fbpx
Local

ေလာင္းလုံးတြင္ အားေဆးတစ္မ်ိဳးတိုက္ေကြၽးၿပီးေနာက္ ေက်ာင္းသား တစ္ရာေက်ာ္မူးေဝ၊ ေအာ့အန္

ေလာင္းလုံးၿမိဳ႕နယ္ ညင္းေမာ္ေက်း႐ြာ အေျခခံပညာ အလယ္တန္းေက်ာင္း (ခြဲ) မွ ေက်ာင္းသား၊ ေက်ာင္းသူ တစ္ရာေက်ာ္ (၁၂၉) ဦးသည္ အားေဆးတစ္မ်ိဳး ေသာက္ၿပီးေနာက္ ဗိုက္ေအာင့္မႈျဖစ္ပြားသျဖင့္ ေလာင္းလုံး ေဆး႐ုံသို႔ တင္ပို႔ထားရေၾကာင္း ယင္းေက်ာင္းအုပ္ ဆရာမႀကီးထံမွ သိရသည္။

ၾသဂုတ္လ ၁၃ ရက္ နံနက္ပိုင္းက က်န္းမာေရးဌာနမွ ထုတ္ေပးထားသည့္ Micronutrient ဟုေခၚသည့္ အားေဆးတစ္မ်ိဳးကို ေက်ာင္းသားမ်ားကို တိုက္ေကြၽးၿပီး မိနစ္ပိုင္းအၾကာအတြင္ ယင္းကဲ့သို႔ မူးေဝ၊ ေအာ့အန္၊ ဗိုက္ေအာင့္မႈမ်ား ျဖစ္ပြားလာသျဖင့္ ေဆး႐ုံကို တင္ပို႔လိုက္ျခင္းျဖစ္ေၾကာင္း ေလာင္းလုံးေဆး႐ုံႏွင့္ ယင္းေက်ာင္းအုပ္ဆရာမႀကီးထံမွ သိရသည္။

ေက်ာင္းသား၊ ေက်ာင္းသူ ၃၆၀ ဦးကို ေဆးတိုက္ေကြၽးခဲ့ၿပီး ယင္းတို႔အနက္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၂၉ ဦးကို ေဆး႐ုံသို႔တင္ပို႔ခဲ့ျခင္းျဖစ္သည္။

လြန္ခဲ့သည့္ တစ္လေက်ာ္က က်န္းမာေရးဌာနက ထုတ္ေပးထားေသာ ယင္းအားေဆးမ်ားကို က်န္းမာေရးဌာန ၫႊန္ၾကားခ်က္အတိုင္း တိုက္ေကြၽးခဲ့ျခင္းျဖစ္ေၾကာင္း ယင္းေက်ာင္း ေက်ာင္းအုပ္ဆရာမႀကီး ေဒၚမာလာဝင္းက ေျပာသည္။

“အဲဒီေဆးေသာက္ၿပီးတာနဲ႔ ေသာက္ၿပီးခ်င္းမွာ ၇ တန္းက မိန္းကေလးသုံးေယာက္ စျဖစ္တာ။ ၿပီးမွ ၈ တန္းက ေက်ာင္းသားေတြ ျဖစ္တာ။ အဲဒါနဲ႔ ႐ြာက လူႀကီးေတြ၊ ဆရာေတြကို ဖုန္းနဲ႔ေခၚ။ သူတို႔လဲ ဘာမွမလုပ္တတ္တာနဲ႔ ေဆး႐ုံပို႔လိုက္တာ”ဟု ၎က ဆိုသည္။

ေဆး႐ုံေရာက္လာသည့္ ေက်ာင္းသားမ်ားကို စမ္းသပ္ၾကည့္ရာ အဆိပ္ျဖစ္သည့္ လကၡဏာႏွင့္ ေသြးေပါင္က်သည့္ လကၡဏာ မရွိေၾကာင္း ေလာင္းလုံးေဆး႐ုံအုပ္ႀကီး ေဒါက္တာသူဇာဝင္းက ေျပာသည္။

