Life

ကိုဗစ်ကာလအတွင်း လူတွေကိုလိုက်လံကူညီပေးနေတဲ့ မျက်နှာဖုံးစွတ်သူရဲကောင်း

ချီလီနိုင်ငံမှာ မျက်နှာဖုံးစွပ်အလှူရှင်တစ်ဦး ပေါ်နေပါတယ်။ သူဟာ ညအချိန်တွေမှာထွက်ပြီး လမ်းတွေပေါ်မှာ အိမ်ခြေရာမဲ့တွေကို အစားအသောက်တွေ ကိုယ်တိုင်ချက်ပြုတ်ကာ လှူဒါန်းနေပါတယ်တဲ့ဗျာ။ သူဟာ Batman ဝတ်စုံကို ဝတ်ဆင်ထားတာကြောင့် သူ့ကို Solidarity Batman ဟု ခေါ်တွင်ကြပါတယ်။

COVID-19 ကာလတွင်းမှာ သူဟာ ‌apron ကိုဝတ်ပြီး အစားအသောက်တွေချက်ပြုတ်ကာ အစားအသောက်တွေကို အိမ်ခြေယာမဲ့တွေထံ လှည့်လည်ပေးဝေနေပါတယ်။ သူဟာ ဘယ်သူပါလို့ ကိုယ့်ကိုယ်ကို ထုတ်မပြထားပါဘူး။ ” သင့်ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။

လိုအပ်နေသူတွေကို အချိန်အနည်းငယ်ဖြစ်စေ၊ အစားအသောက်အနည်းငယ်ဖြစ်စေ၊ ခိုလှုံစရာ အရိပ်ကလေးဖြစ်စေ၊ စကားလုံးတစ်လုံးနဲ့ပဲဖြစ်စေ အားပေးကူညီလိုက်ပါလို့ ပြောထားပါတယ်။ ”

နေ့စဉ်အစားအသောက် အမျိုး (၁၀၀)လောက်ကို ယူဆောင်လာလေ့ရှိကာ အစားအသောက်တွေကို ပေးဝေနေပါတယ်။ COVID-19 ကြောင့် အဆင်မပြေဖြစ်နေတဲ့ သူတွေအတွက် ဒီလိုမျိုး အစားအသောက်ပေးဝေတဲ့ လှူဒါန်းမှုဟာ Solidarity Batman သာမက ကျွန်တော်တို့ပါ ပီတိဖြစ်ရပါတယ်ဗျာ။

(Kenneth, Heroes for Myanmar)