




သီတင်းကျွတ်နှင့်တန်ဆောင်တိုင်တွင် မီးရှူးမီးပန်းများမဖောက်ကြရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကအသိပေး ထုတ်ပြန်လိုက်သည်။

အဆိုပါကာလတွင် မီးရှူးမီးပန်းများပစ်လွှတ်ခြင်း၊ဗြောက်အိုး၊ရှူးဒိုင်းများပစ်ဖောက်ခြင်းများ ပြုလုပ် ကြခြင်း ကြောင့် အများပြည်သူအထိတ်တလန့်ဖြစ်စေခြင်း၊ ပြည်သူလူထုနှင့်ကလေး သူငယ်တို့ ထိခိုက် အနာတရဖြစ်စေနိုင်သည့်အပြင်

မသမာသူများ၊ အဖျက်အမှောင့် ဆောင်ရွက်လိုသူများက လည်းအခွင့် ကောင်းယူပြီးအကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဖောက်ခွဲဖျက်ဆီးမှုများရောနှောဆောင် ရွက်လာနိုင် ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မီးရှူးမီးပန်းများပစ်ဖောက်ခြင်းအပြင် မီးရှူးမီးပန်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများကိုထုတ်လုပ်ခြင်း၊ သယ် ဆောင်ဖြန့်ဖြူးခြင်း၊သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများမပြုလုပ်ကြရန်နှင့် လိုက်နာခြင်း မရှိပါကတည်ဆဲဥပဒေအရထိရောက်စွာထိန်းချုပ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

”အိပ်လျှင် ဟောက်တတ်သူများ ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေ သုံးဆ ပိုများ”

အိပ်လျှင်ဟောက်တတ်သူတို့သည် ကိုဗစ် ကြောင့် ဆေးရုံတက်ရပါက သေဆုံးနိုင်ခြေ သုံးဆပိုများနိုင်သည် ဟု လေ့လာချက်အရ သိရသည်။

အင်္ဂလန်နိုင်ငံ ဝါးဝစ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက အိပ်နေစဉ် အသက်ရှူ ခဏရပ်သွားတတ်ခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ဆက်စပ်မှုကို လေ့လာထားသည့် သုတေသနပေါင်း ၁၈ ခုကို ပြန်လေ့လာခဲ့ခြင်းဖြစ်သည်။ အိပ်နေစဉ် အသက်ရှူ ခဏရပ်သွားတတ်သူများ (Sleep Apnoea) သည် ဟောက်တတ်ပြီး အသက်ရှူကျပ်သွားတတ်ပါသည်။

လေ့လာချက်အဟောင်းများကို ပြန်လည်လေ့လာရာတွင် အိပ်နေစဉ် အသက်ရှူ ခဏရပ်သွားတတ်သူများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလျှင် ဆေးရုံတက်ရနိုင်ခြေများကာ ထိုဗိုင်းရပ်စ်ကြောင့် သေဆုံးနိုင်ခြေများသည်ကို တွေ့ရသည်ဟု ဆိုထားပါသည်။ ဆီးချိုရောဂါ၊ အဝလွန် သို့မဟုတ် သွေးပေါင်ချိန်များသူတို့သည် Sleep Apnoea ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။

ထို့ပြင် ယင်းရောဂါရှိသူများအနေဖြင့် ကိုဗစ် ကူးစက်ခံရနိုင်ခြေလည်း များပါသည်။ ကိုဗစ်လူနာများတွင် ဖြစ်နိုင်သော Sleep Apnoea ၏ သက်ရောက်မှုကို ထဲထဲဝင်ဝင် သိရှိရန်အတွက် ထပ်လေ့လာရန်လိုအပ်သော်လည်း အကယ်၍ မကောင်းသည့် သက်ရောက်မှုရှိသည့် အချက်ပေါ်လာလျှင်ပင် အံ့သြစရာဖြစ်လာ မည်မဟုတ်ဟု ကျွမ်းကျင်သူများက ဆိုပါသည်။

