Local

ဖားကန႔္ က်င္းကမ္းပါးၿပိဳက်မႈျဖစ္စဥ္မွ ေသဆုံးသူမ်ားႏွင့္ ဒဏ္ရာရရွိသူမ်ားအား ေထာက္ပံ့ေငြေပး သိန္း ၁၆၀၀ေပးအပ္

ဖားကန႔္ က်င္းကမ္းပါးၿပိဳက်မႈျဖစ္စဥ္မွ ေသဆုံးသူမ်ားႏွင့္ ဒဏ္ရာရရွိသူမ်ားအား ေထာက္ပံ့ေငြေပး သိန္း ၁၆၀၀ေပးအပ္

ကခ်င္ျပည္နယ္အစိုးရအဖြဲ႕မွ ဦးေဆာင္လႉဒါန္းၿပီး ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ ေရးလုပ္ငန္း၊ လုံးခင္း-ဖားကန႔္တူးေဖာ္ေရးဌာနႏွင့္ ဖားကန႔္ၿမိဳ႕နယ္ေက်ာက္မ်က္လုပ္ငန္း ရွင္မ်ားအသင္း၊ KNDPC ေက်ာက္မ်က္တူးေဖာ္ေရးကုမၸဏီတို႔မွ

ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်းရြာ အုပ္စု၊ ေဝွခါေက်းရြာမွ က်င္းကမ္းပါး ေျမၿပိဳေဘးသင့္ျပည္သူမ်ားအတြက္ ေထာက္ပံ့ေငြမ်ားကို ဖားကန႔္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန အစည္းအေဝးခန္းမ၌ ယေန႔နံနက္ ၉ နာရီက ေပးအပ္လႉဒါန္းခဲ့ရာ သိန္း ၁၆၀၀ ရရွိေၾကာင္း သိရသည္။


ေထာက္ပံ့လႉဒါန္းေပးအပ္ပြဲတြင္ ျပည္နယ္ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္း ေရး ဝန္ႀကီး ဦးဒါရွီလဆိုင္းက ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ကိုယ္စား ေထာက္ပံ့ေငြက်ပ္ သိန္း(၅၀၀)၊ ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္း၊

လုံးခင္း-ဖားကန႔္တူးေဖာ္ေရးဌာနႏွင့္ ဖားကန႔္ ၿမိဳ႕နယ္ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းမွ ေထာက္ပံ့ေငြက်ပ္ သိန္း(၅၀၀)ႏွင့္ KNDPC ေက်ာက္မ်က္ကုမၸဏီမွ ေထာက္ပံ့ေငြက်ပ္ သိန္း(၁၀၀)၊ စုစုေပါင္းေငြက်ပ္သိန္း ၁၁၀၀ လႉဒါန္းမႈအား ဖားကန႔္ၿမိဳ႕နယ္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈအဖြဲ႕ ဉကၠ႒ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးဉာဏ္လင္းေအာင္က လက္ခံရယူခဲ့သည္။

အလားတူ ယေန႔နံနက္ ၁၁ နာရီခြဲခန႔္က တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစု ကိုယ္စား ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေတဇေက်ာ္က လႉဒါန္းေထာက္ပံ့ေငြက်ပ္ သိန္း (၅၀၀)ႏွင့္ ဆန္အိတ္(၁၀၀)၊

ဆီ(၂၃၂)ပိႆာ၊ ဆား(၈၀)ပိႆာႏွင့္ ပဲ(၃၀၀)ပိႆာတို႔အား က်င္းကမ္းပါး ေျမၿပိဳေဘးသင့္ ျပည္သူမ်ားအတြက္ ေပးအပ္ခဲ့ၿပီး က်င္းေျမၿပိဳမႈေၾကာင့္ ေသဆုံးရသူမ်ား၏ မိသားစုဝင္မ်ားႏွင့္ ဒဏ္ရာရရွိသူမ်ားအား ၿမိဳ႕နယ္သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈအဖြဲ႕မွ ဆက္လက္ ေထာက္ပံ့ေရးမ်ား ေဆာင္ရြက္ေပးသြားမည္ျဖစ္ ေၾကာင္း သိရသည္။


