Knowledge

ကမာၻ႔အႀကီးဆုံး ေခါင္းေလာင္းႀကီး ၅ လုံး

ကမာၻ႔အႀကီးဆုံး ေခါင္းေလာင္းႀကီး ၅ လုံး

ေခါင္းေလာင္းေတြကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၄၀၀၀ ခန႔္ကတည္းက တ႐ုတ္ႏိုင္ငံမွာ စတင္အသုံးျပဳခဲ့ၾကပါတယ္။ အေစာပိုင္း ေခါင္းေလာင္းေတြကို ေျမ နဲ႔ ဖန္တီးၿပီး အလယ္မွာႀကိဳးနဲ႔ခ်ိတ္ဆြဲထားတဲ့ ခေလာက္တစ္ခု ပါရွိပါတယ္။ အဲဒီေနာက္ေတာ့ သတၱဳေခါင္းေလာင္းမ်ားကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ တိုးျမႇင့္ဖန္တီးလာၾကၿပီး ေနရာမ်ိဳးစုံမွာ အသုံးျပဳလာၾကပါတယ္။ ခရစ္ယာန္ဘုရားေက်ာင္းေတြမွာ ေခါင္းေလာင္းေတြကို ထားတတ္ၾကသလို ဗုဒၶဘာသာနဲ႔ ဆိုင္တဲ့ ေက်ာင္းကန္ပုထိုးေတြမွာလည္း ေခါင္းေလာင္းေတြကို ခ်ိတ္ဆြဲထားေလ့ရွိပါတယ္။

ေခါင္းေလာင္းသံကို ႏိုင္ငံအသီးသီး၌ ကိစၥအမ်ိဳးမ်ိဳး အတြက္ အသုံးျပဳၾကပါတယ္။ သာသနာေရးကိစၥ မ်ားမွအပ၊ နန္းတက္ပြဲ၊ လက္ထပ္ပြဲ စေသာ မဂၤလာအခမ္းအနားမ်ား၌ လည္း ေခါင္းေလာင္းကို ထိုးတတ္ၾကပါတယ္။ စစ္ႀကီးၿပီးဆုံး သည့္အခါ၊ ႏိုင္ငံလြတ္လပ္သည့္အခါမ်ား၌လည္း ဝမ္းေျမာက္ ေသာ အထိမ္းအမွတ္ျဖင့္ ေခါင္းေလာင္းမ်ားကို ထိုးတတ္ၾကျပန္ပါတယ္။ ဘုရင္နတ္႐ြာစံသည့္အခါ၌လည္း ဝမ္းနည္းေသာ အထိမ္းအမွတ္ျဖင့္ ေၾကကြဲဖြယ္ျဖစ္ေအာင္ ထိုးတတ္ၾကပါေသးတယ္။ ဒီတစ္ခါေတာ့ သုတဇုန္ မိတ္ေဆြမ်ားကို လက္ရွိ ကမာၻ႔အႀကီးဆုံး ေခါင္းေလာင္းႀကီး ၅ လုံးရဲ႕ အေၾကာင္းကို ဗဟုသုတ အေနနဲ႔ ေဝမွ်သြားပါမယ္။

၅။ Chion-in Temple Bell (148,000 pounds)

ဂ်ပန္ႏိုင္ငံ က်ိဳတိုၿမိဳ႕ ဂ်ိဳဒိုဗုဒၶဘာသာဂိုဏ္းရဲ႕နယ္ေျမ Chion-in မွာ တည္ရွိခဲ့ေခါင္းေလာင္းျဖစ္ပါတယ္။ ဂ်ပန္မွာေတာ့ ေခါင္းေလာင္းေတြကို Bonshō လို႔ေခၚၿပီး ဘုန္းႀကီးေတြစု႐ုံးတဲ့အခါမ်ိဳး ဒါမွမဟုတ္ ဘုရားဝတ္ျပဳဖို႔ဆင့္ေခၚတဲ့အခါမ်ိဳးမွာ အခ်က္ေပးဖို႔အေနနဲ႔ အသုံးျပဳခဲ့ၾကတာျဖစ္ပါတယ္။ Chion-in ဘုရားေက်ာင္းေခါင္းေလာင္းကေတာ့ ဂ်ပန္မွာအႀကီးဆုံး ေခါင္းေလာင္းႀကီးျဖစ္ၿပီး အေလးခ်ိန္ ၁၄၈၀၀၀ ေပါင္ရွိပါတယ္။ ဒီေခါင္းေလာင္းႀကီး ၁၆၃၃ ခုႏွစ္မွာ သြန္းေလာင္းခဲ့တာျဖစ္ၿပီး ေခါင္းေလာင္းထိုးဖို႔ လူ ၁၇ဦးလိုအပ္ပါတယ္။

