Covid ကာလ အႏုပညာေၾကးကို Q Center အသီးသီးမွ ေစတနာ့ဝန္ထမ္းေတြအတြက္ လႉဒါန္းသြားမယ့္ ေမလသံစဥ္

ေမလသံစဥ္ကေတာ့ ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈကို ရရွိထားတဲ့ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ အဆိုေတာ္တစ္ေယာက္ပဲျဖစ္ပါတယ္။လတ္တေလာမွာေတာ့ ေမလသံစဥ္က Quarantine Center ေတြမွာ Q အေရအတြက္နဲ႔ Volunteer အင္အားမမွ်တာအခက္အခဲေတြျဖစ္ေနၾကတာေတြအတြက္ သူတတ္ႏိုင္တဲ့ ဘက္ကေန ကူညီသြားဖို႔ ႀကိဳးစားေနခဲ့ပါတယ္။

ေမလသံစဥ္ကေတာ့ Covid ကာလမွာ Live လႊင့္ေဈးေရာင္းဖို႔ အလုပ္လာအပ္တာေတြကို အရင္လိုမျငင္းေတာ့ဘဲ လက္ခံၿပီး Live လႊင့္ေဈးေရာင္းရာကေန ရရွိလာတဲ့ အႏုပညာေၾကးအားလုံးကို ကိုယ္က်ိဳးမငဲ့ဘဲ အနစ္နာခံေဆာင္႐ြက္ေနတဲ့ Q Center အသီးသီးမွ ေစတနာ့ဝန္ထမ္း Volunteerမ်ား အတြက္ ကူညီပံ့ပိုးေပးသြားဖို႔ ဆုံးျဖတ္ထားပါတယ္တဲ့။ အရင္က Covid ကာလ ဘာအလုပ္မွ မလုပ္ေတာ့ဖို႔ စိတ္ကူးထားေပမဲ့ အခုေတာ့ တတ္ႏိုင္သေလာက္ပါဝင္ကူညီခ်င္တဲ့ စိတ္ေလးျဖစ္မိတာေၾကာင့္ အခုလို ဆုံးျဖတ္မိတာလို႔လည္း သိရွိရပါတယ္။

ၿပီးခဲ့တဲ့ ရက္အနည္းငယ္ေလာက္ကလည္း ေမလက ေစတနာ့ဝန္ထမ္းေတြအတြက္ ဂုဏ္ျပဳတဲ့ သီခ်င္းေလးတစ္ပုဒ္ကိုလည္း ကိုယ္တိုင္ေရးဖြဲ႕ဖန္တီးေနခဲ့ပါေသးတယ္။ပရိသတ္ႀကီးေရ ေမလသံစဥ္ရဲ႕ စိတ္ဓာတ္ေလးကလည္း ေလးစားခ်ီးက်ဴးထိုက္ပါေပတယ္ေနာ္။

Credit – CeleZone
Source – May Melody

UNICODE

မေလသံစဉ်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။လတ်တလောမှာတော့ မေလသံစဉ်က Quarantine Center တွေမှာ Q အရေအတွက်နဲ့ Volunteer အင်အားမမျှတာအခက်အခဲတွေဖြစ်နေကြတာတွေအတွက် သူတတ်နိုင်တဲ့ ဘက်ကနေ ကူညီသွားဖို့ ကြိုးစားနေခဲ့ပါတယ်။

မေလသံစဉ်ကတော့ Covid ကာလမှာ Live လွှင့်ဈေးရောင်းဖို့ အလုပ်လာအပ်တာတွေကို အရင်လိုမငြင်းတော့ဘဲ လက်ခံပြီး Live လွှင့်ဈေးရောင်းရာကနေ ရရှိလာတဲ့ အနုပညာကြေးအားလုံးကို ကိုယ်ကျိုးမငဲ့ဘဲ အနစ်နာခံဆောင်ရွက်နေတဲ့ Q Center အသီးသီးမှ စေတနာ့ဝန်ထမ်း Volunteerများ အတွက် ကူညီပံ့ပိုးပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်တဲ့။ အရင်က Covid ကာလ ဘာအလုပ်မှ မလုပ်တော့ဖို့ စိတ်ကူးထားပေမဲ့ အခုတော့ တတ်နိုင်သလောက်ပါဝင်ကူညီချင်တဲ့ စိတ်လေးဖြစ်မိတာကြောင့် အခုလို ဆုံးဖြတ်မိတာလို့လည်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကလည်း မေလက စေတနာ့ဝန်ထမ်းတွေအတွက် ဂုဏ်ပြုတဲ့ သီချင်းလေးတစ်ပုဒ်ကိုလည်း ကိုယ်တိုင်ရေးဖွဲ့ဖန်တီးနေခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ မေလသံစဉ်ရဲ့ စိတ်ဓာတ်လေးကလည်း လေးစားချီးကျူးထိုက်ပါပေတယ်နော်။

Credit – CeleZone
Source – May Melody