Celebrity

ဟန်ငြိမ်းဦးနဲ့ အပြင်မှာ တွေ့ရင် နင်ငါ့ကို ကြိုက်လား ဆိုပြီး မေးမှာ ဆိုတဲ့ အလှမယ် သင်းသင်း

သရုပ်ဆောင် ဝေဠုကျော်အား တရားလိုဖြစ်သူ သင်းသင်းမှ ကာမလိမ်လည်မှုဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။

အလှမယ်သင်းသင်းနဲ့ဝေဠုကျော်တို့ရဲ့ အမှုမှာတော့ ဆယ်လီစုံထောက် ဟန်ငြိမ်းဦးက သင်းသင်းရဲ့ နောက်ကြောင်းသတင်းတွေကို အွန်လိုင်းမှာဖြန့်ဝေခဲ့တာပါ ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ သင်းသင်းက ဟန်ငြိမ်းဦးကို သူ့ကိုကြိုက်နေတာလားလို့ ဒဲ့မေးလာခဲ့တာဖြစ်ပါတယ်

သင်းသင်းက “ကိုယ့်ရဲ့အကြိုက်ဆုံးအစားအစာ၊ဘယ်အချိန်စားစားရိုးမသွားတဲ့ဟာက ထမင်းကြော်ပဲ၊အဲဒါအမှန်ပြောတာ။ ကိုယ့်ဖုန်းနံပါတ်ကို ဟန်ငြိမ်းဦးက တင်ထားတော့ ဖုန်းတွေ ဆက်ထားတာ အကော၁၀၀လောက်ရှိတယ်၊ အစ်မကို ထမင်းကြော်စားချင်လို့လို့ လာပြောတယ်၊ နင့်အမေ နင့်နှမတွေသာသွားကြွေးလို့ ဆဲလွှတ်လိုက်တယ်။ ဟန်ငြိမ်းဦးနင်ငါ့ကို ကြိုက်နေတယ်ဆိုရင် ပေါ်တင်လာပြောပါ ..”ဆိုပြီး ပြောလာခဲ့တာပါ

ဆက်လက်ပြီးသင်းသင်းက “. ဟန်ငြိမ်းဦးရယ် နင်နဲ့ငါနဲ့ တခါ ပြဿနာဖြစ်တဲ့ လက်ဖက်ရည်ဆိုင်လေးတခါလောက်လာခဲ့ပါလား မိန်းမလိုလို ယောကျာ်းလိုလိုအသံလေးနဲ့လေ နင်ငါ့ကို ကြိုက်တယ်ဆိုရင် ဒဲ့သာလာပြောလိုက် “လို့ ပြောလာခဲ့တာပါ ပရိသတ်ကြီးရေ

ဟန်ငြိမ်းဦးနဲ့ သင်းသင်းတို့ရဲ့ဇာတ်လမ်းကတော့ ပိုမိုမြိုင်ဆိုင်လာခဲ့တာပါနော် လူမှုကွန်ယက်မှာ နာမည်ကြီးနေတာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်