Local

ကံဆိုးမႈ ေသးေသးေလး ေတြရဲ႕ ေနာက္မွာ ကံေကာင္းမႈ အႀကီးစားေတြ ရွိေနတယ္

တစ္ခါက နတ္သားႀကီး တစ္ပါးနဲ႔ ေျမးနတ္သားငယ္ ေလးဟာ လူ႔ျပည္ကို အလည္ အပတ္ ဆင္းလာ ၾကသတဲ့ ။ ေနဝင္ခ်ိန္ ေရာက္လို႔

ခရီးဆက္ဖို႔ မျဖစ္ႏိုင္တဲ့ အခ်ိန္မွာ ႐ြာတစ္႐ြာ ကိုဝင္ၿပီး အိမ္ႀကီး အိမ္ေကာင္း တစ္အိမ္မွာ “ ကြၽန္ုပ္တို႔ ေျမး အဘိုးကို ဒီ တစ္ည ဒီအိမ္ မွာ တည္းခိုခြင့္ ေပးပါ ” လို႔ ခြင့္ေတာင္း ေတာ့တယ္ ။

ခ်မ္းသာ လြန္းေပမယ့္ သေဘာထား ခ်ိဳ႕တဲ့တဲ့ အိမ္ႀကီး ရွင္ေတြဟာ နတ္သား ႏွစ္ပါး ကို အိမ္ထဲမွာေနခြင့္ မေပးဘဲ ေအးခဲ ေမွာင္မိုက္ ေနတဲ့ ဂိုေဒါင္ ထဲမွာပဲ ေနခြင့္ ေပးလိုက္ သတဲ့ ။

စားဖြယ္ ေသာက္ဖြယ္ အလွ်ံ ပယ္ ရွိေနတာ ေတာင္မွ နတ္သား ႏွစ္ပါးကို ထမင္း တစ္ေစ့ ေရ တစ္စက္ ေလးေတာင္ တိုက္ေဖာ္ ေတာင္မရဘူးတဲ့ ။

ေအးခဲေနတဲ့ အခန္းမွာ ဆာေလာင္ ေနတဲ့ နတ္သား ႀကီးဟာ ဂိုေဒါင္ရဲ႕ ၾကမ္းျပင္က အေပါက္ေလးေတြကို ဖာေထး ေပးေနတာကို နတ္သား ငယ္ေလးက သေဘာ မက်ဘူးေပါ့ ။

“ အဲဒီေလာက္ သေဘာထား ညံ့ဖ်င္းတဲ့ မိသားစု ကို ဘာေၾကာင့္ ကူညီ ေနရတာလဲ ” လို႔ မေက်မနပ္နဲ႔ ေမးလိုက္တဲ့ အခါမွာ “ အခ်ိန္ တန္ရင္ အေၾကာင္းရင္း သိပါလိမ့္မယ္ ” လို႔ ျပန္ေျဖ လိုက္သတဲ့ ။

နတ္သားငယ္ ေလးဟာ နတ္သားႀကီးရဲ႕ အေျဖကို သေဘာမက်ေပမဲ့ အတြန႔္ မတက္ခ်င္တာေၾကာင့္ ဆိတ္ဆိတ္ ေနလိုက္တာေပါ့ ။

မိုးလင္း ၿပီးတဲ့ ေနာက္မွာ နတ္သား ႏွစ္ပါးက အိမ္ႀကီးရွင္ ေတြကို ႏႈတ္ဆက္ၿပီး ခရီးဆက္ လာၾကသတဲ့ ။ အဲဒီလိုနဲ႔ မိုးခ်ဳပ္ ခါနီးမွာ ဆင္းရဲ ခ်ိဳ႕တဲ့တဲ့ အိမ္တစ္အိမ္ ေရွ႕ကို ေရာက္လာ ျပန္သတဲ့ ။

ႏြား တစ္ေကာင္ ၊ တဲတစ္လုံး ၊ စားစရာ အနည္းငယ္နဲ႔ ကေလး တစ္သိုက္ကို ပိုင္ဆိုင္တဲ့ ဇနီးေမာင္ႏွံ ဟာ ဆင္းရဲခ်ိဳ႕တဲ့ ေပမယ့္ သေဘာထား ႀကီးၿပီး ႐ိုးသားတဲ့ သူေတြေပါ့ ။

သူတို႔ ပိုင္ဆိုင္တဲ့ တစ္ခုတည္းေသာ အိပ္ယာေပၚမွာ နတ္သား ႏွစ္ပါးကို အိပ္ခိုင္း ။ ရွိစုမဲ့စု စားစရာေလးေတြကို ေဝမွ် ေကြၽးၿပီး သူတို႔ ကိုယ္တိုင္ကေတာ့