Source: PyiMyanmar

တရုတ်တွင် ကိုဗစ်ပျံ့နှံ့ကြောင်း မကြေညာမီ လပေါင်းများစွာထဲက ကိုဗစ်ဖြစ်နေဟုဆို

တရုတ်တွင် ကိုဗစ်ပျံ့နှံ့ကြောင်း မကြေညာမီ လပေါင်းများစွာထဲက ကိုဗစ်ဖြစ်နေဟုဆို

အာဏာပိုင်များက ကမ္ဘာကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့သော်လည်း ဝူဟန်တွင် စက်တင်ဘာ ၂၀၁၉ ခုနှစ်ကတည်းက ရောဂါလက္ခဏာများပြသနေခဲ့သည်ဟု တရုတ်ကွန်မြူနစ်ပါတီ၏ ရုံးစာရွက်စာတမ်းများက ပြသနေသည်။

ပေါက်ကြားလာသော စာရွက်စာတမ်းအတွဲလိုက်တွင် ကိုဗစ် ရောဂါနှင့် ဆင်တူသော လက္ခဏာရှိ တရုတ်မှလူနာများသည် အုပ်ချုပ်မှုအာဏာပိုင်များ၏ တရားဝင်ကြေငြာခြင်းမပြုမီတွင်ပင် ဆေးရုံတက်ရောက်ခဲ့ကြ ကြောင်းဖော်ပြနေကာ ကိုဗစ်သည် တရုတ်ကပ်ရောဂါနယ်မြေအစ ဝူဟန်တွင် အတိအကျ မည်သည့်အချိန်တွင် စတင်ပြန့်ပွားခြင်းနှင့်ပတ်သတ်ပြီး မေးခွန်းထုတ်စရာများဖြစ်လာသည်။

အစိုးရစာရွက်စာတမ်းများကို ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ရသည့် ယုံကြည်ရသော သတင်းအရင်းအမြစ်မှ The Epoch Times မှ ရရှိသော ဆေးရုံအချက်အလက်များအရ ၂၀၁၉ စက်တင်ဘာကပင် အနည်းဆုံးလူနာတစ်ဦး သည် ကိုဗစ် ကဲ့သို့ ရောဂါလက္ခဏာများကို စတင်ခံစားနေရကြောင်း သိရသည်။ ထိုနောက်လတွင် လူဒါဇင်များစွာ ဆေးရုံတက်ခဲ့ရသည်။ ဝူဟန်ရှိဆေးရုံများသည် ပြင်းထန်သည့် အဆုတ်ရောင်ရောဂါ၊ အဆုတ်ရောဂါကူး စက်မှုများနှင့် အခြား ကိုဗစ် လူနာများနှင့် ဆင်တူသော ရောဂါလက္ခဏာများကြောင့် ၂၀၁၉ အောက်တိုဘာတွင် သေဆုံးမှုများရှိခဲ့ကြောင်း တင်ပြထားသည်။

မြို့၏ ကျန်းမာရေးကော်မရှင်သည် အဆုတ်ရောင်ရောဂါအသစ် ဖြစ်ပွားခြင်းကို သတင်းပေး ဆရာဝန်များ၏ လူမှုမီဒီယာပို့စ်များပျံ့နှံ့သွားပြီးချိန် ၂၀၁၉ ဒီဇင်ဘာ ၃၁ တွင်မှ လူသိရှင်ကြားကြေငြာခဲ့သည်။

The Epoch Times ရရှိထားသော ဖေဖော်ဝါရီ ၁၉ ရက် ရက်စွဲပါ စာတစ်စောင်တွင် ဗဟိုအစိုးရက ဖွဲ့စည်းထားသော အမျိုးသားစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ရောဂါ၏ အစောပိုင်းဖြစ်ပွားမှုများကို ခြေရာခံရန် ဆန္ဒရှိကြောင်း ဖော်ပြထားသည်။၎င်းသည် ကိုဗစ် လက္ခဏာကဲ့သို့ အဆုတ်ရောင်ရောဂါဖြင့် သေဆုံးမှုများ၊ ဆေးအေဂျင်စီတစ်ခုစီမှ သတ်မှတ်ထားသော အဆင့်များမှ နှစ် သို့မဟုတ် နှစ်နှင့်အထက် (သုံး သည်အမြင့်ဆုံးဖြစ်သည်) ရှိသော အစောဆုံး သေဆုံးမှု ၁၀ခု၏ အသေးစိတ်အချက်အလက်များ၊ အရာရှိများက ရောဂါစတင်ဖြစ်ပွားသည်ဟု ကနဦးဖော်ပြခဲ့သော Huanan ပင်လယ်စာဈေးသို့ သွားရောက်ခဲ့ပြီး အဖျားဆေးခန်းများသို့ သွားရောက်ခဲ့ သော လူနာအချက်အလက်များ အပါအဝင် ၂၀၁၉ အောက်တိုဘာ ၁ရက်မှ ဒီဇင်ဘာ ၁၀ အတွင်း ဝူဟန်ဆေးရုံများမှ အချက်အလက်များကို ဒေသအာဏာပိုင်များအား တောင်းဆိုခဲ့သည်။ ထိုစာတွင် မြို့အတွင်းရှိ ကိုဗစ် လူနာအများဆုံး လက်ခံရရှိသော ဆေးရုံ ၉ခုသည် စုံစမ်းစစ်ဆေးရေး၏ အဓိက သော့ချက်ဖြစ်ကြောင်း ဖော်ပြထားသည်။

