fbpx
Celebrity

ေရေဘးသင့္ျပည္သူေတြအတြက္ တစ္အိမ္တက္ဆင္း အလွဴပစၥည္းေတြ လုိက္လွဴေနတဲ့ အိေခ်ာပို

နက္ေမွာင္တဲ့ ဆံနြယ္ရွည္ေတြနဲ႔၊ သာမန္ထက္ ထူးျခားလွပတဲ့ ခႏၶာကိုယ္ေကာက္ေၾကာင္းအလွေၾကာင့္ ပုရိသကိုကိုေတြရဲ႕နွလံုးသားကို အပိုင္သိမ္းထားႏိုင္တဲ့ မင္းသမီးေခ်ာေလး အိေခ်ာပိုကေတာ့ သရုပ္ေဆာင္ပိုင္းမွာလည္း ထူးခ်ြန္သူတစ္ဦးပါ။ သူမနဲ႔ လိုက္ဖက္ညီတဲ့ ရုပ္ရွင္ဇာတ္ကားေတြ ဆက္တိုက္ရိုက္ကူးျဖစ္ေနတဲ့ အိေခ်ာပိုကေတာ့ လက္ရွိမွာလည္း အနုပညာလုပ္ငန္းေတြ ဆက္တိုက္ လုပ္ကို္င္ေနတာ ျဖစ္ပါတယ္။

လူေလးလွသလို စိတ္ထားေလးလည္း လွတဲ့ မင္းသမီးေခ်ာေလး အိေခ်ာပိုက လက္ရိွမွာေတာ့ ေရေဘးသင့္ က်ိဳက္မေရာၿမိဳ႕နယ္၊ ပ်ားေတာင္ေဒသရိွ ကြမ္းငန္းေက်းရြာကို ေရာက္ရိွေနတာ ျဖစ္ပါတယ္။

အိေခ်ာပိုက က်ိဳက္မေရာၿမိဳ႕နယ္၊ ပ်ားေတာင္ေဒသရိွ ကြမ္းငန္းေက်းရြာ အိမ္ေျခ၄၂၀၊ လူဦးေရ (၁၆၀၀) ႏွင့္ ေကာ့သြန္းေက်းရြာ အိမ္ေျခ ၆၂၀၊လူဦးေရ(၁၃၅၀)အတြက္ လႉဖြယ္ပစၥည္းမ်ားအား လွဴဒါန္းေပးေနတာ ျဖစ္ပါတယ္။

အိေခ်ာပိုနဲ့အတူတူ အႏုပညာရွင္မ်ားျဖစ္သည့္ ထားထက္ထက္၊လူၾကမ္းသ႐ုပ္ေဆာင္မ်ိဳးၾကည္ ႏွင့္အဖြဲ႔တို႔မွ နာေရးကူညီမႈအသင္း(ရန္ကုန္)မွ အမာခံပရဟိတသမားမ်ားျဖင့္ပူးေပါင္းကာ လႉဒါန္းလ်က္ရိွတယ္လို့ သိရပါတယ္။

အိေခ်ာပိုကေတာ့ မိုးထဲေရထဲမွာ ျပည္သူေတြအတြက္ အပင္ပန္းခံျပီး လွဴဒါန္းေပးေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ပရဟိတမင္းသမီးေလး အိေခ်ာပိုရဲ့ ကုသိုလ္အတြက္ သာဓုေခၚေပးၾကပါဦးေနာ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။

Credit# burmese.asia

Unicode Version

နက်မှောင်တဲ့ ဆံနွယ်ရှည်တွေနဲ့၊ သာမန်ထက် ထူးခြားလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပုရိသကိုကိုတွေရဲ့နှလုံးသားကို အပိုင်သိမ်းထားနိုင်တဲ့ မင်းသမီးချောလေး အိချောပိုကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးပါ။ သူမနဲ့ လိုက်ဖက်ညီတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ အိချောပိုကတော့ လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေ ဆက်တိုက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

လူလေးလှသလို စိတ်ထားလေးလည်း လှတဲ့ မင်းသမီးချောလေး အိချောပိုက လက်ရှိမှာတော့ ရေဘေးသင့် ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသရှိ ကွမ်းငန်းကျေးရွာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

အိချောပိုက ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသရှိ ကွမ်းငန်းကျေးရွာ အိမ်ခြေ၄၂၀၊ လူဦးရေ (၁၆၀၀) နှင့် ကော့သွန်းကျေးရွာ အိမ်ခြေ ၆၂၀၊လူဦးရေ(၁၃၅၀)အတွက် လှူဖွယ်ပစ္စည်းများအား လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။

အိချောပိုနဲ့အတူတူ အနုပညာရှင်များဖြစ်သည့် ထားထက်ထက်၊လူကြမ်းသရုပ်ဆောင်မျိုးကြည် နှင့်အဖွဲ့တို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အမာခံပရဟိတသမားများဖြင့်ပူးပေါင်းကာ လှူဒါန်းလျက်ရှိတယ်လို့ သိရပါတယ်။

အိချောပိုကတော့ မိုးထဲရေထဲမှာ ပြည်သူတွေအတွက် အပင်ပန်းခံပြီး လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပရဟိတမင်းသမီးလေး အိချောပိုရဲ့ ကုသိုလ်အတွက် သာဓုခေါ်ပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Related Articles

Close