ေဆး႐ုံေရာက္လာသူမ်ားအနက္ အမွန္တကယ္ မူးေဝ၊ ေအာ့အန္၊ ဗိုက္ေအာင့္ေနသူမ်ားမွာ ၇၅ ဦးသာရွိေၾကာင္း ေလာင္းလုံး ေဆး႐ုံအုပ္ႀကီး ေဒါက္တာသူဇာဝင္းက ေျပာသည္။

လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား လုပ္ေဆာင္ၿပီးေနာက္ ယင္း ၇၅ ဦးအနက္ ငါးဆယ္နီးပါးမွာ သက္သာလာသျဖင့္ ေက်ာင္းသို႔ ျပန္ပို႔လိုက္ေၾကာင္း အထက္ပါ ေဆး႐ုံအုပ္ႀကီးက ေျပာသည္။

က်န္ႏွစ္ဆယ္ေက်ာ္မွာ ေဆး႐ုံတြင္ ေစာင့္ၾကည့္ကုသေနဆဲျဖစ္ေၾကာင္း ေဒါက္တာသူဇာဝင္းက ၾသဂုတ္လ ၁၃ ရက္ ၊ မြန္းလြဲ ၁ နာရီေက်ာ္တြင္ ေျပာသည္။

Micronutrient အားေဆးမွာ အမ်ားအားျဖင့္ လူႀကီးမ်ားသာ ေသာက္သုံးသည့္ေဆးျဖစ္ၿပီး ကေလးမ်ားကို တိုက္ေကြၽးလိုက္ျခင္းေၾကာင့္ ယင္းကဲ့သို႔ မူးေဝ၊ ေအ့ာအန္၊ ဗိုက္ေအာင့္တာေတြျဖစ္ပြားျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

“တစ္ခ်ိဳ႕က အခန႔္မသင့္ဘူး။ တစ္ခ်ိဳ႕ကလည္း အစာေတြ မစားလာၾကဘူး။ ဒါမ်ိဳးက အခန႔္မသင့္ေတာ့ ဗိုက္ေအာင့္တာေတြ၊ ဘာေတြျဖစ္တာေပါ့”ဟု ၎က ဆိုသည္။

ယင္း Micronutrient အားေဆးမွာ က်န္းမာေရးဌာက အသိအမွတ္ျပဳထားၿပီး ေဆးသက္တမ္းမွာလည္း ၂၀၂၁ ခုအထိ ရွိေသးေၾကာင္း ေလာင္းလုံးေဆး႐ုံထံမွ သိရသည္။

Dawei Watch

ဓာတ္ပုံ – ေက်ာ္သူစိုး

(ယခုေဖာ္ျပပါသတင္းကို The Voice Daily ၏တရားဝင္ခြင့္ျပဳခ်က္ျဖင့္ေဖာ္ျပပါသည္။)

Unicode Version

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) မှ ကျောင်းသား၊ ကျောင်းသူ တစ်ရာကျော် (၁၂၉) ဦးသည် အားဆေးတစ်မျိုး သောက်ပြီးနောက် ဗိုက်အောင့်မှုဖြစ်ပွားသဖြင့် လောင်းလုံး ဆေးရုံသို့ တင်ပို့ထားရကြောင်း ယင်းကျောင်းအုပ် ဆရာမကြီးထံမှ သိရသည်။

သြဂုတ်လ ၁၃ ရက် နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ထုတ်ပေးထားသည့် Micronutrient ဟုခေါ်သည့် အားဆေးတစ်မျိုးကို ကျောင်းသားများကို တိုက်ကျွေးပြီး မိနစ်ပိုင်းအကြာအတွင် ယင်းကဲ့သို့ မူးဝေ၊ အော့အန်၊ ဗိုက်အောင့်မှုများ ဖြစ်ပွားလာသဖြင့် ဆေးရုံကို တင်ပို့လိုက်ခြင်းဖြစ်ကြောင်း လောင်းလုံးဆေးရုံနှင့် ယင်းကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူ ၃၆၀ ဦးကို ဆေးတိုက်ကျွေးခဲ့ပြီး ယင်းတို့အနက် ကျောင်းသား၊ ကျောင်းသူ ၁၂၉ ဦးကို ဆေးရုံသို့တင်ပို့ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် တစ်လကျော်က ကျန်းမာရေးဌာနက ထုတ်ပေးထားသော ယင်းအားဆေးများကို ကျန်းမာရေးဌာန ညွှန်ကြားချက်အတိုင်း တိုက်ကျွေးခဲ့ခြင်းဖြစ်ကြောင်း ယင်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာဝင်းက ပြောသည်။

