ရန္ကုန္ကို ေလာ့ေဒါင္းခ် လိုက္ရင္ ဘာေတြ ျဖစ္လာႏိုင္လဲ? (ေလာ့ေဒါင္းဟာ ကူးစက္မႈ ကို တကယ္ ႏွိမ္နင္းႏိုင္မွာလား)

ျပည္သူေတြက ရန္ကုန္ကို ဘာလို႔ ေလာ့ေဒါင္း လုပ္ေစ ခ်င္တာလဲ ။ အစိုးရ ရဲ႕ Stay Home အမိန႔္မွာ အစိုးရအလုပ္ ကုမၸဏီ စက္႐ုံ အလုပ္႐ုံ အေရာင္းဆိုင္ မ်ားသို႔ သြားေရာက္လုပ္ကိုင္ရေသာသူမ်ားမပါလို႔ေရးထားပါတယ္ ။ ရခိုင္မွာလည္း Stay Home အမိန႔္ထုတ္တယ္ ရန္ကုန္မွာလည္း Stay Home အမိန႔္ ထုတ္တယ္ ရခိုင္က ပိုးကူးဆက္မႉ ရပ္တန႔္သြားၿပီး ရန္ကုန္က ပိုးကူးဆက္မႈ ျမင့္တက္ေနဆဲ ဘာကြာလဲ ။ ကြာပါတယ္ ။ ရခိုင္ ဟာ နယ္ၿမိဳ႕ျဖစ္ၿပီး ရန္ကုန္က စီးပြားေရး ၿမိဳ႕ေတာ္ပါ ။ ရခိုင္တင္မက တျခားျပည္နယ္ေတြမွာ ကိုဗစ္ကူးဆက္မႈျဖစ္ၿပီ ဆိုတာနဲ႔ အဒီ ၿမိဳ႕ အဒီအရပ္ေဒသကလူေတြက အျပင္မထြက္ၾကေတာ့ဘူး ။

အကုန္လုံးနီးပါး ကိုယ့္အိမ္မွာကိုပဲ ေအးေအးေဆးေဆး ေနၾကတယ္ ။ အျပင္ထြက္ဝယ္စရာရွိရင္လည္း ဆိုင္ကယ္ေလးနဲ႔ ခပ္သုပ္သုပ္ထြက္ဝယ္ ျပန္လာ ဒါပဲ ။ ဘာျဖစ္လို႔လဲဆိုရင္ နယ္ၿမိဳ႕ေတြ မွာက အစိုးရအလုပ္သမား ကုမၸဏီအလုပ္သမားဆိုတာ လက္ခ်ိဳးေရလို႔ရၿပီး အားလုံးက ကုန္သည္ ကုန္စုံဆိုင္ နဲ႔ သီးသန႔္ စီးပြားေရးလုပ္ငန္း လယ္ယာကိုင္းကြၽန္းလုပ္တဲ့အခါ ကိုဗစ္ျဖစ္တာနဲ႔ ကိုယ့္လုပ္ငန္းကိုပိတ္ ဆိုင္ေတြပိတ္ အိမ္ထဲမွာ တခါးပိတ္ၿပီး ေနၾကပါတယ္ ။ ရန္ကုန္ကေတာ့ တႏိုင္ငံလုံးနဲ႔ တျခားစီပါ ။ Stay Home အမိန႔္မွာ အလုပ္ သြားသူမ်ား မပါဝင္ပါလို႔ ထည့္ေရးထားတဲ့အခါ အလုပ္ရွင္ေတြက ဘယ္အလုပ္သမားကိုမွ အလုပ္ပ်က္ခြင့္မေပးပါဘူး ။ Work From Home ဆိုတာ လုပ္ငန္းတိုင္းအတြက္ အဆင္မေျပပါဘူး ။ အဒီမွာ အလုပ္သမားေတြက အလုပ္ေတြ ကုမၸဏီေတြ စားေသာက္ဆိုင္ေတြ စက္႐ုံေတြ အလုပ္႐ုံေတြကို ျငင္းပယ္ခြင့္မရွိပဲ တက္ရပါတယ္ ။

အလုပ္သြားတဲ့အခါမွာလည္း ကိုယ္ပိုင္ကားမရွိၾကတဲ့အခါ အမ်ားျပည္သူသုံး Busကား ရထား ဖယ္ရီ ႀကိဳပို႔ယာဥ္ေတြကိုပဲ အားကိုးၿပီး စီးရပါတယ္ ။ သူတို႔လည္း ပိုးကူးခံၿပီး ဘယ္စီးခ်င္ပါ့မလဲ ။ ဒါေပမယ့္ အစိုးရ ရဲ႕ Stay Home က သူတို႔အတြက္ အက်ဳံးမဝင္တဲ့ အခါ အိမ္မွာေနပါ အိမ္ျပင္မထြက္ၾကပါနဲ႔ ဆိုတဲ့ စကားဟာ မွီခိုေတြ လုပ္ငန္းရွင္ေတြ ေဘာစိေတြ လူလြတ္ေတြ အတြက္ မွန္ေကာင္းမွန္ေနမယ္ သူတို႔အတြက္ကေတာ့ ဘာဆိုဘာမွကို မထူးျခားတဲ့ ေျပာင္းလဲသြားျခင္းမရွိတဲ့ အမိန႔္တခုအျပင္မပိုဘူး ။ အလုပ္႐ုံေတြ စက္႐ုံေတြ ကုမၸဏီေတြ လုပ္ငန္းေတြ မပိတ္တဲ့အခါမွာ လူေတြက အျပင္ထြက္လာရတယ္ လမ္းေပၚတက္ရတယ္ ။ ကူးလူးဆက္သြယ္မႈေတြလုပ္ရတယ္ ။

