သစ်ရွက်လေးတွေနဲ့ အနုစိတ်လွန်းလှတဲ့ရုပ်ပုံတွေကို ဖန်တီးပုံဖော်ခဲ့သူ

ပန်းချီအနုပညာဝါသနာပါတဲ့သူတွေက ဘယ်အရာနဲ့မဆို ၎င်းတို့လိုချင်တက်မက်တဲ့ပုံစံအတိုင်း ဖန်တီးရေးဆွဲနိုင်ကြပါတယ် ။ စာရွက် ၊ ခဲတံ နှင့် ရောင်စုံတွေရှိနေမှ မဟုတ်ပါဘူး ။

ဒီတစ်ခေါက်မှာလည်း ဂျပန်နိုင်ငံကပန်ချီဆရာတစ်ဦးဟာ Instagram မှာ ‘ Lito Leaf art ‘ ဆိုတဲ့ အမည်နဲ့ သူ၏အနုပညာဖန်တီးရေဆွဲထားတဲ့ပုံတွေကို ဝေမျှခဲ့ပါတယ် ။

အဲတာကတော့ သစ်ရွက်လေးတွေကို အပေါက်လေးတွေဖောက်ပြီး တိရစ္ဆာန်ပုံတွေ ၊ လူနေအိမ်ပုံတွေ နဲ့ ပင်လယ် သမုဒ္ဒရာ နှင့် သဘာဝပတ်ဝန်းကျင်တွေကို ပုံဖော်ဖန်တီးထားတာပဲ ဖြစ်ပါတယ် ။ အဆိုပါဖန်တီးမှုတွေဟာ အနုစိတ်လွန်းလို့ အချိန်အတော်လေးယူရပါတယ် ။

အခုလို သစ်ရွက်တွေကို ဖြတ်ပြီးပုံဖော်မှုမလုပ်ခင် ၊ စာရွက်တွေကိုသာ အသုံးပြုခဲ့ပါတယ် ၊ ဒါပေမဲ့ ဒီလောက်ကြီး စိတ်ဝင်စားမှုမရှိခဲ့ပါဘူး ၊ စပိန်နိုင်ငံက ပန်းချီဆရာတစ်ယောက်ရဲ့ သစ်ရွက်တွေနဲ့ဖန်တီးပုံဖော်ထားတဲ့ ရုပ်ပုံတွေကိုမြင်တော့ကျွန်တော် အတော်လေးအံ့သြမိပြီး

ဒီလိုဖန်တီးမှုမျိုးစလုပ်မိခဲ့တာပါ ‘ ဆိုပြီး ပန်ချီဆရာက ပြောပြခဲ့ပါတယ် ။ အခုဆိုရင်တော့ ပန်းချီဆရာ Lito ဟာ Instagram မှာ follower ပေါင်း 27k ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ် ။

ယခုလိုဖန်တီးမှုမျိုး ဆက်လက်ပြီး ပြုလုပ်သွားမည်ဖြစ်ကြောင်း ပန်းချီဆရာက ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)