Knowledge

အလုပ်လက်မဲ့ အခြေအနေနဲ့ ကြုံလာရင် လုပ်သင့်တဲ့ အချက်(၅)ချက်

လက်ရှိကာလက တော့ လူတိုင်း လိုလို အနည်းနဲ့ အများဆိုသလို စီးပွားရေးတွေ ထိ ခိုက် ပျက်စီးေ နရတဲ့ အချိန် ပါ။ ကိုရိုနာ ကပ် ဘေး ကြောင့် စီးပွားရေး လုပ်ငန်းတွေ အထိ နာခဲ့ရပါတယ်။စီးပွားရေးအထိ နာ မှု ရဲ့ နောက် ဆက် တွဲ က တော့ ၀န် ထမ်း တွေ အပေါ် တိုက်ရိုက် သက်ရောက် စေခဲ့ပါတယ်။ကိုဗစ်ကာလမှာ အ ကြောင်း ကြောင်း ကြောင့် မျှော်လင့် မထားပဲ အလုပ်လက်မဲ့ အ နေ အထားကို ရောက်ခဲ့မယ်ဆိုရင် တော့ အနည်းနဲ့ အများဆို သလို စိတ် ဓါတ်ကျ ၊၀မ်းနည်းရမှာ သချောပါတယ်။ဒါပေမယ့် စိတ်ဓါတ်ကျ နေလို့ တော့ ပြီးသွားမယ့် အ နေအထား မဟုတ်ပါဘူး။ဒါ ကြောင့် ဒီလို အ ခြေအ နေနဲ့ ကြုံ ရပြီဆိုရင် အောက်မှာ ဖော်ပြ ထားတဲ့ အချက် လေးတွေကို လုပ် ကြည့် ဖို့ အကြံပြု ချင်ပါတယ်။

ငွေ ပြန်စုပါ

ဟိုဟိုဒီဒီ ကိုယ် သူများကို ချေး ထားတဲ့ ပိုက်ဆံ တွေ ရှိရင် အဲ့ ငွေ တွေ ကို ပြန် တောင်းပါ။ကိုယ့် ရစရာ ရှိတဲ့ ပိုက် ဆံ မှန် သမျှ အကုန် ပြန်စုပါ။နောက်တစ်ခု က တော့ ထောက်ပံ့ ကြေးပါ။ဘယ်က နေ ထောက်ပံ့ ကြေး ရ နိုင်လဲ ၊ ရနိုင် သ လောက် အကုန်စုံစမ်း ပြီး ယူပါ။ကိုဗစ် ကြောင့် အလုပ်ရပ်ဆိုင်းခံလိုက်ရတဲ့ ၀န်ထမ်းတွေ အတွက် ထောက်ပံ့ ပေးတဲ့ အဖွဲ့ အစည်း တွေ ရှိလား၊ ရှိခဲ့ ရင် စုံစမ်း ပါ။မြန်မာနိုင်ငံမှာတော့ လူမှု ဖူလုံ ရေး အဖွဲ့က နေ လစဉ် ပေးဆောင် ခဲ့တဲ့ သူတွေ ကို ကိုဗစ်ကာလ မှာ အလုပ် ရပ်ဆိုင်ခံခဲ့ရရင် ဒါမှမဟုတ် အလုပ်ပိတ် ခဲ့တဲ့ ကာလ အတွင်း ထောက်ပံ့ ကြေး ပြန် ပေး ပါတယ်။(၄၀) ရာ ခိုင်နှုန်း ပေးတယ်ဆို လဲ နည်းတယ်၊များတယ် တွက် ချက်မ နေပဲ ဒီလို အချိန် မှာ ကိုယ်ဘယ် က နေ ပိုက် ဆံ ရ နိုင် လဲ ရ နိုင်တဲ့ နေရာ တွေ က နေ ရနိုင် သ လောက် တစ်ရာ နှစ်ရာ က အစ မချန်ပဲ အကုန်လိုက်စု ပါ။

Budget Plan ဆွဲ ပါ..

အပေါ် မှာ ပြောထားသလို ကိုယ့်မှာ ဘယ်က နေ ပိုက်ဆံ ရနိုင်မလဲ၊ရနိုင်တဲ့ ပိုက်ဆံ မှန် သမျှ ကို အကုန် လိုက် စု ပြီး ရင် တော့ Budget Plan တစ်ခု မဖြစ် မ နေကို ဆွဲပါ။ ကိုယ်လိုက်စု လို့ ရတဲ့ လက်ထဲ က ပိုက်ဆံ နဲ့ပဲ ဒီ Plan ကို ဆွဲပါ။ပြန် ပေး မယ်၊ရ စရာ ရှိတယ် ဆိုတဲ့ တကယ်လက်ထဲ ရောက်လာဖို့ ရာခိုင်နှုန်းနည်းတဲ့ ပိုက် ဆံ တွေ ကို ထည့် မတွက်ပါနဲ့။ပြီးရင် တော့ ကိုယ် လုပ်နေတဲ့ အလုပ်အကိုင်နဲ့ အလုပ်သစ် ရှာရင် ဘယ်လောက် ကြာ နိုင် လဲ ဆိုတဲ့ အချိန်ကို ထည့်တွက်ပါ။ဒီနေရာ မှာ တော့ အချိန်ကို ပို တွက် ပေးဖို့ မ နေ ပါနဲ့။လက်ရှိပိုက်ဆံ နဲ့ (၆) လ စ လောက် ဆိုရင် တစ်လ အသုံးစရိတ် ဘယ်လောက် ဆိုပြီး တွက် ချက် ပြီး သုံးပါ။လက်ရှိ ကိုယ့်ရဲ့ အသုံးစရိတ် နဲ့ ဘယ် စရိတ် တွေကို လျှော့ ချ လို့ ရနိုင် သေးလဲ ဆိုတာကိုပါ တခါတည်း တွက်ချက်ပါ။

