Knowledge

ေအာင္ျမင္တဲ့ လူငယ္ တစ္ေယာက္ျဖစ္ဖို႔

ေအာင္ျမင္တဲ့ လူငယ္ တစ္ေယာက္ျဖစ္ဖို႔
👑👑👑👑👑👑👑👑👑👑
၁။ စိတ္ဓါတ္ခိုင္မာျခင္း –
ဘယ္အခ်ိန္မွာ ဘာလုပ္မယ္ … ဘာျဖစ္ခ်င္တယ္ဆိုတာကို ကိုယ့္စိတ္ထဲမွာ စြဲေနေအာင္ ႏွလံုးသြင္းထားပါ။ ထိုကဲ့သို႔ မိမိ၏ စိတ္ကို တိတိက်က် ေသေသခ်ာခ်ာ ခိုင္ခိုင္မာမာ ျပင္ဆင္ထားျခင္းက လုပ္ငန္းေဆာင္ရြက္ရာတြင္ တည္တည္ၿငိမ္ၿငိမ္ျဖင့္ အာ႐ံုစူးစိုက္မႈ အားေကာင္းကာင္းျဖင့္ ေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏိုင္မည္ ျဖစ္သည့္အျပင္ “ငါလုပ္ရင္ ျဖစ္ပါ့မလား” ဆိုတဲ့ မယံုမရဲ စိတ္ေတြကို ေရွာင္ရွားႏိုင္ပါလိမ့္မည္။
“ငါလုပ္ရင္ ျဖစ္တယ္” ဆိုတဲ့ ခုိင္မာတဲ့ စိတ္ဓါတ္ကို ေမြးျမဴပါ။


၂။ အခ်ိန္ကို စီမံခန္႔ခြဲႏိုင္ျခင္း –
ငယ္ရြယ္စဥ္ကတည္းက လိုအပ္တဲ့အခ်ိန္ကို ရယူႏိုင္ရန္ေလ့က်င့္ထားပါ၊ မလိုလားအပ္ေသာ ေနရာမ်ားတြင္ အေၾကာင္းမဲ့ အခ်ိန္မျဖဳန္းပါႏွင့္။
၃။ အလုပ္တြင္ အျပည့္အဝအာ႐ံုစိုက္ျခင္း –
စတင္လုပ္ေဆာင္ လိုက္ေသာ ကိစၥရပ္တစ္ခုကို မည့္သည့္ အတြက္ေၾကာင့္ျဖစ္ေစ ကိုယ့္ဖက္က မဖ်က္ပါႏွင့္၊ မိမိပတ္ဝန္းက်င္က ေလးစား ယံုၾကည္တန္ဖိုးထား ရေသာ သူတစ္ေယာက္ျဖစ္ေအာင္ မိမိအလုပ္ကို တန္ဖိုးထားေလးစားပါ။
၄။ ပတ္ဝန္းက်င္ကို ေလးစားျခင္း –
သူငယ္ခ်င္း၊ အေပါင္းအသင္း၊ မိတ္ေဆြ အားလံုးကို ေလးေလးစားစား ဆက္ဆံပါ၊ တစ္ပါးသူ၏ အျမင္၊ သေဘာထား၊ ခံစားခ်က္မ်ားကို အေလးထားကာ အတတ္ႏိုင္ဆံုး နားလည္ေပးပါ။


၅။ ပူးေပါင္းေဆာင္ရြက္ျခင္း –
အမ်ားႏွင့္သက္ဆိုင္ေသာ ကိစၥတစ္ရပ္မ်ားကို ေဆာင္ရြက္ရာတြင္ မိမိဆႏၵတစ္ခု တည္းကို ဦးစားမေပးပါႏွင့္၊ မိမိတစ္ဦးတည္း သေဆာဆႏၵကိုသာ ဇြတ္မလုပ္ပါႏွင့္၊ တစ္ပါးသူ၏ အႀကံအဉာဏ္မ်ားကို အေလးထားေဆြးေႏြးကာ ပူးေပါင္းေဆာင္ရြက္ပါ။
၆။ နားေထာင္တတ္ျခင္း –
ေထာင္တတ္ေသာနား ရွိပါ၊ မည္သည့္ကိစၥတြင္မဆို တစ္ပါးသူ ေျပာသည့္အခါ စိတ္ဝင္တစား နားေထာင္တတ္ရန္ အေရးႀကီးပါသည္။ အယူအဆတူသည္ျဖစ္ေစ … မတူသည္ျဖစ္ေစ စိတ္ရွည္လက္ရွည္ နားေထာင္ပါ။
၇။ ရိုးသားျခင္း –
လိမ္ညာဟန္ေဆာင္ျခင္းသည္ ခဏတာ အထင္ႀကီးမႈကို ရေကာင္း ရႏိုင္ေသာ္လည္း ေရရွည္တြင္ ပတ္ဝန္းက်င္၏ ယံုၾကည္မႈကို ဆံုး႐ံႈးႏိုင္ပါသည္၊ အမွန္တရားကို ခ်စ္ျမတ္ႏိုးပါ၊ ႐ိုးသားမႈကို တန္ဖိုးထားပါ။ လူငယ္တိုင္း ေအာင္ျမင္ႏိုင္ပါေစ ……..

