Local

တနလၤာသားသမီးမ်ားအတြက္ ၂၀၂၀ခုႏွစ္(၇)လပိုင္း တစ္လစာေဟာစာတမ္း

တနလၤာသားသမီးမ်ားအတြက္ ၂၀၂၀ခုႏွစ္(၇)လပိုင္း တစ္လစာေဟာစာတမ္း

တနလၤာ သားသမီးမ်ားဟာ ဒီလအတြင္း စီးပြားေရး ၊ လူမႈေရး ၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ား အတြက္ ဗုဒၶဟူး သားသမီး မ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ ။ယခုရက္ပိုင္း အတြင္း စိတ္တိုင္း မက်စရာေတြ မ်ားေနသလို စိတ္ႏွစ္ခြ ျဖစ္စရာ ေတြ ရွိေနတတ္ပါတယ္ ။လုပ္ငန္းခြင္ အတြင္း စိတ္ညစ္စရာ ေတြေၾကာင့္ အလုပ္ ကေန ထြက္ေျပး ခ်င္စိတ္ေတြ ျဖစ္ေနရင္ ခဏခြင့္ယူလိုက္ပါ ။ အလုပ္ မထြက္ပါနဲ႔ဦး ။

ခရီးသြားဖို႔ စီစဥ္ထား ရင္ မထင္မွတ္ဘဲ အထစ္ အေငါ့ ျဖစ္ကာ စိတ္ညစ္ရတတ္ ေပမယ့္ ခရီးသြား လုပ္ငန္းေတြ အခ်ိန္ေကာင္းမ်ား ႀကဳံရတတ္တဲ့ အခ်ိန္ပါ ။ဒီရက္ေတြမွာ အေဝးက မိတ္ေဆြေကာင္းေတြ ရတတ္ ပါတယ္ ။မိသားစုနဲ႔ မိတ္ေကာင္း ေဆြေကာင္းေတြ ေစာင့္ေရွာက္မႈ ရတတ္ ပါတယ္ ။စပ္တူ ကိစၥေတြ စာခ်ဳပ္နဲ႔ လုပ္ရတဲ့ လုပ္ငန္းေတြကေတာ့ ဒီရက္ပိုင္း ေကာင္းေနပါတယ္ ။

က်န္းမာေရး ကေတာ့ အစား စားခ်ိန္ မမွန္တာ ၊ ခါး ၊ အစာအိမ္ ေရာဂါေတြကို ဂ႐ုစိုက္သင့္ ပါတယ္ ။ပညာေရးကံ ေကာင္းေနသလို ပညာသင္ခြင့္ေတြ ရတတ္ပါတယ္ ။အိမ္ေထာင္ရွင္မ်ား ထင္သေလာက္ ခရီးလမ္း ေပါက္ေနေပမယ့္ ခ်စ္သူေတြ ကေတာ့ အဆင္မေျပ ျဖစ္တတ္ ပါတယ္ ။

ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား ယခု တပတ္လုံး ႐ြက္လွပန္းျဖင့္ ပူေဇာ္ကပ္လႉပါ ။

အိမ္ေထာင္ေရး ၊ ႏွလုံးသားေရး အဆင္ မေျပသူမ်ား ။ ။ အိမ္ထဲရွိ ဗူးခြံေဟာင္း မ်ား၊စကၠဴ ဗူးခြံမ်ား လႊတ္ပစ္ပါ ။

အလုပ္ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား ။ ။ ဘုရားေစတီမ်ားရွိ ဗုဒၶဟူး ေထာင့္တြင္ ေမတၱာသုတ္ သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ ။

လူမႈေရး အတိုက္အခံ မ်ားသူမ်ား ။ ။ ေစတီရင္ျပင္တြင္ အမႈိက္မ်ား ရွင္းလင္းေပးျခင္းက အေကာင္းဆုံး ျဖစ္သည္ ။

က်န္းမာေရး မေကာင္းသူမ်ား ။ ။ ကန္ရွိသည့္ ဘုရားေစတီပုထိုး သို႔ သြားကာ ငါး သက္ေစ့ လႊတ္ေပးပါ ။

ျပည္ပ ထြက္ခြာလိုသူမ်ား ။ ။ ဂုဏ္ေတာ္ကြန္ျခာကို ေန႔စဥ္ မနက္ည ပုံမွန္ ၉ ပတ္ရေအာင္ စိပ္ေပးပါ ။

ထီကံ ေကာင္းလိုသူမ်ား ။ ။ ကားႏွင့္ ေရာင္းေသာ ထီဆိုင္ သင့္ေရွ႕ေရာက္ လာပါက ၄ ဂဏန္းမ်ား မ်ားပါေသာ ထီဂဏန္းကို ထိုးလိုက္ပါ ။