The Epoch Times သည် ဆေးရုံ ၁၁ခုမှ စုံစမ်းမေးမြန်းမှုအတွက် မှတ်တမ်းအချို့ကို ရရှိခဲ့သည်။ စုဆောင်းထားသော အချက်အလက်များရှိနေသော်လည်း ဝူဟန်ရောဂါထိန်းချုပ်ရေးအဖွဲ့သည် အစောဆုံး မှတ်တမ်းတင်ထားသည့် လူနာမှာ ၂၀၁၉ ဒီဇင်ဘာတွင် ဖျားနာခဲ့သော Chen မျိုးနွယ် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆တွင် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။ အာဏာပိုင်များအနေဖြင့် ဖေဖော်ဝါရီမတိုင်ခင် ဖြစ်ရပ်များအတွက် စုံစမ်းမှုများ ပြုလုပ်ခဲ့ခြင်း ရှိ မရှိသည် မရှင်းလင်း မသေချာပေ။

တစ်ချို့ ဝေဖန်သူများအတွက် စုံစမ်းစစ်ဆေးမှုသည် ကျဉ်းမြောင်းပြီး လွန်စွာနောက်ကျနေသည်။ “ဒီလောက်ကြီးမားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ထိုဒေသအတွင်းပျံ့နှံ့နေတာကို ဘာလို့ တစ်ခြားဆေးရုံတွေမှာ လိုက်မစုံစမ်းတာလဲ?” ဟု ဝေါ်လ်တာ ရီဒ် ကြည်းတပ် သုတေသန အင်စတီကျူ မှ ဗိုင်းရပ်စ်ရောဂါဌာနခွဲ၏ ဓာတ်ခွဲခန်းညွှန်ကြားရေးမှူးဟောင်း ရှောင်လင်း က The Epoch Times ကို ပြောကြားသည်။

“ဒီကိစ္စကို အရင်ကတည်းက လုပ်သင့်တာ” ဟုပြောပြီး နှောင့်နှေးသော စုံစမ်းမှုကိုမူ “ရယ်စရာကောင်းသည်” ဟု ပြောသည်။

Source: ZCC

ရွှေတိဂုံစေတီပုံရိပ်ပေါ်ကခဲ့တဲ့ Project K အဖွဲ့နဲ့ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်

