Beauty

အသားအေရ ၾကည္လင္ေစၿပီး အမာ႐ြတ္ေတြေပ်ာက္ေစမယ့္ ဂ်ီးခြၽတ္ ေပါင္းတင္နည္း (၅)မ်ိဳး

အမာ႐ြတ္ေတြေပ်ာက္ပီး အသားအေရ ၾကည္လင္လာေစမယ့္ ဂ်ီးခြၽတ္ ေပါင္းတင္နည္း (၅)မ်ိဳး

အမာ႐ြတ္ ေတြဟာ မိန္းကေလး တစ္ေယာက္ကို အက်ည္းတန္ ေစပါတယ္ ။ ဒီလို အမာ႐ြတ္ေတြကို သက္သာ ေပ်ာက္ကင္း ေစတဲ့ နည္းလမ္းေတြ ထဲမွာ ဂ်ီးခြၽတ္ျခင္း ဟာလည္း ထိေရာက္ တဲ့ နည္းလမ္းေကာင္း တစ္ခု ျဖစ္ပါတယ္ ။

ဂ်ီးခြၽတ္ ျခင္းျဖင့္ ဆဲလ္ေသေတြ ကြာက်ၿပီး ဆဲလ္အသစ္ ျဖစ္ေပၚေစ တာေၾကာင့္ အသားအေရကို စိုျပည္ၿပီး ၾကည္လင္ ဝင္းပ ေနေစပါတယ္ ။

ခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးေတြ ကေတာ့ အရမ္းကို လြယ္ကူ ႐ိုးရွင္းၿပီး ထိေရာက္တဲ့ နည္းလမ္းေလးေတြ ျဖစ္တာေၾကာင့္ ပုံမွန္ေလး ျပဳလုပ္ ေပးသြားရင္ သိသာတဲ့ ရလဒ္ကို ေတြ႕ျမင္ ရမွာပါ ။

( ၁ ) ေကာ္ဖီမႈန႔္နဲ႔ ပ်ားရည္

ဒီနည္းလမ္းေလးကို ခႏၶာကိုယ္မွာ သာမက မ်က္ႏွာမွာပါ အသုံးျပဳလို႔ ရပါတယ္ ။ ပ်ားရည္နဲ႔ေကာ္ဖီမႈန႔္ကို ဆတူ ေရာစပ္ၿပီး အမာ႐ြတ္ ရွိတဲ့ အေရျပားကို စက္ဝိုင္း ပုံသ႑ာန္ ပြတ္လိမ္းေပးၿပီး

၁၀ မိနစ္ခန႔္ အၾကာမွာ ေရေဆး ေပးလိုက္ပါ ။ ဒီနည္းလမ္းေလးကို တစ္ရက္ ျခားတစ္ခါ ေလာက္ ပုံမွန္ေလး ျပဳလုပ္ေပးျခင္းျဖင့္ သိသာ ထင္ရွားတဲ့ ရလဒ္ကို ေတြ႕ျမင္ ရမွာပါ။

( ၂ ) ပဲမႈန႔္ နဲ႔ ဆန္

ဆန္ကို ေၾကညက္ေနေအာင္ မဟုတ္ပဲ အေစ့ေသးေသးေလးေတြ ျဖစ္တဲ့ အထိ ေထာင္းလိုက္ပါ ။

ရလာတဲ့ ဆန္မႈန႔္ နဲ႔ ပဲမႈန႔္ကို ဆတူ ေရာစပ္ၿပီး ေရနဲ႔ ခပ္ပ်စ္ပ်စ္ ေဖ်ာ္ လိုက္ ပါ ။ ရလာတဲ့ အႏွစ္ကို အမာ႐ြတ္ ရွိတဲ့ အေရျပားေပၚကို စက္ဝိုင္း ပုံသ႑ာန္ လိမ္းေပးပါ။

၅မိနစ္ေလာက္ထားၿပီး စက္ဝိုင္း ပုံသ႑ာန္ ႏွိပ္နယ္ ေပးလိုက္ကာ ေရေဆးေပးလိုက္ပါ ။ ဒီနည္းလမ္းေလးကို တစ္ပတ္မွာ ၃ ႀကိမ္ေလာက္ ပုံမွန္ေလး ျပဳလုပ္ေပးျခင္းျဖင့္ သိသာ ထင္ရွားတဲ့ ရလဒ္ကို ရရွိမွာ ျဖစ္ပါတယ္ ။

( ၃ ) လိေမၼာ္ခြံ ၊ ပ်ားရည္ နဲ႔ ႏြားႏို႔

လိေမၼာ္ခြံကို ေနပူလွန္းၿပီး ေျခာက္သြားတဲ့ အခါမွာ အမႈန႔္ ႀကိတ္လိုက္ပါ။ ရလာတဲ့ လိေမၼာ္ခြံမႈန႔္ ၂ဇြန္း၊ ပ်ားရည္ ၂ဇြန္း ၊ ႏြားႏို႔ ၁ဇြန္းကို ေရာ ေမႊလိုက္ပါ ။

