fbpx
Celebrity

ေ၀ဠဳေက်ာ္ ရံုးခ်ိန္းပ်က္ကြက္တာ ေလးႀကိမ္ရွိၿပီလို႔ ေျပာလာတဲ႔သင္းသင္း

ကာမလိမ္လည္မႈနဲ႔ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ကဟာ လက္ရွိအခ်ိန္ထိ တရားရင္ဆိုင္ေနရဆဲျဖစ္ၿပီး ခ်ိန္းဆိုတဲ့ တရား႐ုံးခ်ိန္းမ်ားအနက္ ပ်က္ကြက္တာ ၄ ႀကိမ္ရွိေနၿပီလို႔ တရားလိုျဖစ္သူ သင္းသင္းက ေျပာပါတယ္။

“ေနာက္႐ုံးခ်ိန္းကို ၂၁ ရက္ေန႔ ျပန္ခ်ိန္းလိုက္ပါတယ္။ ၂ နာရီခြဲမွပါ။ က်မဘက္ကေတာ့ အမႈကို ပ်က္ကြက္မွာစိုးလို႔ ျမန္ျမန္လည္း ၿပီးခ်င္တာပဲေလ။ တကယ့္ တကယ္ပ်က္တာက တရားခံဘက္က ပ်က္တာ ၃ ခ်ိန္း ရွိေနၿပီ။

ေရွ႕တခ်ိန္းနဲ႔ဆို ၄ ခ်ိန္းျဖစ္ေနၿပီ။ က်မလည္း ျမန္ခ်င္တာေပါ့။ လူမႈေရး၊ စီးပြားေရးေတြက က်မဘက္မွာလည္း ရွိပါတယ္။ သူတို႔ဘက္ကိုေတာ့ ေထြေထြထူးထူး မေျပာခ်င္ပါဘူး”လို႔ သင္းသင္းက ေျပာပါတယ္။

ေဝဠဳေက်ာ္ဘက္မွ ခြင့္တင္ထားတဲ့အတြက္ ဆက္လက္ စစ္ေဆးစရာ ရွိသည္မ်ားကို သူ႔ရဲ႕ေရွ႕ေနျဖစ္သူက စစ္ေဆးမယ္လို႔ ေျပာေပမယ့္ သင္းသင္းဘက္မွ လက္မခံဘဲ ကန႔္ကြက္ခဲ့ၿပီး ႏွစ္ဦးႏွစ္ဖက္ စုံညီမွသာ စစ္ေဆးရန္ ေျပာခဲ့တယ္လို႔ သိရပါတယ္။

“ဒီေန႔ကေတာ့ ေဝဠဳေက်ာ္ဘက္က ခြင့္တင္တာေပါ့။ ဒါေပမဲ့ သူ႔ေရွ႕ေနကေတာ့ သူ အာမခံၿပီးေတာ့ အသံဖိုင္ကို နားေထာင္မယ္ေပါ့။ အဲဒါကို က်မဘက္ကေတာ့ ကန႔္ကြက္လိုက္တယ္။ ဒီဟာက တရားခံနဲ႔ တရားလို နားေထာင္မွ အဆင္ေျပမွာ”

“တေယာက္က ၾကားထဲက အာမခံတယ္ ဆိုေပမယ့္လည္း တကယ့္တကယ္ ဟိုဘက္ဒီဘက္ စစ္လာၾကရင္ တခ်ိဳ႕ျပႆနာေတြ ရွိလိမ့္မယ္ထင္လို႔ က်မဘက္က ကန႔္ကြက္လိုက္တာပါ။ တရားသူႀကီးဘက္က သေဘာတူလိုက္ပါတယ္” လို႔ သင္းသင္းက ေျပာပါတယ္။

သင္းသင္းအေနနဲ႔လည္း ကိုယ္ေရးကိုယ္တာ တခုအေနျဖင့္ နာေရးတခုအတြက္ နယ္ျပန္သြားခဲ့ရေပမယ့္ ယေန႔ ႐ုံးခ်ိန္းကို ပ်က္ကြက္ရမွာမ်ိဳး မျဖစ္ခ်င္တာေၾကာင့္ အခ်ိန္မီေရာက္ေအာင္ လာခဲ့ရတယ္လို႔ ဆိုပါတယ္။