Project K အဖွဲ့မှာ ရွှေတိဂုံစေတီတော်ပုံရိပ်ကို မသိရှိခြင်းကြောင့် ဆက်လက်ကပြ ဖျော်ဖြေခြင်းဖြစ်ပြီး အကုသိုလ်စေတနာ မဖြစ်သဖြင့် သည်းခံခွင့်လွှတ်ရန် လုံလောက်သောအကြောင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကိုရီးယားနိုင်ငံတွင် ပြုလုပ်သည့် အာရှသီချင်းများဖျော်ဖြေရေးပွဲတော် (Asia Song Festival) ၌ Project K အဖွဲ့မှာ ပါဝင်ဖျော်ဖြေခဲ့ပြီး ယင်းသို့ ဖျော်ဖြေရာတွင် ရွှေတိဂုံစေတီတော်ပုံအား ကြမ်းပြင်တွင် ပုံရိပ်ဖော်ခဲ့ခြင်းကြောင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကိုရီးယားသမ္မတနိုင်ငံတွင် ရက်သတ္တပတ် လေးပတ်အကြာ လေ့ကျင့်သင်ကြားနိုင်ရန်နှင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် အာရှသီချင်းများ ဖျော်ဖြေရေးပွဲတော် (Asia Song Festival) ၌ Project K အဖွဲ့ ဖျော်ဖြေခွင့်ကို တရားဝင် ဖိတ်ကြားခြင်းခံခဲ့ရကြောင်း၊ Project K အဖွဲ့ကို ကိုရီးယားသမ္မတနိုင်ငံက ဖိတ်ကြားသည့် အချိန်ကာလသည် ကမ္ဘာအရပ်ရပ်၌ Coronavirus Disease 2019 (COVID-19) ကပ်ရောဂါကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးဆက်ဆံမှုများကို ကန့်သတ် ဆိုင်းငံ့ထားသည့် ကာလဖြစ်ကြောင်း၊ ယင်းကာလမျိုးတွင် COVID-19 နှင့် ပတ်သက်သည့် သတ်မှတ်စည်းကမ်းချက်များအတိုင်း ဆောင်ရွက်၍ Project K အဖွဲ့အား လေ့ကျင့်ရေးကာလနှင့် ဖျော်ဖြေရေးကာလအတွင်း လေယာဉ်စရိတ်၊ သွားလာ နေထိုင်စရိတ်၊ စားသောက်စရိတ် အပါအဝင် ကုန်ကျစရိတ်အားလုံးကို ကိုရီးယားနိုင်ငံက ကျခံဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဖျော်ဖြေတင်ဆက်ခြင်းနှင့် စပ်လျဉ်း၍ ယင်းအဖွဲ့ကလည်း Rehearsal နှစ်ကြိမ် ပြုလုပ်ရာတွင် အဆိုပါ ပုံရိပ် မပါဝင်ခဲ့ကြောင်း၊ အမှန်ဖျော်ဖြေတင်ဆက်သည့် အချိန်မှသာ ယင်းပုံရိပ်ကို အသုံးပြုကြောင်း၊ ဖျော်ဖြေတင်ဆက်နေစဉ်အချိန်အတွင်း ယင်းရွှေတိဂုံစေတီတော်ပုံရိပ် မိမိတို့၏ အောက်ကြမ်းပြင်ပေါ်တွင် ကျရောက်နေသည်ကိုလည်း မသိရှိပါကြောင်း၊ ဖျော်ဖြေတင်ဆက်ပြီးမှသာ သိရှိကြရသဖြင့် စိတ်ဆင်းရဲကြရကြောင်း၊ မသိရှိသည်ကို ပြုမိမှားသဖြင့် သည်းခံခွင့်လွှတ်ကြပါရန် နှစ်ကြိမ်တိုင်တိုင် အနူးအညွတ် တောင်းပန်ကြောင်း သိရှိရသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

ဓမ္မပဒဒေသနာတော် စက္ခုပါလမထေရ်ဝတ္ထုတွင် မျက်မမြင်ဖြစ်သော ရဟန္တာစက္ခုပါလမထေရ်သည် တရားရှုမှတ်ရင်း စင်္ကြန်လျှောက်ရာ၌ ပိုးကောင်ငယ်များကို နင်းမိသေကြေကြသဖြင့် အခြားရဟန်းများက မြတ်စွာဘုရားရှင်ကို လျှောက်ထားရာ ဘုရားရှင်က သေစေလိုသော စေတနာဖြင့် သတ်ဖြတ်ခြင်း မဟုတ်သောကြောင့် ဝိနည်းအာပတ်မသင့်ဟု ဆုံးဖြတ်တော်မူသောသာဓက အထင်အရှားရှိကြောင်း၊ Project K အဖွဲ့မှာ Rehearsal ပြုလုပ်သည့်အချိန်က အဆိုပါ စေတီတော်ပုံရိပ် မပါဝင်ကြောင်း၊ ဖျော်ဖြေပြီးမှ သိရှိရကြောင်း၊ သိရှိရသည့်အချိန်တွင် လွန်စွာ စိတ်မကောင်းဖြစ်ရသဖြင့် တောင်းပန်ပါကြောင်း ဖော်ပြထားသဖြင့် စေတီတော်ပုံရိပ်ကို နင်းခြေလိုသော စေတနာဆိုး အကုသိုလ်စေတနာ မရှိကြောင်း ထင်ရှားသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ အချို့စေတီတော်များ၌ ညနေပိုင်းအချိန်တွင် ဖူးမြော်လာကြသော ဘုရားဖူး အားလုံးသည် အနောက်အရပ်မှ နေရောင်ထိုးသောကြောင့် အရှေ့အရပ်၌ ဖြစ်ပေါ်နေသော စေတီတော်ပုံရိပ်တွင် နင်းလျှောက်ကြရပြီး မည်သူမျှ အကုသိုလ်စိတ်မဖြစ်ကြဘဲ စေတီတော်ကြီးကို ကြည်ညိုသဒ္ဓါဖြင့် ပူဇော်ရှိခိုးကြကြောင်း၊ စီစဉ်သူများအနေဖြင့်လည်း ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံ၏ ထင်ရှားသောပုံရိပ် (အမျိုးအသားအထိမ်းအမှတ်သင်္ကေတ – National Land Mark) ဖြစ်သောကြောင့် ဖျော်ဖြေတင်ဆက်သူများသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိစေလိုသဖြင့် ရွှေတိဂုံစေတီတော်ကို LED Display Board ဖြင့် ဖော်ပြဖန်တီးခြင်း ဖြစ်သည်ဟု ယူဆရသည်ဟု ဝန်ကြီးဌာနကဆိုသည်။