၄။ Tsarsky Kolokol (158,400 pounds)

ဒီေခါင္းေလာင္းႀကီးကေတာ့ ႐ုရွားႏိုင္ငံေမာ္စကိုၿမိဳ႕က Trinity Lavra of St. Sergius ဘုရားေက်ာင္းမွာ ရွိေနပါတယ္။ ႐ုရွားစက္မႈကုမၸဏီႀကီးျဖစ္တဲ့ ZiL က ၂၀၀၄ခုႏွစ္မွာ သြန္းေလာင္းေပးခဲ့တာျဖစ္ၿပီး အေလးခ်ိန္ ၁၅၈၄၀၀ ေပါင္ ေလးပါတယ္။ အျမင့္ ၄ မီတာရွိတဲ့ ဒီေခါင္းေလာင္းဟာ ႐ုရွားႏိုင္ငံမွာရွိတဲ့ အသံထြက္တဲ့ ေခါင္းေလာင္းေတြထဲမွာ အႀကီးဆုံး ေခါင္းေလာင္းလည္း ျဖစ္ပါတယ္။

၃။ မင္းကြန္းေခါင္းေလာင္း (195,000 pounds)

ကမာၻ႔တတိယအႀကီးဆုံးေခါင္းေလာင္းျဖစ္တဲ့ မင္းကြန္းေခါင္းေလာင္းႀကီးကေတာ့ ျမန္မာႏိုင္ငံ စစ္ကိုင္းတိုင္းအတြင္းက မင္းကြန္းမွာတည္ရွိပါတယ္။ ၁၈၀၈ ခုႏွစ္ ဘိုးေတာ္ဘုရားလက္ထက္မွာ ပန္းတင္းဝန္ မဟာနႏၵေက်ာ္စြာ ဦးစီးေသာ ေၾကးသြန္းလုပ္သား ပညာရွင္မ်ားက သြန္းေလာင္းခဲ့ၾကပါတယ္။ အဝအခ်င္း = ၁၆’ ၈ ၁/၄” ၊ လုံးပတ္ = ၅၀’ ၃/၄” ၊ အေစာက္ = ၂၀’ ၃” ၊အေလးခ်ိန္ = ၉၀.၅၂ တန္ (၁၉၅၀၀၀ေပါင္) ၊ ပိႆာခ်ိန္ = ၅၅၅၅၅ ပိႆာ ရွိၿပီး မင္းျမဴမွန္မွန္ေျပာ ဆိုသည္မွာ မင္းကြန္းေခါင္းေလာင္းႀကီး၏ အေလးခ်ိန္ကို မွတ္သားထားျခင္း ျဖစ္ပါတယ္။

ေအဒီ-၁၈၃၈)တြင္ ေျမငလ်င္လႈပ္သျဖင့္ အနည္းငယ္ေနရာေ႐ြ႕၍ (၅)ပိႆာခန႔္ ပဲ့သြားခဲ့ဖူးပါတယ္။ ဧရာဝတီမီးသေဘၤာကုမၸဏီမွ စေကာ့တလန္လူမ်ိဳး အရာရွိတစ္ဦးက မူလသစ္သားယက္မေပၚမွ ယခုရွိေသာ သံယက္မေပၚသို႔ ေ႐ႊ႕ေျပာင္း တတ္ဆင္ေပးခဲ့ျခင္းျဖစ္ပါတယ္။ မင္းကြန္းေခါင္းေလာင္းႀကီးမွာ တိုင္(၁၆)တိုင္ႏွင့္ ဘုံျပသာဒ္(၃)ဆင့္ အမိုးတပ္ဆင္ထားၿပီး ယေန႔ထိတိုင္ ထိုး၍ အသံလြင္လြင္ျမည္ဆဲ ျဖစ္ပါတယ္။

၂။ Bell of Good Luck (255,200 pounds)

ဒီေခါင္းေလာင္းႀကီးကေတာ့ တ႐ုတ္ႏိုင္ငံ ဟီနန္ျပည္နယ္ Pingdingshan ၿမိဳ႕က Foquan ဘုရားေက်ာင္းမွာ တည္ရွိပါတယ္။ အျမင့္ေပ ၁၇ နီးပါးခန႔္ရွိတဲ့ ဒီေခါင္းေလာင္းႀကီးကို ၂၀၀၀ ခုႏွစ္မွာ Tianrui Group ကုမၸဏီက သြန္းေလာင္းေပးခဲ့တာျဖစ္ပါတယ္။ အေလးခ်ိန္ ၂၅၅၂၀၀ ေပါင္ ရွိတဲ့ ဒီေခါင္းေလာင္းႀကီးဟာ ကမာၻေပၚက အသံျမည္ႏိုင္တဲ့ ေခါင္းေလာင္းေတြထဲမွာ အႀကီးဆုံးျဖစ္ပါတယ္။