“ဒီေန႔ဆိုရင္ ႐ုံးခ်ိန္းကို နည္းနည္းေတာ့ ေနာက္က်သြားတယ္။ မနက္ကမွ ကားဆိုက္တာ အညာကို နာေရးကိစၥတခုနဲ႔ အေရးေပၚျပန္လိုက္ရတယ္။ ကိုယ္ေတာင္ နာေရးကိစၥကို ထားခဲ့ၿပီး အေရးေပၚ ဒီဟာအတြက္ ျပန္လာခဲ့ရတာပဲ။ လမ္းပန္းဆက္သြယ္ေရးကလည္း ေကာင္းေနတာ မဟုတ္ဘူး။

ဒါေပမဲ့ ႐ုံးခ်ိန္း မပ်က္ခ်င္လို႔”လို႔ သင္းသင္းက ေျပာပါတယ္။ေဝဠဳေက်ာ္အေနနဲ႔ကေတာ့ လူမႈကြက္ရက္ စာမ်က္ႏွာေပၚမွာ ေတြ႕ရွိခ်က္အရ လက္ရွိျဖစ္ပြားေနတဲ့ ေရေဘးသင့္ ေနရာမ်ားကို သြားေရာက္ ကူညီကယ္ဆယ္ေရးမ်ား ျပဳလုပ္ေနတာကို ေတြ႕ရပါတယ္။

လက္ရွိမွာေတာ့ အဆိုပါအမႈအတြက္ တင္သြင္းထားတဲ့ အသံဖိုင္မ်ားကို စစ္ေဆးေနဆဲကာလျဖစ္ၿပီး တရားလိုနဲ႔ စြပ္စြဲခံရသူ မစုံညီတာေၾကာင့္ ဆက္လက္ မစစ္ေဆးႏိုင္ေသးတာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ကိုေတာ့ အလွမယ္ သင္းသင္းက ကာမလိမ္လည္မႈျဖင့္ ဇန္နဝါရီလ ၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ တရား႐ုံးမွာ တရားစြဲဆိုထားၿပီး ေဝဠဳေက်ာ္ကေတာာ့ ေငြက်ပ္သိန္း ၅၀ နဲ႔ အာမခံ ရယူထားတာ ျဖစ္ပါတယ္။

Credit# aungparsay

unicode

ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ကဟာ လက်ရှိအချိန်ထိ တရားရင်ဆိုင်နေရဆဲဖြစ်ပြီး ချိန်းဆိုတဲ့ တရားရုံးချိန်းများအနက် ပျက်ကွက်တာ ၄ ကြိမ်ရှိနေပြီလို့ တရားလိုဖြစ်သူ သင်းသင်းက ပြောပါတယ်။

“နောက်ရုံးချိန်းကို ၂၁ ရက်နေ့ ပြန်ချိန်းလိုက်ပါတယ်။ ၂ နာရီခွဲမှပါ။ ကျမဘက်ကတော့ အမှုကို ပျက်ကွက်မှာစိုးလို့ မြန်မြန်လည်း ပြီးချင်တာပဲလေ။ တကယ့် တကယ်ပျက်တာက တရားခံဘက်က ပျက်တာ ၃ ချိန်း ရှိနေပြီ။

ရှေ့တချိန်းနဲ့ဆို ၄ ချိန်းဖြစ်နေပြီ။ ကျမလည်း မြန်ချင်တာပေါ့။ လူမှုရေး၊ စီးပွားရေးတွေက ကျမဘက်မှာလည်း ရှိပါတယ်။ သူတို့ဘက်ကိုတော့ ထွေထွေထူးထူး မပြောချင်ပါဘူး”လို့ သင်းသင်းက ပြောပါတယ်။