ဖျော်ဖြေတင်ဆက်သူများသည် စေတီတော်ပုံရိပ်ကို မသိရှိခြင်းကြောင့် ဆက်လက် ကပြဖျော်ဖြေခြင်းဖြစ်ပြီး အကုသိုလ်စေတနာ မဖြစ်သဖြင့် သည်းခံခွင့်လွှတ်ရန် လုံလောက်သောအကြောင်းဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်ကပင် အနူးအညွတ် တောင်းပန်ထားသဖြင့် ယင်းကိစ္စကို အကြောင်းပြုလျက် ဗုဒ္ဓဘာသာဝင်အားလုံး အကုသိုလ်မတိုးပွားသင့်ပါကြောင်း သုံးသပ်တင်ပြအပ်သည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က မြန်မာကေပေါ့ပ်အဖွဲ့ Project K အဖွဲ့ကို ကိုရီးယားနိုင်ငံတွင် လေ့ကျင့်သင်ကြားပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်းဂျေအင်းကို တောင်းဆိုခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာက အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ပြီး အဆိုပါခရီးစဉ်၌ ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် တွေ့ဆုံစဉ် Project K အဖွဲ့ကို ကိုရီးယားနိုင်ငံတွင် လေ့ကျင့်သင်ကြားပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Source:Eleven Media

ချွန်တွန်း ပရဟိတအဖွဲ့ကို သိန်း(၂၀၀)တန်တဲ့ကားကြီး လာရောက်လှူဒါန်းကြောင်း ပြောပြလာတဲ့ ဒိန်းဒေါင်





Unicode

တန်ဖိုးကြီး သိန်းရာကျော်တန်ကားကြီးကို သူရဲ့ ပရဟိတအသင်းအတွက်လှူဒါန်းပေးလိုက်တဲ့ မိသားစုလေးကြောင့် အတိုင်းမသိဝမ်းသာနေတဲ့ ဒိန်းဒေါင်

ဟာသသရုပ်ဆောင် ဒိန်းဒေါင်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒိန်းဒေါင်က ယနေ့အချိန်အထိ ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အခိုင်အမာရရှိထားတာ ဖြစ်ပါတယ် ။ စိတ်ထားကောင်းပြီး ပျော်ပျော်နေတဲ့ ဒိန်းဒေါင်က အားလုံးကြားမှာ အမြဲတမ်း လူချစ်လူခင်ပေါများလို့နေတာပဲ ဖြစ်ပါတယ် ။

နှစ်ပေါင်းများစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။လူရွှင်တော်မှတစ်ဆင့် သရုပ်ဆောင်အလုပ်တွေကို လုပ်ကိုင်လာခဲ့သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ဒိန်းဒေါင်ဟာ ဟာသဘက်တွင်သာမက ဒရမ်မာ ရုပ်ဇာတ်တွေကိုလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့် သရုပ်ဆောင် တစ်ဦးပဲ ဖြစ်ပါတယ်။

