Celebrity
နာရေးကိုဘယ်သူမှမသိစေဘဲ လုပ်ပေးဖို့ တောင်းဆိုလာတဲ့ ထက်ထက်မိုးဦး ရဲ့ အကြောင်းပြောပြလာတဲ့ ဝေဠုကျော်
Unicode
ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်
သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ အခုလက်ရှိ ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေးအတွက် သံသယလူနာများ သယ်ယူပို့ဆောင်ခြင်း၊ ဆေးဖြန်းခြင်းများဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီနောက် အမှန်တကယ် လိုအပ်မှု ရှိနေတဲ့ နေရာဒေသတွေမှာလည်း စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်
ဝေဠုကျော် ကတော့ သူမဖခင်ရဲ့ နာရေးကို ထက်ထက်မိုးဦးက ဘယ်သူမှ မသိစေဖို့ တောင်းဆိုခဲ့တဲ့အကြောင်း ပြောပြလာခဲ့တာပါ ပရိသတ်ကြီးရေ
ဝေဠုကျော်က မထက်ထက်မိုးဦး ရဲ့ ဖခင်ဖြစ်တဲ့ အန်ကယ်ရဲ့ နာရေးကို မထက်က ဘယ်သူ့ကိုမှ မသိစေချင်ဘဲ နေ့ချင်းပြီးလေးပဲလုပ်ချင်ပါတယ် ဆိုလို့ ကျွန်တော်လည်း ဘယ်သူ့ကိုမှ အသိမပေးဖြစ်ခဲ့တာပါ။ မထက်က ဖခင်ကို ပြုစုခွင့်ရခဲ့တယ်၊ တစ်ချို့ကျတော့လည်း မပြုစုရဘဲ ဆုံးရှုံးရတာမို့ ဖြေသာပါသေးတယ်လို့ ဘယ်သူမှ အသိမပေးဖြစ်ခဲ့ရတဲ့အကြောင်းအရင်းကို ရှင်းပြလာခဲ့တာပါ
ဆက်လက်ပြီး ဝေဠုကျော်က မှုန်ရွှေရည်ဆိုတဲ့ နာမည်နဲ့ မင်းသမီးစလုပ်ခါစထဲက မထက်နဲ့ စပြီး ခင်ခဲ့တာပါ။ မထက်ရဲ့ အဖေ ဆေးရုံတက်ရတော့ မထက်က ကျွန်တော့်ကို ဖုန်းဆက်တယ် ဒါပေမဲ့ ဆေးရုံကို မရောက်ခဲ့ဘူး
ဘာလို့လဲဆိုတော့ ကျွန်တော်က ကိုဗစ်၁၉ ရှိတဲ့သူရော ထိစပ်တဲ့သူတွေရောကို ကူညီနေရတာဖြစ်လို့ အဲ့တုန်းကတော့ ဘယ်မှကို မသွားဘူး။ မထက် အဖေဆုံးတယ်ဆိုတဲ့အချိန်ကျ ကျွန်တော်က ၂၁ ရက် အိမ်မှာပဲ ထိစပ်မှု မရှိအောင် နေပြီးပြီဆိုတော့ အဲ့ချိန်ကတော့ ကူညီခွင့်ရခဲ့ပါတယ် လို့ ပြောလာခဲ့တာဖြစ်ပါတယ်
ဒါကတော့ ဘယ်သူ့ကိုမှအကြောင်းမကြားပဲ ထက်ထက်မိုးဦးရဲ့ဖခင် နာရေးကိုဆောင်ရွက်ပေးခဲ့ရတဲ့ အကြောင်းအရင်းကို ဝေဠုကျော်က ပြောပြလာခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