ထို႔ေနာက္ ၿမိဳ႕မိ/ၿမိဳ႕ဖ ဦးေဇာ္လတ္က မေမၽွာ္လင့္ပဲေဘးဒုကၡၾကဳံေတြ႕ၾကရသည့္ ျပည္သူမ်ားအတြက္ ဝမ္းနည္းေၾကာင္းႏွင့္ စုစုေပါင္းေငြက်ပ္ သိန္းေပါင္း(၁၆၀၀) လႉဒါန္းလက္ခံရရွိ မႈမ်ားအတြက္ ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့သည္။

ဖားကန႔္ၿမိဳ႕နယ္၊ ေဝွခါေက်းရြာ၌ က်င္းေျမၿပိဳေဘးေၾကာင့္ ယေန႔ ေန႔လည္ပိုင္းအထိ ေသဆုံးသူ ၁၆၂ ဦးႏွင့္ ဒဏ္ရာရရွိ သူ ၄၃ ဦးရွိေနၿပီလည္း ျဖစ္သည္ ။Source : Kachin News

UNICODE

ဖားကန့် ကျင်းကမ်းပါးပြိုကျမှုဖြစ်စဉ်မှ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေပေး သိန်း ၁၆၀၀ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်လှူဒါန်းပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ် ရေးလုပ်ငန်း၊ လုံးခင်း-ဖားကန့်တူးဖော်ရေးဌာနနှင့် ဖားကန့်မြို့နယ်ကျောက်မျက်လုပ်ငန်း ရှင်များအသင်း၊ KNDPC ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတို့မှ

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ အုပ်စု၊ ဝှေခါကျေးရွာမှ ကျင်းကမ်းပါး မြေပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ပေးအပ်လှူဒါန်းခဲ့ရာ သိန်း ၁၆၀၀ ရရှိကြောင်း သိရသည်။


ထောက်ပံ့လှူဒါန်းပေးအပ်ပွဲတွင် ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီး ဦးဒါရှီလဆိုင်းက ကချင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ထောက်ပံ့ငွေကျပ် သိန်း(၅၀၀)၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊

လုံးခင်း-ဖားကန့်တူးဖော်ရေးဌာနနှင့် ဖားကန့် မြို့နယ်ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ ထောက်ပံ့ငွေကျပ် သိန်း(၅၀၀)နှင့် KNDPC ကျောက်မျက်ကုမ္ပဏီမှ ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)၊ စုစုပေါင်းငွေကျပ်သိန်း ၁၁၀၀ လှူဒါန်းမှုအား ဖားကန့်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က လက်ခံရယူခဲ့သည်။

အလားတူ ယနေ့နံနက် ၁၁ နာရီခွဲခန့်က တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု ကိုယ်စား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်က လှူဒါန်းထောက်ပံ့ငွေကျပ် သိန်း (၅၀၀)နှင့် ဆန်အိတ်(၁၀၀)၊

ဆီ(၂၃၂)ပိဿာ၊ ဆား(၈၀)ပိဿာနှင့် ပဲ(၃၀၀)ပိဿာတို့အား ကျင်းကမ်းပါး မြေပြိုဘေးသင့် ပြည်သူများအတွက် ပေးအပ်ခဲ့ပြီး ကျင်းမြေပြိုမှုကြောင့် သေဆုံးရသူများ၏ မိသားစုဝင်များနှင့် ဒဏ်ရာရရှိသူများအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှ ဆက်လက် ထောက်ပံ့ရေးများ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။


ထို့နောက် မြို့မိ/မြို့ဖ ဦးဇော်လတ်က မမျှော်လင့်ပဲဘေးဒုက္ခကြုံတွေ့ကြရသည့် ပြည်သူများအတွက် ဝမ်းနည်းကြောင်းနှင့် စုစုပေါင်းငွေကျပ် သိန်းပေါင်း(၁၆၀၀) လှူဒါန်းလက်ခံရရှိ မှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၌ ကျင်းမြေပြိုဘေးကြောင့် ယနေ့ နေ့လည်ပိုင်းအထိ သေဆုံးသူ ၁၆၂ ဦးနှင့် ဒဏ်ရာရရှိ သူ ၄၃ ဦးရှိနေပြီလည်း ဖြစ်သည် ။Source : Kachin News

Close