သူကတော့အခုဆိုရင် အလှူအတန်းနဲ့ ပရဟိတလုပ်ငန်းတွေကို ကိုယ်တိုင် တစ်တပ်တစ်အားပါဝင်ကူညီလုပ်ကိုင်နေတာတွေ့ရပါတယ် ။အခုမှာတော့ သူရဲ့ ပရဟိတအသင်းအတွက် သိန်း နှစ်ရာတန်ကားကြီးကို လှူဒါန်းပေးခဲ့တဲ့ မိသားစုလေးကြောင့် ကြည်နူးပီတိဖြစ်နေရကြောင်းဖေ့ဘွတ်စာမျက်နှာထက်မှာဖော်ပြခဲ့ပါတယ် ။ပရိသတ်ကြီးလည်း ထပ်တူဝမ်းသာပီတိဖြစ်ရအောင် မျှဝေပေးလိုက်ပါရစေနော် ။

Photo Credit : Dain Daung






Unicode

ဖိလစ်ပိုင်နိုင်ငံထက် မြန်မာနိုင်ငံကို ဘာကြောင့် ပိုနှစ်သက်ကြောင်း ဖတ်မိသူတိုင်း မျက်ရည်ကျရလောက်အောင် ရေးသားလာတဲ့ Sinon Loresca

ဖိလစ်ပိုင် Cat Walk King တစ်ယောက်အဖြစ် အားလုံးကသိကြတဲ့ Sinon Loresca ကတော့ လက်ရှိမှာတော့ မြန်မာနိုင်ငံကိုရောက်ရှိနေတာ အတော်ကြာပြီပဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ Sinonက ” မြန်မာ က ကျတော့် နှလုံးသား မြန်မာကလူတွေအများစုကမေးတယ် ကျတော်ကဘာလို့ ကျတော်နိုင်ငံ ထက်ဖိလစ်ပိုင်ထက်ပိုပီးဘာလို့မြန်မာမှာ ဒီလိုတွေလာလုပ်ပေးနေတာလည်းမေးကြတယ်! ဘာလို့မြန်မာမဖြစ်ရမှာတုန်း? ကျတော်နိုင်ငံမှာကျတော်ဒီလိုတွေဒီနည်း၎င်း ကျတော်လုပ်ပေးခဲ့တယ် အများစုက ကျတော့်ကို အပြစ်တင်တယ် အပြစ်ပြောတယ် ကျတော်လုပ်သမျှအရာအားလုံးကိုပေါ့

ကျဝောာ့်ရဲ့မဟုတ်တဲ့မကောင်းတဲ့သတင်းတွေကိုOnlineတွေပေါ်မဇာ ဖြန့်တယ် ကျတော့်ဂုဏ်သက္ခာကျအောင်လုပ်ကြတယ် ကျတော့်ကိုမလေးစားကြဘူး။ ပီးတော့ပြောကြသေးပါတယ် ကျတော်က ဘယ်တော့မှ ပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်လာမှမဟုတ်ဘူးတဲ့ ကျတော့်အပေါ်ကိုအမြဲမကောင်းမြင်တယ် မြန်မာမှာကျတော့ ကျတော့်ရဲ့နှလုံးသားကျတော့်ရဲ့အိမ်အစစ်က်ုကျတော်ရှာတွေ့တယ် မြန်မာလူမျိုးတွေက မေတ္တာစိတ်အပြည့်နဲ့ အချင်းချင်းလေးစားမှုအပြည့်အ၀ရှိတယ်

မိမိလုပ်ထားတဲ့ကောင်းမှုကုသိုလ်တစ်ခု ကိုမျှဝေလိုက်တယ်ဆိုရင် သူတို့ ပါလိုက်ပီး၀မ်းမြှောက်၀မ်းသာသာဓုခေါ်ကြတယ် မြန်မာ လူမျိုးတွေက အမုန်းစကားတွေအစား ငြိမ်းချမ်းတဲ့စကား အချစ်ပွားစေတဲ့စကားတွေဘဲပြောကြတယ် အချင်းချင်းရိုင်းပင်းကူညီကြတယ်လူသားအချင်းချင်းစာနာကြတယ် အဲ့တာကြောင့်ဘဲ မြန်မာကိုပိုပီး ချစ်တာဖြစ်တယ် ကျတော့်ရဲ့အိမ်လို့ဘဲသဘောထားတယ်ပြီးတော့ကျတော့်ဘ၀တစ်လျောက်လုံးမြန်မာကိုချစ်သွားမယ် ကျတော့်နှလုံးသားအတွက်တော့ မြန်မာက ထာ၀ရအိမ်ဘဲ ” ဆိုပြီး မျက်ရည်ကျရလောက်အောင် ရေးသားလာတာဖြစ်လို့ သူရဲ့ ပုံလေးတွေနဲ့အတူ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source & Photo credit – Sinon Loresca