၁။ Tsar Bell (445,166 pounds )

ကမာၻေပၚမွာ လူသိမ်ားတဲ့ အႀကီးဆုံးေခါင္းေလာင္းႀကီးကေတာ့ ႐ုရွားႏိုင္ငံ ကရင္မ္လင္နန္းေတာ္အနီးမွာထားရွိတဲ့ Tsar ေခါင္းေလာင္းႀကီးျဖစ္ပါတယ္။ သူ႔ကို Tsrasky Kolokol, Royal Bell အစရွိသျဖင့္ ေခၚၾကပါေသးတယ္။ ထူးျခားေနတာကေတာ့ ေခါင္းေလာင္းႀကီးမွာ ပဲ့ထြက္ေနတဲ့အပိုင္းရွိၿပီး အဲဒီအပဲ့ႀကီးဟာ ၁၁တန္ခန႔္ အေလးခ်ိန္ရွိပါတယ္။ တည္ေဆာက္ခဲ့သူေတြကေတာ့ သတၱဳရည္ႀကိဳပညာရွင္မ်ားျဖစ္တဲ့ Ivan Motorin နဲ႔ သူ႔ရဲ႕သားျဖစ္သူ Mikhail တို႔ပဲျဖစ္ပါတယ္။

ေခါင္းေလာင္းတည္ေဆာက္မႈကို ၁၇၃၃ခုႏွစ္မွာ စတင္ခဲ့ၿပီး ၁၇၃၅ခုႏွစ္ ႏိုဝင္ဘာ ၂၅ရက္ေန႔မွာေတာ့ သြန္းေလာင္းမႈ ေအာင္ျမင္ခဲ့ပါတယ္။ ေခါင္းေလာင္းေပၚမွာေတာ့ နတ္သမီး႐ုပ္မ်ား ၊ သူေတာ္စင္႐ုပ္မ်ား နဲ႔ သခင္မ Anna ရဲ႕ လူအ႐ြယ္အစားအ႐ုပ္ေတြကို ပညာရွင္မ်ားကေရးထြင္း အလွဆင္ထားပါတယ္။ ေခါင္းေလာင္းႀကီးရဲ႕ အျမင့္ကေတာ့ ၂၀.၁ေပ ၊ အခ်င္းကေတာ့ ၂၂ေပ ရွိၿပီး အေလးခ်ိန္ကေတာ့ ၄၄၅၁၆၆ ေပါင္ျဖစ္ပါတယ္။ ကမာၻ႔အႀကီးဆုံးေခါင္းေလာင္းျဖစ္ေပမယ့္ သြန္းေလာင္းမႈနည္းပညာ လိုအပ္ခ်က္ေၾကာင့္ အသံမျမည္ႏိုင္တဲ့ ေခါင္းေလာင္းႀကီးလည္းျဖစ္ပါတယ္။

unicode

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ၅ လုံး

ခေါင်းလောင်းတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ခန့်ကတည်းက တရုတ်နိုင်ငံမှာ စတင်အသုံးပြုခဲ့ကြပါတယ်။ အစောပိုင်း ခေါင်းလောင်းတွေကို မြေ နဲ့ ဖန်တီးပြီး အလယ်မှာကြိုးနဲ့ချိတ်ဆွဲထားတဲ့ ခလောက်တစ်ခု ပါရှိပါတယ်။ အဲဒီနောက်တော့ သတ္တုခေါင်းလောင်းများကို ပုံစံအမျိုးမျိုးနဲ့ တိုးမြှင့်ဖန်တီးလာကြပြီး နေရာမျိုးစုံမှာ အသုံးပြုလာကြပါတယ်။ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ခေါင်းလောင်းတွေကို ထားတတ်ကြသလို ဗုဒ္ဓဘာသာနဲ့ ဆိုင်တဲ့ ကျောင်းကန်ပုထိုးတွေမှာလည်း ခေါင်းလောင်းတွေကို ချိတ်ဆွဲထားလေ့ရှိပါတယ်။

