Local

တမူးမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်အနီး ဓါမြတိုက်ခံရမှု ဖြစ်ပွား

တမူးမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်အနီး ဓါမြတိုက်ခံရမှု ဖြစ်ပွား

ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ထုံကတင်ကျေးရွာအုပ်စု၊ နောင်ကတ်ကျေးရွာဟောင်းမှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရဲ့ ခေါင်းရင်းကပ်လျက် နေအိမ်မှာ

သားအမိနှစ်ဦးတည်း နေထိုင်တဲ့ နေအိမ်ကို သေနတ်ကိုင်ထားတဲ့ သူတွေက ဝင်ရောက် ဓါးမြတိုက်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ထုံကတင်ကျေးရွာအုပ်စု

အုပ်ချုပ်ရေးမှူး ဦးမောင်ညွန့်က ပြောပါတယ်။ “သူတို့က သားအမိ နှစ်ဦးတည်းနေတယ်။ အဲ့ဒီမှာ ညတုန်းက ဒေါ်မြသိုက်ကနေပြီးမှ လာကြပါအုံးဆိုပြီ

း အော်တဲ့အသံ ကြားလိုက်တယ်။ အဲ့ အချိန်မှာ ကျွန်တော်က အိပ်ယာထဲကထပြီး သူတို့ အိမ်နားခြံစည်းရိုးမှာ သွားကပ်ပြီး နားထောင်လိုက်တော့ သူ့ကို

ဓါးမြတွေက မအော်နဲ့ မပြောနဲ့ အဲ့လိုမျိုး ပြောတယ်။အဲ့မှာ ဒေါ်မြသိုက်က ငါက မုဆိုးမပါ ရွှေလဲမရှိပါဘူး ငွေလဲမရှိပါဘူးဆိုပြီး ပြောသံကြားရတယ်။ ဓါးမြတို

က်နေတဲ့ အသံ ကြားတော့ ကျွန်တော့် အိမ်နီးဝန်းကျင်က လူသုံးဦးကို ခေါ်လိုက်တယ်။ ခေါ်လိုက်ပြီးတော့ အိမ်ကို ဝိုင်းလိုက်တယ်။ ဝိုင်းလိုက်တော့

ကျွန်တော်တို့ ရောက်နေမှန်းသိလို့ ဓါမြတွေက အိမ်အပေါက်ကို ပိတ်ပြီး နောက်ဆုတ်ထွက်ပြေးတယ်။ ထွက်ပြေးတဲ့အချိန်မှာ သူတို့ကို ဓါတ်မီးနဲ့ထိုးကြည့်ချိ

န်မှာ သူတို့က တူမီးသေနတ်နဲ့ ပစ်တယ်။ ပစ်ချိန်မှာ တူမီးသေနတ်က မပေါက်ဘူး ဖြစ်နေတယ်။ မပေါက်တဲ့အချိန်ကျတော့ ကျွန်တော်တို့က တွေ့ရာ တု

တ်တွေ ဆွဲပြီး ပစ်လိုက်ချိန်မှာ သူတို့ကို မှန်သွားတယ်။ ပြီးတော့ သူတို့က ထွက်ပြေးကြတယ်။ သူတို့ ထွက်ပြေးချိန်မှာ ဓါးမြဆိုပြီး အော်ပြီး လိုက်ကြတော့

သေနတ်အရှည် ကိုင်ထားတဲ့ သူကို ဖမ်းမိလိုက်တယ်”လို့ အုပ်ချုပ်ရေးမှူး ဦးမောင်ညွန့်ကပြောပါတယ်။

အခင်းဖြစ်ပွားတဲ့ ကျေးရွာက အိမ်ခြေ ၁၈၀ ကျော်ရှိတဲ့ ကျေးရွာကြီးတစ်ရွာဖြစ်ပြီး ဓါးမြတိုက်ခံရတဲ့ နေအိမ်ကတော့ ကျေးရွာရဲ့အလယ် မှာရှိတဲ့

နေအိမ်တစ်အိမ် ဖြစ်ပါတယ်။အဲ့ဒီအိမ်မှာ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက သေနတ်အရှည်ကိုင်ထားတဲ့ လူတစ်ဦးနဲ့ သေနတ်အတိုကိုင်ထားတဲ့ လူတစ်ဦး စုစုပေါင်း လူနှစ်ဦး က အိမ်ပေါ် တက်ပြီး ဓါးမြတိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး ဦးမောင်ညွန့် က “ကျွန်တော်တို့ ရွာက ချောင်ကျတယ်။ အရင်တုန်းကတော့ ကျွန်တော့် တစ်သက်မှာတော့ ဒါပထမဆုံးအကြိမ်ပါဗျ။ နှစ်ဦး

ထဲက တစ်ဦးကို ဖမ်းမိလိုက်တော့ သူ့ကို ဘယ်ကလဲဆိုပြီး မေးတဲ့အခါကျတော့ သူ့ကိုလည်း ကျွန်တော်တို့က မြင်ဖူးတဲ့အခါကျတော့

သူက ကွန်းတောင်းကျေးရွာက ဖြစ်နေတယ်။ထွက်ပြေးသွားတဲ့ သူမှာက ပစ္စတိုတစ်လက် ပါသွားတယ်။ ထွက်ပြေးတဲ့သူက နောင်ကတ်ဟောင်းရွာမှာ အရ

င်တုန်းကနေထိုင်ပြီး ခိုးမှု နဲ့ ထောင်ကျပြီး ထောင်က ထွက်လာတဲ့သူ ဖြစ်နေတယ်။ ထောင်ကလွတ်လာတာ ၄ လ လောက်ရှိပြီ။ အဲ့ဒီလူက ကွန်းတောင်း

မှာ အိမ်ထောင်ကျပြီး နေနေတာ။ကျွန်တော်တို့ရွာက ကွန်းတောင်းနဲ့ ဆိုရင် ၉ မိုင်လောက်ပဲ ဝေးပါတယ်”လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဓါမြတိုက်သူနှစ်ဦး ထဲက ကိုစံထွေး(၂၆)နှစ် ဆိုသူကို ဖမ်းမိထားတာဖြစ်ပြီး ကိုဇော်ထွန်း (၃၅)နှစ် ကတော့ ထွက်ပြေးလွတ်မြောက်နေပါတယ်။

ထွက်ပြေးလွတ်မြောက်သူနဲ့အတူ ဒေါ်မြသိုက် ပိုင်ဆိုင်တဲ့ MI အမျိုးအစား ဖုန်းတစ်လုံး နဲ့ ငွေကျပ်တစ်သိန်းပါသွားတယ်လို့ မြို့သစ်နယ်မြေရဲစခန်းကနေ သိရပါတယ်။

ဖြစ်စဉ် နဲ့ ပတ်သက်ပြီး မြို့သစ်နယ်မြေရဲစခန်းမှ (ပ)၁၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ နဲ့ အမှုဖွင့်ထားပြီး ထွက်ပြေးနေတဲ့တရားခံကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ မြို့သစ်နယ်မြေရဲစခန်းက‌နေ သိရပါတယ်။

Photo-တမူး(ပြန်/ဆက်)

voiceofmyanmar VOM တမူ

Close