Celebrity

လွန်ခဲ့တဲ့ (၂) ရက်ကမှ ဂေဟာကို ခေါ်ဆောင်လာခဲ့တဲ့ HIV ကူးစက်ခံသမီးလေးကို အရေးပေါ် ဆေးရုံပို့လိုက်ရတယ်ဆိုတဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီးလို့ ပရိသတ်တွေ တင်စားကြတဲ့ ခိုင်နှင်းဝေကတော့ ကိုယ်ကျိုးကိုစွန့်ပြီး အများအကျိုးအတွက် ရှေ့ဆုံးကနေ တက်တက်ကြွကြွ ဆောင်ရွက်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမရဲ့ဂေဟာကနေ မိဘနဲ့ကံမကောင်းစွာ ခွဲခွာရတဲ့ ကလေးငယ်တွေကိုလည်း ပြုစုစောင့်ရှောက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ (၂) ရက်ကလည်း HIV ကူးစက်ရောဂါနဲ့ ဆုံးပါးသွားတဲ့ မိဘနှစ်ပါးရဲ့ သမီးလေးကိုလည်း ခေါ်ယူစောင့်ရှောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ထို HIV ကူးစက်ခံသမီးလေးကို အရေးပေါ် ဆေးရုံပို့ဆောင်လိုက်ရကြောင်း အခုလိုပဲ ပြောလာပါတယ်။

“HIV ကူးစက်ခံ သမီးလေး အသက်ရှူမဝဖြစ်ကာ အသားများ ပြာနှမ်းလာသောကြောင့်အရေးပေါ် ဆေးရုံပို့ဆောင်ရပါတယ်ရှင်။ ဆေးစစ်ချက်အရ အဆုတ်တစ်ခြမ်း ပျက်စီးနေပြီး အောက်ဆီဂျင် ပေးထားရပါတယ်။ ဆေးရုံတက်ဖို့ စီစဉ်ပေးပါသော “ဆည်းဆာရောင်ခြည်”HIV စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများနှင့် လူနာတင်ယာဉ် ကူညီပေးပါသော “ဘဝ ရောင်ခြည် အလင်းတန်း “ကုသိုလ် ပြု ပရဟိတ ဆေးခန်း အဖွဲ့အား အထူး ကျေးဇူးတင်ရှိပါတယ်ရှင်။ ကျွန်မသမီးလေး လူ့ဘဝလေး ရတောင့်ရခဲတဲ့ဘဝလေးမှာ အသက်ရှင်ရပ်တည်နိုင်ပါစေ” ဆိုပြီး စိတ်မကောင်းစွာ အသိပေးထားပါတယ်။

ခိုင်နှင်းဝေကတော့ လွန်ခဲ့တဲ့ (၂) ရက်လောက်မှ ဂေဟာကို ခေါ်ဆောင်လာခဲ့တဲ့ သမီးလေးမှာ အခုလို အခြေအနေကို ရင်ဆိုင်နေရလို့ တော်တော်လေး စိတ်မကောင်းဝမ်းနည်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ သမီးလေး အစစအရာရာ အဆင်ပြေ သက်သာဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai’s fb

Credit– Cele Connections