ညှပ်စရာမလို ရိတ်စရာမလိုဘဲ ဟိုအမွှေးဒီအမွှေး တွေကို ဖယ်ရှားနိုင်တဲ့ စူပါနည်းလမ်း

ညှပ်စရာမလိုရိတ်စရာမလိုဘဲဟိုအမွှေးဒီအမွှေးတွေကိုဖယ်ရှားနိုင်တဲ့စူပါနည်းလမ်း

အမျိုးသားရောအမျိုးသမီးမှာပါ ဆီးခုံမွှေးရှိကြပါတယ် ဆေးပညာလေ့လာမှုတွေကအမွှေးတွေကိုညှပ်ခြင်း ရိတ်ခြင်းမပြုသင့်ဘူးဟုဆိုသော်လည်း ပုံမှန်တော့ရိတ်နေ၊ ညှပ်နေကြတာပါပဲ ဒီလိုလုပ်တဲ့အခါဘေးထွက်ဆိုးကျိုးအဖြစ် ယားယံခြင်းနှင့် အခြားပိုးဝင်ခြင်းတွေဘာတွေဖြစ်လာနိုင်ပါတယ်။

အခုတွေ့ရှိလာတဲ့နည်းလမ်းကတော့အရမ်းမိုက်ပါတယ် ။

ညှပ်စရာလည်းမလို ရိတ်စရာလည်းမလိုဘဲနဲ သူ့အလိုလိုပျောက်ကင်းသွားစေမယ့်ထူးရှယ်နည်းလမ်းကောင်းပါပဲ လိုအပ်တဲ့ပါဝင်ပစ္စည်းးကတော့နှစ်မျိုးတည်းပါ BakingSoda နှင့်ရေပဲဖြစ်ပါတယ် ။

ရေ200ml၊ Baking Sodaလက်ဖက်ရည်ဇွန်း၁ဇွန်း ပထမဦးစွာရေကိုအိုးထဲထည့်ပြီးမီးဖိုပေါ်တင်ကာတည်ပါ ရေဆူလာပြီဆိုလျှင်မီးကိုပိတ်ပြီး baking sodaကိုထည့်ကာ နှံ့စပ်စွာမွှေပေးပါ။

ထိုရောနှောထားသောအရည်ကို ညအိပ်ရာဝင်ခါနီးတိုင်း ဆီးခုံမွှေးပေါ်မှာ သုတ်လိမ်းလိုက်ပါ။ မနက်အိပ်ရာနိုးတဲ့အခါရေပြောင်ဆောင်ဆေးကြောပြီး

အစိုဓါတ်ထိန်းစေရန်လိုးရှင်း(သို့) moisturizerလိမ်းလိုက်ပါ။ တစ်ပါတ်လျှင်၂ကြိမ်၃ကြိမ်ခန့်ပြုလုပ်နိုင်ပြီး သိပ်မကြာခင်အချိန်တွင်းမှာ အမွှေးတွေ သူ့အလိုလိုမရှိတော့တာကိုမြင်တွေ့ရမှာပါ။

Credit; CHAN(ရွှေအင်းလေး)

 

ရွာထိခိုက်မည်ကိုစိုး၍ ရွာအဝင်တွင် တဲထိုးနေထိုင်သည့် ရန်ကုန်ပြန် ၂ ဦး POSITIVE ဖြစ်နေ





Unicode

အုတ်ဖိုမြို့နယ် ကြိုးကြာကွင်းရွာသား၂ ဦးသည် ရန်ကုန်မှ ပြန်ရောက်လာကာ ရွာထိခိုက်မည်ကိုစိုးရိပ်သဖြင့် ၎င်းတို့၏ ဆန္ဒအလျှောက် ရွာထိပ်တွင် တဲထိုး၍ Quarantineဝင်နေနေခဲ့ရာ ယင်းတို့အားဆေးစစ်မှုများပြုလုပ်ရာ ယနေ့အတည်ပြုလူနာအဖြင့်သတ်မှတ်ခံလိုက်ရသည်။