“အဲဒီဆေးသောက်ပြီးတာနဲ့ သောက်ပြီးချင်းမှာ ၇ တန်းက မိန်းကလေးသုံးယောက် စဖြစ်တာ။ ပြီးမှ ၈ တန်းက ကျောင်းသားတွေ ဖြစ်တာ။ အဲဒါနဲ့ ရွာက လူကြီးတွေ၊ ဆရာတွေကို ဖုန်းနဲ့ခေါ်။ သူတို့လဲ ဘာမှမလုပ်တတ်တာနဲ့ ဆေးရုံပို့လိုက်တာ”ဟု ၎င်းက ဆိုသည်။

ဆေးရုံရောက်လာသည့် ကျောင်းသားများကို စမ်းသပ်ကြည့်ရာ အဆိပ်ဖြစ်သည့် လက္ခဏာနှင့် သွေးပေါင်ကျသည့် လက္ခဏာ မရှိကြောင်း လောင်းလုံးဆေးရုံအုပ်ကြီး ဒေါက်တာသူဇာဝင်းက ပြောသည်။

ဆေးရုံရောက်လာသူများအနက် အမှန်တကယ် မူးဝေ၊ အော့အန်၊ ဗိုက်အောင့်နေသူများမှာ ၇၅ ဦးသာရှိကြောင်း လောင်းလုံး ဆေးရုံအုပ်ကြီး ဒေါက်တာသူဇာဝင်းက ပြောသည်။

လိုအပ်သည့် ဆေးဝါးကုသမှုများ လုပ်ဆောင်ပြီးနောက် ယင်း ၇၅ ဦးအနက် ငါးဆယ်နီးပါးမှာ သက်သာလာသဖြင့် ကျောင်းသို့ ပြန်ပို့လိုက်ကြောင်း အထက်ပါ ဆေးရုံအုပ်ကြီးက ပြောသည်။

ကျန်နှစ်ဆယ်ကျော်မှာ ဆေးရုံတွင် စောင့်ကြည့်ကုသနေဆဲဖြစ်ကြောင်း ဒေါက်တာသူဇာဝင်းက သြဂုတ်လ ၁၃ ရက် ၊ မွန်းလွဲ ၁ နာရီကျော်တွင် ပြောသည်။

Micronutrient အားဆေးမှာ အများအားဖြင့် လူကြီးများသာ သောက်သုံးသည့်ဆေးဖြစ်ပြီး ကလေးများကို တိုက်ကျွေးလိုက်ခြင်းကြောင့် ယင်းကဲ့သို့ မူးဝေ၊ အေ့ာအန်၊ ဗိုက်အောင့်တာတွေဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“တစ်ချို့က အခန့်မသင့်ဘူး။ တစ်ချို့ကလည်း အစာတွေ မစားလာကြဘူး။ ဒါမျိုးက အခန့်မသင့်တော့ ဗိုက်အောင့်တာတွေ၊ ဘာတွေဖြစ်တာပေါ့”ဟု ၎င်းက ဆိုသည်။

ယင်း Micronutrient အားဆေးမှာ ကျန်းမာရေးဌာက အသိအမှတ်ပြုထားပြီး ဆေးသက်တမ်းမှာလည်း ၂၀၂၁ ခုအထိ ရှိသေးကြောင်း လောင်းလုံးဆေးရုံထံမှ သိရသည်။

Dawei Watch

ဓာတ်ပုံ – ကျော်သူစိုး

(ယခုဖော်ပြပါသတင်းကို The Voice Daily ၏တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြပါသည်။)

Related Articles

Close