Local

ေပ်ာက္ဆုံးေနတဲ့ (၁၁)ႏွစ္အ႐ြယ္ သမီးငယ္ေလးပါ မိဘေတြရဲ႕ စိုးရိမ္ပူေဆြးေနမႈကို

ေပ်ာက္ဆုံးေနတဲ့ (၁၁)ႏွစ္အ႐ြယ္ သမီးငယ္ေလးပါ မိဘေတြရဲ႕ စိုးရိမ္ပူေဆြးေနမႈကို

“ၿမိတ္တြင္ ၊ ၁၁ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး ထပ္မံေပ်ာက္ဆုံး ေတြ႕ရွိပါက ဆက္သြယ္အေၾကာင္းၾကားေပးပါရန္”

ၿမိတ္ၿမိဳ႕၊ ကလြင္ေက်း႐ြာအုပ္စု၊ တကၠသိုလ္ရပ္ ၊ျမရိပ္ညို(၁)လမ္းတြင္ေနထိုင္တဲ့ အသက္ ၁၁ ႏွစ္အ႐ြယ္ရွိ မိန္းကေလးတစ္ဦး ဇူလိုင္လ ၂ ရက္ေန႕က ေပ်ာက္ဆုံးသြားေၾကာင္း သိရပါတယ္။

တကၠသိုလ္ရပ္ ၊ျမရိပ္ညို (၁)လမ္း တြင္ ေနထိုင္တဲ့ ေဒၚဝိုင္းဝိုင္းဟန္ ၏ သမီးမစုစုစံ အသက္ ၁၁ ႏွစ္၊ သည္ ေနအိမ္ၿခံတြင္း သန႔္ရွင္းေရး (တံမ်က္စည္းလွဲ)လုပ္ ေနစဥ္မွာပဲ ေပ်ာက္ဆုံးသြားတယ္လို႔ ၎ရဲ႕ မိသားစုအသိုင္းအဝိုင္းထံမွ သိရပါတယ္။

ကေလးေပ်ာက္ဆုံးမႈနဲ႕ပတ္သက္ၿပီး အုပ္ထိန္းသူမွ ၿမိတ္ၿမိဳ႕မရဲစခန္းမွာ လူေပ်ာက္တိုင္ၾကားထားပါတယ္။

မိတ္ေဆြတို႔ အေနျဖင့္ မစုစုစံ ကိုေတြ႕ရွိပါက ေအာက္ေဖာ္ျပပါ ဖုန္းနံပါတ္မ်ားသို႔ ဆက္သြယ္ အေၾကာင္းၾကား ေပးပါရန္ အကူအညီ ေတာင္းခံအပ္ပါတယ္။

ယခုတစ္ပတ္ အတြင္း ၿမိတ္ၿမိဳ႕မွာ လူေပ်ာက္မႈဟာ ၃ မႈအထိ ျဖစ္ပြားခဲ့ပါတယ္။

ဆက္သြယ္ရန္ ~

ph- 09 5640 824

09 785 641 759

Credit မၾတၳဠ္(ၿမိတ္)

UNICODE

ပျောက်ဆုံးနေတဲ့ (၁၁)နှစ်အရွယ် သမီးငယ်လေးပါ မိဘတွေရဲ့ စိုးရိမ်ပူဆွေးနေမှုကို

“မြိတ်တွင် ၊ ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ထပ်မံပျောက်ဆုံး တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန်”

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ တက္ကသိုလ်ရပ် ၊မြရိပ်ညို(၁)လမ်းတွင်နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦး ဇူလိုင်လ ၂ ရက်နေ့က ပျောက်ဆုံးသွားကြောင်း သိရပါတယ်။

တက္ကသိုလ်ရပ် ၊မြရိပ်ညို (၁)လမ်း တွင် နေထိုင်တဲ့ ဒေါ်ဝိုင်းဝိုင်းဟန် ၏ သမီးမစုစုစံ အသက် ၁၁ နှစ်၊ သည် နေအိမ်ခြံတွင်း သန့်ရှင်းရေး (တံမျက်စည်းလှဲ)လုပ် နေစဉ်မှာပဲ ပျောက်ဆုံးသွားတယ်လို့ ၎င်းရဲ့ မိသားစုအသိုင်းအဝိုင်းထံမှ သိရပါတယ်။

ကလေးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး အုပ်ထိန်းသူမှ မြိတ်မြို့မရဲစခန်းမှာ လူပျောက်တိုင်ကြားထားပါတယ်။

မိတ်ဆွေတို့ အနေဖြင့် မစုစုစံ ကိုတွေ့ရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြား ပေးပါရန် အကူအညီ တောင်းခံအပ်ပါတယ်။

ယခုတစ်ပတ် အတွင်း မြိတ်မြို့မှာ လူပျောက်မှုဟာ ၃ မှုအထိ ဖြစ်ပွားခဲ့ပါတယ်။

ဆက်သွယ်ရန် ~

ph- 09 5640 824

09 785 641 759

Credit မတ္ထြဠ်(မြိတ်)

Close