Knowledge

စကားႂကြယ္တဲ့ အရက္သမား ဘုန္းႀကီးနဲ႔ ေတြ႕တဲ့အခါ

စကားႂကြယ္တဲ့ အရက္သမား ဘုန္းႀကီးနဲ႔ ေတြ႕တဲ့အခါ


တစ္ေန႔ေတာ့ ဘုန္းႀကီးေက်ာင္းကို လူတစ္ေယာက္က ေရာက္လာၿပီး “အရွင္ဘုရား … အရက္ေသာက္တာ အျပစ္ရွိသလားဘုရား”

“ရွိပါတယ္ ဒကာ”“ဒါဆို တစ္ခု ေမးပါရေစဘုရား”

“ေမးပါ ဒကာ” “စပ်စ္သီးစားတာ အျပစ္ရွိလားဘုရား”

“မရွိပါ ဒကာ”“စပ်စ္သီးနဲ႔ ေရနဲ႔ ေရာေသာက္ရင္ေရာ ဘုရား”

“အျပစ္မျဖစ္ပါ” “စပ်စ္သီးထဲကို ေရထည့္၊ အဲဒီအထဲကို တေဆးေလးနည္းနည္းထည့္ၿပီး ေဖာက္ထားတာကို ေသာက္ရင္ အျပစ္ျဖစ္သလားဘုရား”

“ဘာကို ေျပာတာလဲ ဒကာ” “စပ်စ္သီးရယ္၊ ေရရယ္၊ တေဆးရယ္ ေရာလိုက္ရင္ အရက္ျဖစ္သြားတယ္ ဘုရား။ ဒါေၾကာင့္ အဲဒီလို လုပ္ေသာက္တာဟာ အျပစ္ျဖစ္ႏိုင္ပါ့မလား”ဘုရား

ဆရာေတာ္က ဘာျပန္ေျပာရမွန္းမသိ ေခတၱ စဥ္းစားလိုက္ၿပီးေနာက္ “ဒကာႀကီး”

“ဘုရား”“ေဟာ ဒီ ေျမမႈန႔္နည္းနည္းကို ဒကာႀကီးေခါင္းေပၚ ျဖဴးလိုက္မယ္ … နာလား”

“ဘယ္ နာမွာလဲ ဘုရား “ဟုတ္ၿပီ … အဲဒီ ေျမမႈန္ကို ေရနဲ႔ နယ္ၿပီးေတာ့ ဒကာႀကီး မ်က္ႏွာကို ပက္မယ္ဆိုရင္ နာမလား”

“မနာပါဘူးဘုရား” “ေကာင္းၿပီေလ … အဲဒီ ေျမမႈန္ရယ္၊ ေရရယ္ ေရာနယ္ထားၿပီး ဖုတ္ထားတဲ့ အုတ္နဲ႔ ဒကာႀကီးေခါင္းကို ထုမယ္ ဆိုရင္ေရာ”

ဒကာက ဆရာေတာ္ကို ဦးကုန္းခ်တယ္။ “တပည့္ေတာ္ သေဘာေပါက္သြားပါၿပီဘုရား”

“ေအး … သာဓု … သာဓု … သာဓု”

*တင္ၫြန႔္* *စကားအရာ ႂကြယ္ဝ ၾကပါေစ*

UNICODE

စကားကြွယ်တဲ့ အရက်သမား ဘုန်းကြီးနဲ့ တွေ့တဲ့အခါ

တစ်နေ့တော့ ဘုန်းကြီးကျောင်းကို လူတစ်ယောက်က ရောက်လာပြီး “အရှင်ဘုရား … အရက်သောက်တာ အပြစ်ရှိသလားဘုရား”

“ရှိပါတယ် ဒကာ”“ဒါဆို တစ်ခု မေးပါရစေဘုရား”

“မေးပါ ဒကာ” “စပျစ်သီးစားတာ အပြစ်ရှိလားဘုရား”

“မရှိပါ ဒကာ”“စပျစ်သီးနဲ့ ရေနဲ့ ရောသောက်ရင်ရော ဘုရား”

“အပြစ်မဖြစ်ပါ” “စပျစ်သီးထဲကို ရေထည့်၊ အဲဒီအထဲကို တဆေးလေးနည်းနည်းထည့်ပြီး ဖောက်ထားတာကို သောက်ရင် အပြစ်ဖြစ်သလားဘုရား”

“ဘာကို ပြောတာလဲ ဒကာ” “စပျစ်သီးရယ်၊ ရေရယ်၊ တဆေးရယ် ရောလိုက်ရင် အရက်ဖြစ်သွားတယ် ဘုရား။ ဒါကြောင့် အဲဒီလို လုပ်သောက်တာဟာ အပြစ်ဖြစ်နိုင်ပါ့မလား”ဘုရား

ဆရာတော်က ဘာပြန်ပြောရမှန်းမသိ ခေတ္တ စဉ်းစားလိုက်ပြီးနောက် “ဒကာကြီး”

“ဘုရား”“ဟော ဒီ မြေမှုန့်နည်းနည်းကို ဒကာကြီးခေါင်းပေါ် ဖြူးလိုက်မယ် … နာလား”

“ဘယ် နာမှာလဲ ဘုရား “ဟုတ်ပြီ … အဲဒီ မြေမှုန်ကို ရေနဲ့ နယ်ပြီးတော့ ဒကာကြီး မျက်နှာကို ပက်မယ်ဆိုရင် နာမလား”

“မနာပါဘူးဘုရား” “ကောင်းပြီလေ … အဲဒီ မြေမှုန်ရယ်၊ ရေရယ် ရောနယ်ထားပြီး ဖုတ်ထားတဲ့ အုတ်နဲ့ ဒကာကြီးခေါင်းကို ထုမယ် ဆိုရင်ရော”

ဒကာက ဆရာတော်ကို ဦးကုန်းချတယ်။ “တပည့်တော် သဘောပေါက်သွားပါပြီဘုရား”

“အေး … သာဓု … သာဓု … သာဓု”

*တင်ညွန့်* *စကားအရာ ကြွယ်ဝ ကြပါစေ*

Close