင်ဆက်ပေးချင်တာကတော့ အသက်ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ်ခြေထောက်ပေါ်ကိုယ် ဘယ်လိုရပ်တည်မလဲဆိုတဲ့ အကြောင်းအရာကိုပါ ။ ဒီတော့ ဘယ်အချက်တွေဖြစ်မလဲဆိုတာ အတူတူဖတ်ကြည့်ကြရအောင် ။


(1) ကိုယ်တတ်ထားတဲ့ပညာကို အမြဲတမ်းအခြေခံပါ
ကိုယ်ကျွမ်းကျင် တတ်မြောက်ထားတဲ့ အသက်မွေးဝမ်ကျောင်း ပညာရပ်တစ်ခုခုနဲ့ ဝင်ငွေရှာနိုင်အောင်ကြိုးစားကြည့်ပါ။ ဒါမှ ဘဝဆိုတဲ့ အကြောင်း သေချာ နားလည်လာနိုင်မှာဖြစ်ပါတယ်။
(2) သွက်သွက်လက်လက်နေပါ
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားတော့မယ်ဆိုရင် အမြဲတမ်းအေးတိအေးစက်နေတဲ့ အကျင့်တွေကို စတင် ဖယ်ရှားပစ်ပါ။
(3) ကိုယ့်အားကိုယ်ကိုးရမယ့် ခရီးသွားပါ
သူငယ်ချင်း ၊ မိသားစု အစရှိတဲ့သူတွေနဲ့ ခရီးတွေ သွားနေကြဆိုရင် ဘဝမှာတစ်ခါလောက်တော့ ကိုယ်မရောက်ဖူးသေးတဲ့ နေရာတွေကို တစ်ယောက်ထဲ သွားကြည့်ပါ ။ ( ဥပမာ- Google map နဲ့ သွားရမယ့်ခရီးမျိုး) ပေါ့
(4) တိုးတက်နေတဲ့ နည်းပညာကို အမြဲလေ့လာပါ
ခေတ်နောက်ကျမကျန် ရလေအောင် တစ်နေ့ထက်တစ်နေ့ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာရပ်တွေ ကို လေ့လာထားပါ ။
(5) လူအများနဲ့ စကားပြောပါ။


တစ်ယောက်ထဲ ဖာသိဖာသာ နေတာထက်စာရင် လူတွေနဲ့ ဝိုင်းဖွဲ့စကားစမြည် အရင်ဆုံး စတင်ပြောကြည့်ပါ ။ စကားပြောတတ်ဆိုတတ်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ ဒီအချက်က သိပ်အရေးကြီးပါတယ်။
(6 ) တစ်ခါတစ်ရံ သူငယ်ချင်းများကြား ဦးဆောင်လုပ်ကြည့်ပါ။
ဘယ်အရာမဆို ကိုယ့်မိတ်ဆွေ ၊ အပေါင်းအသင်းတွေချည်း စီစဉ်တာမျိုးလိုက်လုပ်မနေပဲ တစ်ခါတစ်လေ မိမိဘာသာ မိမိ သူငယ်ချင်းတွေကြား ဦးဆောင် စီမံကြည့်ပါ ။
( ဥပမာ – ခရီး သွားရာမှာ ခရီးစဉ်တစ်လျောက် ဘာတွေလိုအပ်မလဲဆိုတာ စဉ်းစားပေးတာမျိုး ဖြစ်ဖြစ် )
(7)ကြောက်ရွံ့တဲ့ အမူအကျင့်မျိုးကိုရှောင်ပါ။
လူစုလူဝေးထဲ သွားရမှာကို မနှစ်သက်တာမျိုးဆိုရင် ဘယ်တော့မှ လူတောတိုးမှာမဟုတ်ပါဘူး ။ ဒါကြောင့် မိမိကိုယ်မိမိ ယုံကြည်ချက်အပြည့်နဲ့ ကြောက်ရွံ့တဲ့ အမူအကျင့်တွေကို အခုကထဲက ရှင်းထုတ်လိုက်ပါ ။
ကဲ … အခုတင်ဆက်ပေးလိုက်တဲ့ အသက်ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ့်အားကိုယ်ကိုးနိုင်မယ့် အကြောင်းလေးကို မသိရှိသေးတဲ့သူငယ်ချင်းတွေအတွက် Share ပေးလိုက်ကြပါဦး။

Close