unicode

အောင်မြင်တဲ့ လူငယ် တစ်ယောက်ဖြစ်ဖို့
👑👑👑👑👑👑👑👑👑👑


၁။ စိတ်ဓါတ်ခိုင်မာခြင်း –
ဘယ်အချိန်မှာ ဘာလုပ်မယ် … ဘာဖြစ်ချင်တယ်ဆိုတာကို ကိုယ့်စိတ်ထဲမှာ စွဲနေအောင် နှလုံးသွင်းထားပါ။ ထိုကဲ့သို့ မိမိ၏ စိတ်ကို တိတိကျကျ သေသေချာချာ ခိုင်ခိုင်မာမာ ပြင်ဆင်ထားခြင်းက လုပ်ငန်းဆောင်ရွက်ရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် အာရုံစူးစိုက်မှု အားကောင်းကာင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် “ငါလုပ်ရင် ဖြစ်ပါ့မလား” ဆိုတဲ့ မယုံမရဲ စိတ်တွေကို ရှောင်ရှားနိုင်ပါလိမ့်မည်။
“ငါလုပ်ရင် ဖြစ်တယ်” ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓါတ်ကို မွေးမြူပါ။
၂။ အချိန်ကို စီမံခန့်ခွဲနိုင်ခြင်း –
ငယ်ရွယ်စဉ်ကတည်းက လိုအပ်တဲ့အချိန်ကို ရယူနိုင်ရန်လေ့ကျင့်ထားပါ၊ မလိုလားအပ်သော နေရာများတွင် အကြောင်းမဲ့ အချိန်မဖြုန်းပါနှင့်။


၃။ အလုပ်တွင် အပြည့်အဝအာရုံစိုက်ခြင်း –
စတင်လုပ်ဆောင် လိုက်သော ကိစ္စရပ်တစ်ခုကို မည့်သည့် အတွက်ကြောင့်ဖြစ်စေ ကိုယ့်ဖက်က မဖျက်ပါနှင့်၊ မိမိပတ်ဝန်းကျင်က လေးစား ယုံကြည်တန်ဖိုးထား ရသော သူတစ်ယောက်ဖြစ်အောင် မိမိအလုပ်ကို တန်ဖိုးထားလေးစားပါ။
၄။ ပတ်ဝန်းကျင်ကို လေးစားခြင်း –
သူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေ အားလုံးကို လေးလေးစားစား ဆက်ဆံပါ၊ တစ်ပါးသူ၏ အမြင်၊ သဘောထား၊ ခံစားချက်များကို အလေးထားကာ အတတ်နိုင်ဆုံး နားလည်ပေးပါ။
၅။ ပူးပေါင်းဆောင်ရွက်ခြင်း –
အများနှင့်သက်ဆိုင်သော ကိစ္စတစ်ရပ်များကို ဆောင်ရွက်ရာတွင် မိမိဆန္ဒတစ်ခု တည်းကို ဦးစားမပေးပါနှင့်၊ မိမိတစ်ဦးတည်း သဆောဆန္ဒကိုသာ ဇွတ်မလုပ်ပါနှင့်၊ တစ်ပါးသူ၏ အကြံအဉာဏ်များကို အလေးထားဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်ပါ။


၆။ နားထောင်တတ်ခြင်း –
ထောင်တတ်သောနား ရှိပါ၊ မည်သည့်ကိစ္စတွင်မဆို တစ်ပါးသူ ပြောသည့်အခါ စိတ်ဝင်တစား နားထောင်တတ်ရန် အရေးကြီးပါသည်။ အယူအဆတူသည်ဖြစ်စေ … မတူသည်ဖြစ်စေ စိတ်ရှည်လက်ရှည် နားထောင်ပါ။
၇။ ရိုးသားခြင်း –
လိမ်ညာဟန်ဆောင်ခြင်းသည် ခဏတာ အထင်ကြီးမှုကို ရကောင်း ရနိုင်သော်လည်း ရေရှည်တွင် ပတ်ဝန်းကျင်၏ ယုံကြည်မှုကို ဆုံးရှုံးနိုင်ပါသည်၊ အမှန်တရားကို ချစ်မြတ်နိုးပါ၊ ရိုးသားမှုကို တန်ဖိုးထားပါ။ လူငယ်တိုင်း အောင်မြင်နိုင်ပါစေ ……..

Close