unicode

ပြည်သူတွေက ရန်ကုန်ကို ဘာလို့ လော့ဒေါင်း လုပ်စေ ချင်တာလဲ ။ အစိုးရ ရဲ့ Stay Home အမိန့်မှာ အစိုးရအလုပ် ကုမ္ပဏီ စက်ရုံ အလုပ်ရုံ အရောင်းဆိုင် များသို့ သွားရောက်လုပ်ကိုင်ရသောသူများမပါလို့ရေးထားပါတယ် ။ ရခိုင်မှာလည်း Stay Home အမိန့်ထုတ်တယ် ရန်ကုန်မှာလည်း Stay Home အမိန့် ထုတ်တယ် ရခိုင်က ပိုးကူးဆက်မှူ ရပ်တန့်သွားပြီး ရန်ကုန်က ပိုးကူးဆက်မှု မြင့်တက်နေဆဲ ဘာကွာလဲ ။ ကွာပါတယ် ။ ရခိုင် ဟာ နယ်မြို့ဖြစ်ပြီး ရန်ကုန်က စီးပွားရေး မြို့တော်ပါ ။ ရခိုင်တင်မက တခြားပြည်နယ်တွေမှာ ကိုဗစ်ကူးဆက်မှုဖြစ်ပြီ ဆိုတာနဲ့ အဒီ မြို့ အဒီအရပ်ဒေသကလူတွေက အပြင်မထွက်ကြတော့ဘူး ။

အကုန်လုံးနီးပါး ကိုယ့်အိမ်မှာကိုပဲ အေးအေးဆေးဆေး နေကြတယ် ။ အပြင်ထွက်ဝယ်စရာရှိရင်လည်း ဆိုင်ကယ်လေးနဲ့ ခပ်သုပ်သုပ်ထွက်ဝယ် ပြန်လာ ဒါပဲ ။ ဘာဖြစ်လို့လဲဆိုရင် နယ်မြို့တွေ မှာက အစိုးရအလုပ်သမား ကုမ္ပဏီအလုပ်သမားဆိုတာ လက်ချိုးရေလို့ရပြီး အားလုံးက ကုန်သည် ကုန်စုံဆိုင် နဲ့ သီးသန့် စီးပွားရေးလုပ်ငန်း လယ်ယာကိုင်းကျွန်းလုပ်တဲ့အခါ ကိုဗစ်ဖြစ်တာနဲ့ ကိုယ့်လုပ်ငန်းကိုပိတ် ဆိုင်တွေပိတ် အိမ်ထဲမှာ တခါးပိတ်ပြီး နေကြပါတယ် ။ ရန်ကုန်ကတော့ တနိုင်ငံလုံးနဲ့ တခြားစီပါ ။ Stay Home အမိန့်မှာ အလုပ် သွားသူများ မပါဝင်ပါလို့ ထည့်ရေးထားတဲ့အခါ အလုပ်ရှင်တွေက ဘယ်အလုပ်သမားကိုမှ အလုပ်ပျက်ခွင့်မပေးပါဘူး ။ Work From Home ဆိုတာ လုပ်ငန်းတိုင်းအတွက် အဆင်မပြေပါဘူး ။ အဒီမှာ အလုပ်သမားတွေက အလုပ်တွေ ကုမ္ပဏီတွေ စားသောက်ဆိုင်တွေ စက်ရုံတွေ အလုပ်ရုံတွေကို ငြင်းပယ်ခွင့်မရှိပဲ တက်ရပါတယ် ။

အလုပ်သွားတဲ့အခါမှာလည်း ကိုယ်ပိုင်ကားမရှိကြတဲ့အခါ အများပြည်သူသုံး Busကား ရထား ဖယ်ရီ ကြိုပို့ယာဉ်တွေကိုပဲ အားကိုးပြီး စီးရပါတယ် ။ သူတို့လည်း ပိုးကူးခံပြီး ဘယ်စီးချင်ပါ့မလဲ ။ ဒါပေမယ့် အစိုးရ ရဲ့ Stay Home က သူတို့အတွက် အကျုံးမဝင်တဲ့ အခါ အိမ်မှာနေပါ အိမ်ပြင်မထွက်ကြပါနဲ့ ဆိုတဲ့ စကားဟာ မှီခိုတွေ လုပ်ငန်းရှင်တွေ ဘောစိတွေ လူလွတ်တွေ အတွက် မှန်ကောင်းမှန်နေမယ် သူတို့အတွက်ကတော့ ဘာဆိုဘာမှကို မထူးခြားတဲ့ ပြောင်းလဲသွားခြင်းမရှိတဲ့ အမိန့်တခုအပြင်မပိုဘူး ။ အလုပ်ရုံတွေ စက်ရုံတွေ ကုမ္ပဏီတွေ လုပ်ငန်းတွေ မပိတ်တဲ့အခါမှာ လူတွေက အပြင်ထွက်လာရတယ် လမ်းပေါ်တက်ရတယ် ။ ကူးလူးဆက်သွယ်မှုတွေလုပ်ရတယ် ။