ရလာတဲ့ အႏွစ္ကို အမာ႐ြတ္ ရွိတဲ့ အေရျပားေပၚ ပြတ္လိမ္းေပးကာ စက္ဝိုင္းပုံသ႑ာန္ ႏွိပ္နယ္ ေပးလိုက္ပါ ။

၅ မိနစ္ ခန႔္ အၾကာမွာ ေဆးေၾကာ ေပးလိုက္ပါ ။ ဒီနည္းလမ္းကို ေန႔စဥ္ပုံမွန္ျပဳလုပ္ေပးႏိုင္ရင္ သိသာထင္ရွားတဲ့ ရလဒ္ကို အျမန္ဆုံး ေတြ႕ျမင္ရမွာပါ ။

( ၄ ) အုတ္ဂ်ဳံမႈန႔္၊ ပ်ားရည္၊ သံပုယို

အုတ္ဂ်ဳံမႈန႔္ ၁ဇြန္း၊ ပ်ားရည္ ၁ဇြန္း၊ သံပုယိုရည္ ၃စက္ခန႔္ကို သမသြားေအာင္ေရာေမႊလိုက္ပါ။ ပ်စ္လြန္းေနရင္ ေရအနည္းငယ္ေရာေပးလို႔ရပါတယ္။

ရလာတဲ့အႏွစ္ကို အမာ႐ြတ္ရွိတဲ့အေရျပားေတြေပၚလိမ္းၿပီး ၅မိနစ္ခန႔္ထားလိုက္ပါ။ ၿပီးရင္ေတာ့ စက္ဝိုင္းပုံသ႑ာန္ျပန္ပြတ္ေပးကာ ေဆးေၾကာေပးလိုက္ပါ။ ေန႔စဥ္ပုံမွန္ျပဳလုပ္ေပးႏိုင္ရင္ သိသာထင္ရွားတဲ့ရလဒ္ကို အျမန္ဆုံးေတြ႕ျမင္ရမွာပါ။

( ၅ ) အာလူး

အာလူးကို ပါးပါးေလးေတြ လွီးလိုက္ပါ ။ ရလာတဲ့အာလူးျပားေလးေတြကို အမာ႐ြတ္ေတြေပၚ ကပ္ထားေပးလိုက္ပါ။ အာလူးေတြေျခာက္သြားတဲ့အခါ ခြာလိုက္ၿပီး အျခားအာလူးျပားေလးေတြနဲ႔ အမာ႐ြတ္ေတြကို ပြတ္ေပးပါ။

မိနစ္ ၂၀ ခန႔္အၾကာမွာေတာ့ အာလူးေတြကိုဖယ္ၿပီး ၁၀ မိနစ္ခန႔္ ေလသလပ္ခံေပးလိုက္ကာ ေရေအးနဲပေဆးေၾကာေပးလိုက္ပါ။ ဒီနည္းလမ္းကို ေန႔စဥ္ပုံမွန္ျပဳလုပ္ေပးျခင္းျဖင့္ အမာ႐ြတ္ ေတြ သိသိသာသာေလ်ာ့ပါးသြားမွာျဖစ္ပါတယ္။

Credit Em Em

Unicode

အမာရွတ်တွေပျောက်ပီး အသားအရေ ကြည်လင်လာစေမယ့် ဂျီးချွတ် ပေါင်းတင်နည်း (၅)မျိုး

အမာရွတ် တွေဟာ မိန်းကလေး တစ်ယောက်ကို အကျည်းတန် စေပါတယ် ။ ဒီလို အမာရွတ်တွေကို သက်သာ ပျောက်ကင်း စေတဲ့ နည်းလမ်းတွေ ထဲမှာ ဂျီးချွတ်ခြင်း ဟာလည်း ထိရောက် တဲ့ နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ် ။

ဂျီးချွတ် ခြင်းဖြင့် ဆဲလ်သေတွေ ကွာကျပြီး ဆဲလ်အသစ် ဖြစ်ပေါ်စေ တာကြောင့် အသားအရေကို စိုပြည်ပြီး ကြည်လင် ဝင်းပ နေစေပါတယ် ။

ခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေ ကတော့ အရမ်းကို လွယ်ကူ ရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းလေးတွေ ဖြစ်တာကြောင့် ပုံမှန်လေး ပြုလုပ် ပေးသွားရင် သိသာတဲ့ ရလဒ်ကို တွေ့မြင် ရမှာပါ ။

( ၁ ) ကော်ဖီမှုန့်နဲ့ ပျားရည်

ဒီနည်းလမ်းလေးကို ခန္ဓာကိုယ်မှာ သာမက မျက်နှာမှာပါ အသုံးပြုလို့ ရပါတယ် ။ ပျားရည်နဲ့ကော်ဖီမှုန့်ကို ဆတူ ရောစပ်ပြီး အမာရွတ် ရှိတဲ့ အရေပြားကို စက်ဝိုင်း ပုံသဏ္ဍာန် ပွတ်လိမ်းပေးပြီး