ခေါင်းလောင်းသံကို နိုင်ငံအသီးသီး၌ ကိစ္စအမျိုးမျိုး အတွက် အသုံးပြုကြပါတယ်။ သာသနာရေးကိစ္စ များမှအပ၊ နန်းတက်ပွဲ၊ လက်ထပ်ပွဲ စသော မင်္ဂလာအခမ်းအနားများ၌ လည်း ခေါင်းလောင်းကို ထိုးတတ်ကြပါတယ်။ စစ်ကြီးပြီးဆုံး သည့်အခါ၊ နိုင်ငံလွတ်လပ်သည့်အခါများ၌လည်း ဝမ်းမြောက် သော အထိမ်းအမှတ်ဖြင့် ခေါင်းလောင်းများကို ထိုးတတ်ကြပြန်ပါတယ်။ ဘုရင်နတ်ရွာစံသည့်အခါ၌လည်း ဝမ်းနည်းသော အထိမ်းအမှတ်ဖြင့် ကြေကွဲဖွယ်ဖြစ်အောင် ထိုးတတ်ကြပါသေးတယ်။ ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများကို လက်ရှိ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ၅ လုံးရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှသွားပါမယ်။

၅။ Chion-in Temple Bell (148,000 pounds)

ဂျပန်နိုင်ငံ ကျိုတိုမြို့ ဂျိုဒိုဗုဒ္ဓဘာသာဂိုဏ်းရဲ့နယ်မြေ Chion-in မှာ တည်ရှိခဲ့ခေါင်းလောင်းဖြစ်ပါတယ်။ ဂျပန်မှာတော့ ခေါင်းလောင်းတွေကို Bonshō လို့ခေါ်ပြီး ဘုန်းကြီးတွေစုရုံးတဲ့အခါမျိုး ဒါမှမဟုတ် ဘုရားဝတ်ပြုဖို့ဆင့်ခေါ်တဲ့အခါမျိုးမှာ အချက်ပေးဖို့အနေနဲ့ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ Chion-in ဘုရားကျောင်းခေါင်းလောင်းကတော့ ဂျပန်မှာအကြီးဆုံး ခေါင်းလောင်းကြီးဖြစ်ပြီး အလေးချိန် ၁၄၈၀၀၀ ပေါင်ရှိပါတယ်။ ဒီခေါင်းလောင်းကြီး ၁၆၃၃ ခုနှစ်မှာ သွန်းလောင်းခဲ့တာဖြစ်ပြီး ခေါင်းလောင်းထိုးဖို့ လူ ၁၇ဦးလိုအပ်ပါတယ်။

၄။ Tsarsky Kolokol (158,400 pounds)

ဒီခေါင်းလောင်းကြီးကတော့ ရုရှားနိုင်ငံမော်စကိုမြို့က Trinity Lavra of St. Sergius ဘုရားကျောင်းမှာ ရှိနေပါတယ်။ ရုရှားစက်မှုကုမ္ပဏီကြီးဖြစ်တဲ့ ZiL က ၂၀၀၄ခုနှစ်မှာ သွန်းလောင်းပေးခဲ့တာဖြစ်ပြီး အလေးချိန် ၁၅၈၄၀၀ ပေါင် လေးပါတယ်။ အမြင့် ၄ မီတာရှိတဲ့ ဒီခေါင်းလောင်းဟာ ရုရှားနိုင်ငံမှာရှိတဲ့ အသံထွက်တဲ့ ခေါင်းလောင်းတွေထဲမှာ အကြီးဆုံး ခေါင်းလောင်းလည်း ဖြစ်ပါတယ်။

၃။ မင်းကွန်းခေါင်းလောင်း (195,000 pounds)

ကမ္ဘာ့တတိယအကြီးဆုံးခေါင်းလောင်းဖြစ်တဲ့ မင်းကွန်းခေါင်းလောင်းကြီးကတော့ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအတွင်းက မင်းကွန်းမှာတည်ရှိပါတယ်။ ၁၈၀၈ ခုနှစ် ဘိုးတော်ဘုရားလက်ထက်မှာ ပန်းတင်းဝန် မဟာနန္ဒကျော်စွာ ဦးစီးသော ကြေးသွန်းလုပ်သား ပညာရှင်များက သွန်းလောင်းခဲ့ကြပါတယ်။ အဝအချင်း = ၁၆’ ၈ ၁/၄” ၊ လုံးပတ် = ၅၀’ ၃/၄” ၊ အစောက် = ၂၀’ ၃” ၊အလေးချိန် = ၉၀.၅၂ တန် (၁၉၅၀၀၀ပေါင်) ၊ ပိဿာချိန် = ၅၅၅၅၅ ပိဿာ ရှိပြီး မင်းမြူမှန်မှန်ပြော ဆိုသည်မှာ မင်းကွန်းခေါင်းလောင်းကြီး၏ အလေးချိန်ကို မှတ်သားထားခြင်း ဖြစ်ပါတယ်။