ျဖစ္သလို အိပ္ၿပီး ေရေသာက္ ဗိုက္ေမွာက္လိုက္ၾကသတဲ့ ။ နတ္သား ႏွစ္ပါးကေတာ့ အိပ္ယာေပၚမွာ စိတ္လက္ ခ်မ္းသာစြာနဲ႔ အိပ္စက္အနားယူလိုက္ ၾကရတာေပါ့ ။

ေနာက္တစ္ေန႔ မနက္ နတ္သားႏွစ္ပါး အိပ္ယာထလာတဲ့ အခါ အိမ္ရွင္ေတြရဲ႕ တစ္ေကာင္တည္းေသာ ႏြားေလးေသ သြားတာ ေၾကာင့္ ပူေဆြး

ဝမ္းနည္းေနတဲ့ အိမ္ရွင္ မိသားစုကို ေတြ႕လိုက္ ရသတဲ့။ နတ္သားငယ္ ေလးဟာ ဝမ္းနည္းေနတဲ့ အိမ္ရွင္ေတြ ကိုၾကည့္ၿပီး….

“ အဘိုး မေကာင္းဘူးဗ်ာ… သေဘာ မေကာင္းတဲ့ အိမ္ရွင္ေတြကို က်ေတာ့ ဂိုေဒါင္ ကိုေတာင္ ျပင္ေပးခဲ့တယ္ ။ သေဘာေကာင္းတဲ့ အိမ္ရွင္ေတြကို က်ေတာ့ ႏြားကေလး မေသေအာင္ ေစာင္မေပးလိုက္တာ မဟုတ္ဘူး ။

သနားလိုက္ တာဗ်ာ ။ ကြၽန္ေတာ့္ ဆီမွာသာ အဘိုးေလာက္ တန္ခိုးရွိခဲ့ရင္ ႏြားေလးကို ကယ္ေပးခဲ့မွာဗ် ” လို႔ အဘိုး ျဖစ္သူကို ျပစ္တင္ စကားဆို လိုက္သတဲ့ ။

အဘိုး နတ္မင္းႀကီးဟာ နတ္သားေလးကို ၿပဳံးၾကည့္ၿပီး “ ခ်မ္းသာတဲ့ မိသားစုအိမ္မွာ အေပါက္ေတြဖာ ေပးခဲ့တယ္ ဆိုတာ ဂိုေဒါင္ရဲ႕ ေအာက္မွာ ျမႇပ္ထားတဲ့ ေ႐ႊအိုးေတြကို သူတို႔ မျမင္ႏိုင္ ေတာ့ေအာင္လို႔ ငါ့ေျမးရဲ႕ ။

အဲဒီေလာက္ ေလာဘႀကီးၿပီး သေဘာထား ေသးသိမ္တဲ့ မိသားစုက ေ႐ႊအိုးေတြကို မပိုင္ဆိုင္ သင့္ဘူးလို႔ အဘိုး ထင္တယ္ေလ ။ ေ႐ႊအိုးေတြ ရသြားတဲ့အခါ

သူတစ္ပါး အက်ိဳးေတြကို ဘာမွလုပ္ေဆာင္ မေပးမယ့္ အတူတူ ေ႐ႊအိုးေတြ ေျမႀကီးထဲ ေရာက္ေနတာက ပိုေကာင္းတယ္ မဟုတ္လား ။

ၿပီးေတာ့ သေဘာေကာင္းတဲ့ မိသားစုမွာ ႏြားေလး ဘာေၾကာင့္ ေသသြားရတာလဲ ဆိုတာကိုလည္း ေျပာျပမယ္ ငါ့ေျမး ။ တကယ္ေတာ့ မေန႔ညက အိမ္ရွင္ရဲ႕ဇနီးမွာ ေသကံ ရွိေနတာကြဲ႕ ။

ညသန္း ေခါင္မွာ ေသမင္း ေရာက္လာေတာ့ အဘိုးက သေဘာေကာင္းတဲ့ အိမ္ရွင္မႀကီး အစားႏြားတစ္ေကာင္ကို ေခၚသြားဖို႔ ေတာင္းဆို လိုက္တယ္ ။

သေဘာေကာင္းတဲ့ အိမ္ရွင္မႀကီးအစား ႏြားကေလး ေသသြားတာက သူတို႔ မိသားစုအတြက္ မသက္သာဘူးလား ငါ့ေျမးေရ… ။ တစ္ခါ တေလမွာ ဆိုးဝါးတဲ့ အရာေတြ ျဖစ္လာတိုင္း ကံဆိုးေနတာ မဟုတ္ပါဘူးေနာ္ ။