ေလးစားစြာျဖင့္#ေပသီး#

UNICODE

တနင်္လာသားသမီးများအတွက် ၂၀၂၀ခုနှစ်(၇)လပိုင်း တစ်လစာဟောစာတမ်း
July 3, 2020 UpdateNew ဗေဒင် ၊ယတြာ 0

တနင်္လာသားသမီးများအတွက် ၂၀၂၀ခုနှစ်(၇)လပိုင်း တစ်လစာဟောစာတမ်း

တနင်္လာ သားသမီးများဟာ ဒီလအတွင်း စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး အောင်မြင်လိုသော ကိစ္စများ အတွက် ဗုဒ္ဓဟူး သားသမီး များနှင့် တိုင်ပင်ဆောင်ရွက်ပါ ။ယခုရက်ပိုင်း အတွင်း စိတ်တိုင်း မကျစရာတွေ များနေသလို စိတ်နှစ်ခွ ဖြစ်စရာ တွေ ရှိနေတတ်ပါတယ် ။လုပ်ငန်းခွင် အတွင်း စိတ်ညစ်စရာ တွေကြောင့် အလုပ် ကနေ ထွက်ပြေး ချင်စိတ်တွေ ဖြစ်နေရင် ခဏခွင့်ယူလိုက်ပါ ။ အလုပ် မထွက်ပါနဲ့ဦး ။

ခရီးသွားဖို့ စီစဉ်ထား ရင် မထင်မှတ်ဘဲ အထစ် အငေါ့ ဖြစ်ကာ စိတ်ညစ်ရတတ် ပေမယ့် ခရီးသွား လုပ်ငန်းတွေ အချိန်ကောင်းများ ကြုံရတတ်တဲ့ အချိန်ပါ ။ဒီရက်တွေမှာ အဝေးက မိတ်ဆွေကောင်းတွေ ရတတ် ပါတယ် ။မိသားစုနဲ့ မိတ်ကောင်း ဆွေကောင်းတွေ စောင့်ရှောက်မှု ရတတ် ပါတယ် ။စပ်တူ ကိစ္စတွေ စာချုပ်နဲ့ လုပ်ရတဲ့ လုပ်ငန်းတွေကတော့ ဒီရက်ပိုင်း ကောင်းနေပါတယ် ။

ကျန်းမာရေး ကတော့ အစား စားချိန် မမှန်တာ ၊ ခါး ၊ အစာအိမ် ရောဂါတွေကို ဂရုစိုက်သင့် ပါတယ် ။ပညာရေးကံ ကောင်းနေသလို ပညာသင်ခွင့်တွေ ရတတ်ပါတယ် ။အိမ်ထောင်ရှင်များ ထင်သလောက် ခရီးလမ်း ပေါက်နေပေမယ့် ချစ်သူတွေ ကတော့ အဆင်မပြေ ဖြစ်တတ် ပါတယ် ။

ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား ယခု တပတ်လုံး ရွက်လှပန်းဖြင့် ပူဇော်ကပ်လှူပါ ။

အိမ်ထောင်ရေး ၊ နှလုံးသားရေး အဆင် မပြေသူများ ။ ။ အိမ်ထဲရှိ ဗူးခွံဟောင်း များ၊စက္ကူ ဗူးခွံများ လွှတ်ပစ်ပါ ။

အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ ။ ။ ဘုရားစေတီများရှိ ဗုဒ္ဓဟူး ထောင့်တွင် မေတ္တာသုတ် သက်စေ့ရွတ်ဆိုပူဇော်ပါ ။

လူမှုရေး အတိုက်အခံ များသူများ ။ ။ စေတီရင်ပြင်တွင် အမှိုက်များ ရှင်းလင်းပေးခြင်းက အကောင်းဆုံး ဖြစ်သည် ။

ကျန်းမာရေး မကောင်းသူများ ။ ။ ကန်ရှိသည့် ဘုရားစေတီပုထိုး သို့ သွားကာ ငါး သက်စေ့ လွှတ်ပေးပါ ။

ပြည်ပ ထွက်ခွာလိုသူများ ။ ။ ဂုဏ်တော်ကွန်ခြာကို နေ့စဉ် မနက်ည ပုံမှန် ၉ ပတ်ရအောင် စိပ်ပေးပါ ။

ထီကံ ကောင်းလိုသူများ ။ ။ ကားနှင့် ရောင်းသော ထီဆိုင် သင့်ရှေ့ရောက် လာပါက ၄ ဂဏန်းများ များပါသော ထီဂဏန်းကို ထိုးလိုက်ပါ ။

လေးစားစွာဖြင့်#ပေသီး#

Close