အေဒီ-၁၈၃၈)တွင် မြေငလျင်လှုပ်သဖြင့် အနည်းငယ်နေရာရွေ့၍ (၅)ပိဿာခန့် ပဲ့သွားခဲ့ဖူးပါတယ်။ ဧရာဝတီမီးသင်္ဘောကုမ္ပဏီမှ စကော့တလန်လူမျိုး အရာရှိတစ်ဦးက မူလသစ်သားယက်မပေါ်မှ ယခုရှိသော သံယက်မပေါ်သို့ ရွှေ့ပြောင်း တတ်ဆင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ မင်းကွန်းခေါင်းလောင်းကြီးမှာ တိုင်(၁၆)တိုင်နှင့် ဘုံပြသာဒ်(၃)ဆင့် အမိုးတပ်ဆင်ထားပြီး ယနေ့ထိတိုင် ထိုး၍ အသံလွင်လွင်မြည်ဆဲ ဖြစ်ပါတယ်။

၂။ Bell of Good Luck (255,200 pounds)

ဒီခေါင်းလောင်းကြီးကတော့ တရုတ်နိုင်ငံ ဟီနန်ပြည်နယ် Pingdingshan မြို့က Foquan ဘုရားကျောင်းမှာ တည်ရှိပါတယ်။ အမြင့်ပေ ၁၇ နီးပါးခန့်ရှိတဲ့ ဒီခေါင်းလောင်းကြီးကို ၂၀၀၀ ခုနှစ်မှာ Tianrui Group ကုမ္ပဏီက သွန်းလောင်းပေးခဲ့တာဖြစ်ပါတယ်။ အလေးချိန် ၂၅၅၂၀၀ ပေါင် ရှိတဲ့ ဒီခေါင်းလောင်းကြီးဟာ ကမ္ဘာပေါ်က အသံမြည်နိုင်တဲ့ ခေါင်းလောင်းတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။

၁။ Tsar Bell (445,166 pounds )

ကမ္ဘာပေါ်မှာ လူသိများတဲ့ အကြီးဆုံးခေါင်းလောင်းကြီးကတော့ ရုရှားနိုင်ငံ ကရင်မ်လင်နန်းတော်အနီးမှာထားရှိတဲ့ Tsar ခေါင်းလောင်းကြီးဖြစ်ပါတယ်။ သူ့ကို Tsrasky Kolokol, Royal Bell အစရှိသဖြင့် ခေါ်ကြပါသေးတယ်။ ထူးခြားနေတာကတော့ ခေါင်းလောင်းကြီးမှာ ပဲ့ထွက်နေတဲ့အပိုင်းရှိပြီး အဲဒီအပဲ့ကြီးဟာ ၁၁တန်ခန့် အလေးချိန်ရှိပါတယ်။ တည်ဆောက်ခဲ့သူတွေကတော့ သတ္တုရည်ကြိုပညာရှင်များဖြစ်တဲ့ Ivan Motorin နဲ့ သူ့ရဲ့သားဖြစ်သူ Mikhail တို့ပဲဖြစ်ပါတယ်။

ခေါင်းလောင်းတည်ဆောက်မှုကို ၁၇၃၃ခုနှစ်မှာ စတင်ခဲ့ပြီး ၁၇၃၅ခုနှစ် နိုဝင်ဘာ ၂၅ရက်နေ့မှာတော့ သွန်းလောင်းမှု အောင်မြင်ခဲ့ပါတယ်။ ခေါင်းလောင်းပေါ်မှာတော့ နတ်သမီးရုပ်များ ၊ သူတော်စင်ရုပ်များ နဲ့ သခင်မ Anna ရဲ့ လူအရွယ်အစားအရုပ်တွေကို ပညာရှင်များကရေးထွင်း အလှဆင်ထားပါတယ်။ ခေါင်းလောင်းကြီးရဲ့ အမြင့်ကတော့ ၂၀.၁ပေ ၊ အချင်းကတော့ ၂၂ပေ ရှိပြီး အလေးချိန်ကတော့ ၄၄၅၁၆၆ ပေါင်ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းဖြစ်ပေမယ့် သွန်းလောင်းမှုနည်းပညာ လိုအပ်ချက်ကြောင့် အသံမမြည်နိုင်တဲ့ ခေါင်းလောင်းကြီးလည်းဖြစ်ပါတယ်။

Close