ကံဆိုးမႈ ေသးေသးေလးေတြရဲ႕ ေနာက္မွာ ကံေကာင္းမႈ အႀကီးစားေတြ ရွိေနတယ္ ။” လို႔ ေျပာလိုက္သတဲ့။ နတ္သားေလးကေတာ့ အဘိုးျဖစ္သူကို ေလးစားစြာ ေပြ႕ဖက္ လိုက္မိေတာ့တယ္ ။

Unicode

ကံဆိုးမှု သေးသေးလေး တွေရဲ့ နောက်မှာ ကံကောင်းမှု အကြီးစားတွေ ရှိနေတယ် ။

တစ်ခါက နတ်သားကြီး တစ်ပါးနဲ့ မြေးနတ်သားငယ် လေးဟာ လူ့ပြည်ကို အလည် အပတ် ဆင်းလာ ကြသတဲ့ ။ နေဝင်ချိန် ရောက်လို့

ခရီးဆက်ဖို့ မဖြစ်နိုင်တဲ့ အချိန်မှာ ရွာတစ်ရွာ ကိုဝင်ပြီး အိမ်ကြီး အိမ်ကောင်း တစ်အိမ်မှာ “ ကျွန်ုပ်တို့ မြေး အဘိုးကို ဒီ တစ်ည ဒီအိမ် မှာ တည်းခိုခွင့် ပေးပါ ” လို့ ခွင့်တောင်း တော့တယ် ။

ချမ်းသာ လွန်းပေမယ့် သဘောထား ချို့တဲ့တဲ့ အိမ်ကြီး ရှင်တွေဟာ နတ်သား နှစ်ပါး ကို အိမ်ထဲမှာနေခွင့် မပေးဘဲ အေးခဲ မှောင်မိုက် နေတဲ့ ဂိုဒေါင် ထဲမှာပဲ နေခွင့် ပေးလိုက် သတဲ့ ။

စားဖွယ် သောက်ဖွယ် အလျှံ ပယ် ရှိနေတာ တောင်မှ နတ်သား နှစ်ပါးကို ထမင်း တစ်စေ့ ရေ တစ်စက် လေးတောင် တိုက်ဖော် တောင်မရဘူးတဲ့ ။

အေးခဲနေတဲ့ အခန်းမှာ ဆာလောင် နေတဲ့ နတ်သား ကြီးဟာ ဂိုဒေါင်ရဲ့ ကြမ်းပြင်က အပေါက်လေးတွေကို ဖာထေး ပေးနေတာကို နတ်သား ငယ်လေးက သဘော မကျဘူးပေါ့ ။

“ အဲဒီလောက် သဘောထား ညံ့ဖျင်းတဲ့ မိသားစု ကို ဘာကြောင့် ကူညီ နေရတာလဲ ” လို့ မကျေမနပ်နဲ့ မေးလိုက်တဲ့ အခါမှာ “ အချိန် တန်ရင်

အကြောင်းရင်း သိပါလိမ့်မယ် ” လို့ ပြန်ဖြေ လိုက်သတဲ့ ။ နတ်သားငယ် လေးဟာ နတ်သားကြီးရဲ့ အဖြေကို သဘောမကျပေမဲ့ အတွန့် မတက်ချင်တာကြောင့် ဆိတ်ဆိတ် နေလိုက်တာပေါ့ ။

မိုးလင်း ပြီးတဲ့ နောက်မှာ နှစ်သား နှစ်ပါးက အိမ်ကြီးရှင် တွေကို နှုတ်ဆက်ပြီး ခရီးဆက် လာကြသတဲ့ ။ အဲဒီလိုနဲ့ မိုးချုပ် ခါနီးမှာ ဆင်းရဲ ချို့တဲ့တဲ့ အိမ်တစ်အိမ် ရှေ့ကို ရောက်လာ ပြန်သတဲ့ ။

နွား တစ်ကောင် ၊ တဲတစ်လုံး ၊ စားစရာ အနည်းငယ်နဲ့ ကလေး တစ်သိုက်ကို ပိုင်ဆိုင်တဲ့ ဇနီးမောင်နှံ ဟာ ဆင်းရဲချို့တဲ့ ပေမယ့် သဘောထား ကြီးပြီး ရိုးသားတဲ့ သူတွေပေါ့ ။

သူတို့ ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော အိပ်ယာပေါ်မှာ နတ်သား နှစ်ပါးကို အိပ်ခိုင်း ။ ရှိစုမဲ့စု စားစရာလေးတွေကို ဝေမျှ ကျွေးပြီး သူတို့