long-term Plan တစ်ခု ဆွဲပါ

ဒါက တော့ ကိုယ့်ရဲ့ အ ခြေ အ နေ ပေါ် မူတည်ပါတယ်။အလုပ်သစ်ကို အမြန် ဆုံး မရမ နေ အ နေ အထား မျိုး လား၊ဒါမှမဟုတ် အလုပ်သစ်ကို အေးအေး အချိန် ပေးပြီး ရှာလို့ရတဲ့ အ နေအထားမျိုး လား ဆိုတာ ဆုံးဖြတ် ပါ။ မဖြစ် မ နေကို လုပ်မှ ဖြစ် မယ့် အ နေအထား ဆိုရင် တောင်မှ အချိန် တစ်ခု လောက် တော့ ကိုယ်ရော စိတ်ပါ နား ပြီး မှ အလုပ်သစ်ကို ရှာပါ။အဲ့လို မဟုတ်ဘူး။ အေး ဆေး မှ အလုပ်သစ် ရှာနိုင်တဲ့ အ နေအထား ဆိုရင် လက်ရှိ ကာလ အတွင်းမှာ ကိုယ့်ရဲ့ Career Life ကို တိုးတက် အောင် (ပိုက်ဆံလဲ အများကြီး ကုန်စရာ မလိုတဲ့) ဘာ တွေ လုပ် လို့ ရလဲ ဆိုတာကို သေချာ စဉ်းစားပါ။ဘာသာစကားတစ်ခုခု သင်တာပဲ ဖြစ်ဖြစ်၊တခြား ပညာရပ် တစ်ခုခု ကို သင်တာ ပဲ ဖြစ်ဖြစ် ကိုယ့် ဘ၀ တက်လမ်း အတွက် အကျိုးရှိတဲ့ တခုခုကို သင်ယူပါ။

သူငယ်ချင်း မိတ် ဆွေ တွေနဲ့ အဆက်အသွယ် မပြတ် နေပါ

ကိုယ်နဲ့ လုပ် ဖော်ကိုင်ဖက်ပဲ ဖြစ်ဖြစ်၊သူငယ်ချင်းမိတ် ဆွေ တွေနဲ့ပဲ ဖြစ်ဖြစ် အဆက် အသွယ် မပြတ် အောင် နေ ပေးပါ။ကိုယ့်ရဲ့ အ ပေါင်း အသင်း နယ်ပယ်ကို ချဲ့ ထွင် ထားတာဟာ နောက် အလုပ် သစ် တစ်ခု ရ ဖို့ အတွက် အများကြီး အ ထောက် အကူ ဖြစ် စေပါတယ်။ဒါကြောင့် အလုပ်က နား တယ်ဆိုတာနဲ့ အကုန်လုံးနဲ့ အဆက် အသွယ် ဖြတ် ပြီး တစ်ယောက်တည်း နေတာ မျိုး မလုပ်ပါနဲ့။

ကျန်းမာ ရေး လိုက်စားပါ

ဒီလို အချိန် မှာ ကျန်းမာ ရေး လိုက်စားတာက အ ကောင်းဆုံးပါ။အခုဆိုရင် ကိုယ့်မှာ အားလပ်ချိန် တွေ ပို ရလာတဲ့ အတွက် ကျန်းမာရေးကို အရင်ထက် ပိုပြီး လိုက်စားလို့ တောင် ရ နေပါပြီ။ကျန်းမာရေး ဆိုတဲ့ နေရာ မှာ ကိုယ် ခန္ဓာ တစ်ခု တည်းနဲ့ တင် မလုံ လောက်ပါဘူး။စိတ်ကျန်းမာ ရေး ကိုလည်း သေချာ ဂရုစိုက် ပေးဖို့ လိုပါ တယ်။ ဖြစ် မလာ သေးတဲ့ အရာ တွေကို တွေးပြီး စိုးရိမ်ပူ ပန် တာ မျိုး တွေ မလုပ်ပါနဲ့။တကယ်လို့ စိတ်က ပူပန် မှု တွေ သိပ် များလာရင် ကိုယ်ယုံကြည်တဲ့ ဘာသာရေး ကို လိုက်စားပါ။ကိုယ်ကျန်းမာရေး အတွက် က တော့ နေ့ တိုင်း လိုလို အနည်း ဆုံး တစ်နေ့ နာရီ ၀က် (၄၅) မိနစ် လောက် အချိန် ပေးပြီး လေ့ကျင့်ခန်း ပုံမှန် လုပ် ပေးပါ။အရာတိုင်းက ပို ကောင်း ဖို့ ဖြစ်လာတာ ဆိုတဲ့ စိတ် မျိုး နှလုံး သွင်းထားပါ။ဒီလို အ ခြေ အ နေနဲ့ ကြုံရတာ သင် တစ်ယောက် တည်း မဟုတ်ပါဘူး။တခြားလူတွေလဲ ကြုံ တွေ့ နေရတာပါ။အခက်အခဲ တွေက လူ ကို ပိုပြီး Strong ဖြစ် စေ ပါတယ်။ဒီလို အ ခြေ အ နေကို သင် ကောင်းကောင်းကြီး ကျော် ဖြတ်နိုင်ပါတယ်။

ShWeMoM