၁၀ မိနစ်ခန့် အကြာမှာ ရေဆေး ပေးလိုက်ပါ ။ ဒီနည်းလမ်းလေးကို တစ်ရက် ခြားတစ်ခါ လောက် ပုံမှန်လေး ပြုလုပ်ပေးခြင်းဖြင့် သိသာ ထင်ရှားတဲ့ ရလဒ်ကို တွေ့မြင် ရမှာပါ။

( ၂ ) ပဲမှုန့် နဲ့ ဆန်

ဆန်ကို ကြေညက်နေအောင် မဟုတ်ပဲ အစေ့သေးသေးလေးတွေ ဖြစ်တဲ့ အထိ ထောင်းလိုက်ပါ ။ ရလာတဲ့ ဆန်မှုန့် နဲ့ ပဲမှုန့်ကို ဆတူ ရောစပ်ပြီး ရေနဲ့ ခပ်ပျစ်ပျစ် ဖျော် လိုက် ပါ ။

ရလာတဲ့ အနှစ်ကို အမာရွတ် ရှိတဲ့ အရေပြားပေါ်ကို စက်ဝိုင်း ပုံသဏ္ဍာန် လိမ်းပေးပါ။

၅မိနစ်လောက်ထားပြီး စက်ဝိုင်း ပုံသဏ္ဍာန် နှိပ်နယ် ပေးလိုက်ကာ ရေဆေးပေးလိုက်ပါ ။ ဒီနည်းလမ်းလေးကို တစ်ပတ်မှာ ၃ ကြိမ်လောက် ပုံမှန်လေး ပြုလုပ်ပေးခြင်းဖြင့် သိသာ ထင်ရှားတဲ့ ရလဒ်ကို ရရှိမှာ ဖြစ်ပါတယ် ။

( ၃ ) လိမ္မော်ခွံ ၊ ပျားရည် နဲ့ နွားနို့

လိမ္မော်ခွံကို နေပူလှန်းပြီး ခြောက်သွားတဲ့ အခါမှာ အမှုန့် ကြိတ်လိုက်ပါ။ ရလာတဲ့ လိမ္မော်ခွံမှုန့် ၂ဇွန်း၊ ပျားရည် ၂ဇွန်း ၊ နွားနို့ ၁ဇွန်းကို ရော မွှေလိုက်ပါ ။

ရလာတဲ့ အနှစ်ကို အမာရွတ် ရှိတဲ့ အရေပြားပေါ် ပွတ်လိမ်းပေးကာ စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ် ပေးလိုက်ပါ ။

၅ မိနစ် ခန့် အကြာမှာ ဆေးကြော ပေးလိုက်ပါ ။ ဒီနည်းလမ်းကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးနိုင်ရင် သိသာထင်ရှားတဲ့ ရလဒ်ကို အမြန်ဆုံး တွေ့မြင်ရမှာပါ ။

( ၄ ) အုတ်ဂျုံမှုန့်၊ ပျားရည်၊ သံပုယို

အုတ်ဂျုံမှုန့် ၁ဇွန်း၊ ပျားရည် ၁ဇွန်း၊ သံပုယိုရည် ၃စက်ခန့်ကို သမသွားအောင်ရောမွှေလိုက်ပါ။ ပျစ်လွန်းနေရင် ရေအနည်းငယ်ရောပေးလို့ရပါတယ်။

ရလာတဲ့အနှစ်ကို အမာရွတ်ရှိတဲ့အရေပြားတွေပေါ်လိမ်းပြီး ၅မိနစ်ခန့်ထားလိုက်ပါ။ ပြီးရင်တော့ စက်ဝိုင်းပုံသဏ္ဍာန်ပြန်ပွတ်ပေးကာ ဆေးကြောပေးလိုက်ပါ။ နေ့စဉ်ပုံမှန်ပြုလုပ်ပေးနိုင်ရင် သိသာထင်ရှားတဲ့ရလဒ်ကို အမြန်ဆုံးတွေ့မြင်ရမှာပါ။

( ၅ ) အာလူး

အာလူးကို ပါးပါးလေးတွေ လှီးလိုက်ပါ ။ ရလာတဲ့အာလူးပြားလေးတွေကို အမာရွတ်တွေပေါ် ကပ်ထားပေးလိုက်ပါ။ အာလူးတွေခြောက်သွားတဲ့အခါ ခွာလိုက်ပြီး အခြားအာလူးပြားလေးတွေနဲ့ အမာရွတ်တွေကို ပွတ်ပေးပါ။

မိနစ် ၂၀ ခန့်အကြာမှာတော့ အာလူးတွေကိုဖယ်ပြီး ၁၀ မိနစ်ခန့် လေသလပ်ခံပေးလိုက်ကာ ရေအေးနဲပဆေးကြောပေးလိုက်ပါ။ ဒီနည်းလမ်းကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အမာရွတ် တွေ သိသိသာသာလျော့ပါးသွားမှာဖြစ်ပါတယ်။

Credit Em Em