ကိုယ်တိုင်ကတော့ ဖြစ်သလို အိပ်ပြီး ရေသောက် ဗိုက်မှောက်လိုက်ကြသတဲ့ ။ နတ်သား နှစ်ပါးကတော့ အိပ်ယာပေါ်မှာ စိတ်လက် ချမ်းသာစွာနဲ့ အိပ်စက်အနားယူလိုက် ကြရတာပေါ့ ။

နောက်တစ်နေ့ မနက် နတ်သားနှစ်ပါး အိပ်ယာထလာတဲ့ အခါ အိမ်ရှင်တွေရဲ့ တစ်ကောင်တည်းသော နွားလေးသေ သွားတာ ကြောင့် ပူဆွေး

ဝမ်းနည်းနေတဲ့ အိမ်ရှင် မိသားစုကို တွေ့လိုက် ရသတဲ့။ နတ်သားငယ် လေးဟာ ဝမ်းနည်းနေတဲ့ အိမ်ရှင်တွေ ကိုကြည့်ပြီး….

“ အဘိုး မကောင်းဘူးဗျာ… သဘော မကောင်းတဲ့ အိမ်ရှင်တွေကို ကျတော့ ဂိုဒေါင် ကိုတောင် ပြင်ပေးခဲ့တယ် ။ သဘောကောင်းတဲ့

အိမ်ရှင်တွေကို ကျတော့ နွားကလေး မသေအောင် စောင်မပေးလိုက်တာ မဟုတ်ဘူး ။ သနားလိုက် တာဗျာ ။

ကျွန်တော့် ဆီမှာသာ အဘိုးလောက် တန်ခိုးရှိခဲ့ရင် နွားလေးကို ကယ်ပေးခဲ့မှာဗျ ” လို့ အဘိုး ဖြစ်သူကို ပြစ်တင် စကားဆို လိုက်သတဲ့ ။

အဘိုး နတ်မင်းကြီးဟာ နတ်သားလေးကို ပြုံးကြည့်ပြီး “ ချမ်းသာတဲ့ မိသားစုအိမ်မှာ အပေါက်တွေဖာ ပေးခဲ့တယ် ဆိုတာ ဂိုဒေါင်ရဲ့ အောက်မှာ မြှပ်ထားတဲ့ ရွှေအိုးတွေကို သူတို့ မမြင်နိုင် တော့အောင်လို့ ငါ့မြေးရဲ့ ။

အဲဒီလောက် လောဘကြီးပြီး သဘောထား သေးသိမ်တဲ့ မိသားစုက ရွှေအိုးတွေကို မပိုင်ဆိုင် သင့်ဘူးလို့ အဘိုး ထင်တယ်လေ ။ ရွှေအိုးတွေ ရသွားတဲ့အခါ

သူတစ်ပါး အကျိုးတွေကို ဘာမှလုပ်ဆောင် မပေးမယ့် အတူတူ ရွှေအိုးတွေ မြေကြီးထဲ ရောက်နေတာက ပိုကောင်းတယ် မဟုတ်လား ။

ပြီးတော့ သဘောကောင်းတဲ့ မိသားစုမှာ နွားလေး ဘာကြောင့် သေသွားရတာလဲ ဆိုတာကိုလည်း ပြောပြမယ် ငါ့မြေး ။ တကယ်တော့ မနေ့ညက အိမ်ရှင်ရဲ့ဇနီးမှာ သေကံ ရှိနေတာကွဲ့ ။

ညသန်း ခေါင်မှာ သေမင်း ရောက်လာတော့ အဘိုးက သဘောကောင်းတဲ့ အိမ်ရှင်မကြီး အစားနွားတစ်ကောင်ကို ခေါ်သွားဖို့ တောင်းဆို လိုက်တယ် ။

သဘောကောင်းတဲ့ အိမ်ရှင်မကြီးအစား နွားကလေး သေသွားတာက သူတို့ မိသားစုအတွက် မသက်သာဘူးလား ငါ့မြေးရေ… ။ တစ်ခါ တလေမှာ ဆိုးဝါးတဲ့ အရာတွေ ဖြစ်လာတိုင်း ကံဆိုးနေတာ မဟုတ်ပါဘူးနော် ။

ကံဆိုးမှု သေးသေးလေးတွေရဲ့ နောက်မှာ ကံကောင်းမှု အကြီးစားတွေ ရှိနေတယ် ။” လို့ ပြောလိုက်သတဲ့။ နတ်သားလေးကတော့ အဘိုးဖြစ်သူကို လေးစားစွာ ပွေ့ဖက် လိုက်မိတော့တယ် ။