ဝေဠုကျော်ဘက်မှ ခွင့်တင်ထားတဲ့အတွက် ဆက်လက် စစ်ဆေးစရာ ရှိသည်များကို သူ့ရဲ့ရှေ့နေဖြစ်သူက စစ်ဆေးမယ်လို့ ပြောပေမယ့် သင်းသင်းဘက်မှ လက်မခံဘဲ ကန့်ကွက်ခဲ့ပြီး နှစ်ဦးနှစ်ဖက် စုံညီမှသာ စစ်ဆေးရန် ပြောခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့ကတော့ ဝေဠုကျော်ဘက်က ခွင့်တင်တာပေါ့။ ဒါပေမဲ့ သူ့ရှေ့နေကတော့ သူ အာမခံပြီးတော့ အသံဖိုင်ကို နားထောင်မယ်ပေါ့။ အဲဒါကို ကျမဘက်ကတော့ ကန့်ကွက်လိုက်တယ်။ ဒီဟာက တရားခံနဲ့ တရားလို နားထောင်မှ အဆင်ပြေမှာ”

“တယောက်က ကြားထဲက အာမခံတယ် ဆိုပေမယ့်လည်း တကယ့်တကယ် ဟိုဘက်ဒီဘက် စစ်လာကြရင် တချို့ပြဿနာတွေ ရှိလိမ့်မယ်ထင်လို့ ကျမဘက်က ကန့်ကွက်လိုက်တာပါ။ တရားသူကြီးဘက်က သဘောတူလိုက်ပါတယ်” လို့ သင်းသင်းက ပြောပါတယ်။

သင်းသင်းအနေနဲ့လည်း ကိုယ်ရေးကိုယ်တာ တခုအနေဖြင့် နာရေးတခုအတွက် နယ်ပြန်သွားခဲ့ရပေမယ့် ယနေ့ ရုံးချိန်းကို ပျက်ကွက်ရမှာမျိုး မဖြစ်ချင်တာကြောင့် အချိန်မီရောက်အောင် လာခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒီနေ့ဆိုရင် ရုံးချိန်းကို နည်းနည်းတော့ နောက်ကျသွားတယ်။ မနက်ကမှ ကားဆိုက်တာ အညာကို နာရေးကိစ္စတခုနဲ့ အရေးပေါ်ပြန်လိုက်ရတယ်။ ကိုယ်တောင် နာရေးကိစ္စကို ထားခဲ့ပြီး အရေးပေါ် ဒီဟာအတွက် ပြန်လာခဲ့ရတာပဲ။ လမ်းပန်းဆက်သွယ်ရေးကလည်း ကောင်းနေတာ မဟုတ်ဘူး။

ဒါပေမဲ့ ရုံးချိန်း မပျက်ချင်လို့”လို့ သင်းသင်းက ပြောပါတယ်။ဝေဠုကျော်အနေနဲ့ကတော့ လူမှုကွက်ရက် စာမျက်နှာပေါ်မှာ တွေ့ရှိချက်အရ လက်ရှိဖြစ်ပွားနေတဲ့ ရေဘေးသင့် နေရာများကို သွားရောက် ကူညီကယ်ဆယ်ရေးများ ပြုလုပ်နေတာကို တွေ့ရပါတယ်။

လက်ရှိမှာတော့ အဆိုပါအမှုအတွက် တင်သွင်းထားတဲ့ အသံဖိုင်များကို စစ်ဆေးနေဆဲကာလဖြစ်ပြီး တရားလိုနဲ့ စွပ်စွဲခံရသူ မစုံညီတာကြောင့် ဆက်လက် မစစ်ဆေးနိုင်သေးတာ ဖြစ်ပါတယ်။

သရုပ်ဆောင် ဝေဠုကျော်ကိုတော့ အလှမယ် သင်းသင်းက ကာမလိမ်လည်မှုဖြင့် ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားပြီး ဝေဠုကျော်ကတောာ့ ငွေကျပ်သိန်း ၅၀ နဲ့ အာမခံ ရယူထားတာ ဖြစ်ပါတယ်။aungparsay

Related Articles

Close