၎င်းတို့အား အုတ်ဖိုပြည်သူ့ဆေးရုံတွင်ဆေးကုသမှုပေးရန်အတွက် ယနေ့နေလည်ပိုင်းက ဓမ္မဝိဇယလူမှုကူညီရေးအသင်းမှသွားရောက်ခေါ်ဆောင်ခဲ့ပြီးလက်ရှိတွင် အုန်ဖိုပြညါသူ့ဆေးရုံတွင်အတည်ပြုလူနာ ၃ ဦးကုသပေးလျှက်ရှိသည်။

အုတ်ဖိုမြိုနယ်တွင် စက်တင်ဘာ ၂၁ ရက်နေ့မှ ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့အထိ အတည်ပြုလူနာစုစုပေါင်း ၁၈ ဦးသတ်မှတ်ခံထားရသည်ဟု ပဲခူတိုင်းကျန်းမာရေးသတင်းထုတ်ပြန်ချက်အရသိရသည်။

မီးနင်ချောင်ဂိတ်တွင်ပိတ်မိနေသည့် အုတ်ဖို့မြိုနယ်ဒေသခံများအား အုတ်ဖို့ပရဟိတအဖွဲ့များမှသွားရောက်ခေါ်ဆောင်လျှက်ရှိသည်ဟု အုတ်ဖို ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီမှသိရသည်။

” Positive ဖြစ်တဲ့ သားသားလေးရဲ့ စကားသံ ”




aung thaw (5star)




unicode

Positive သမားရဲ့ contact လေးတွေသွားခေါ်ခဲ့တယ်

ကလေးကမေးတယ် “ဦးဦး ရေ သားသား တို့က ဘယ်နှစ်ရက်နေပြီးရင် အိမ်ပြန်ရမှာလဲ”

ဆိုတဲ့မေးသံလေးကြားတော့ ကျွန်တော်လို လူကြမ်းကြီးမျက်ရည်စို့ခဲ့ရတယ်..😔

aung thaw (5star)

စိတ်မကောင်းဘူးဗျာ ကိုမြင့်နိုင်ရဲ့မွှေချက်က

အမြန်ဆုံးရောဂါပျောက်ကင်း ပီး အိမ်ကို အမြန်ဆုံး ပြန်လာနိုင်ပါစေ သားသားတို့ရယ်

ကလေးတွေ contact ပါတာ စိတ်မကောင်းဆုံးဘဲ

”ယခုနှစ် ဆယ်တန်းစာမေးပွဲနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်”

ယခုနှစ် ဆယ်တန်းစာမေးပွဲနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်ပြီ

ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ယခုနှစ် (၂၀၂၀ – ၂၀၂၁) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/သူများသည် လက်ရှိစနစ်ဟောင်းစာ(သင်ရိုးဟောင်း)ကို ယခုနှစ်နောက်ဆုံးထား၍ ဖြေဆိုရမည်ဖြစ်သည်။

ယခုနှစ်ဖြေပြီး အကယ်၍ ကျရှုံးသော သူများကတော့ နောက်၂ နှစ်ထိ (၂၀၂၁ – ၂၀၂၂ နှင့် ၂၀၂၂ – ၂၀၂၃ ထိ) လက်ရှိစနစ်ဟောင်းစာ (သင်ရိုးဟောင်း)ကိုဖြေဆိုခွင့်ရှိသည်ဟု တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်သည်။

၂၀၂၀ – ၂၀၂၁ သည် Grade – 10 စနစ်သစ်ဖြစ်သည်။ ၂၀၂၁ – ၂၀၂၂ တွင် Grade – 11 စနစ်သစ် ဖြစ်သည်။ ၂၀၂၂ – ၂၀၂၃ တွင် Grade – 12 စနစ်သစ် ဖြစ်သည်။

ယခုအခါ ( KG + 12 ) ပညာရေး စနစ်သစ်ကို အကောင်အထည် ဖော်နေပြီဖြစ်သည်။

မှတ်ချက် – ကျောင်းများကိုတော့ Covidလျော့ကျလျှင် အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ပညာရေးဝန်ကြီးဌာနမှ ကြိုးစားလျှက်ရှိသည်။ စာမေးပွဲကတော့ နောက်ဆုတ်နိုင်ခြေရှိသည်။ ယခုအခါ ပညာရေးဝန်ကြီးဌာနမှကျောင်းသား/သူ များအတွက် အခွင့်အရေး မဆုံးရှုံးစေရန် စာမေးပွဲကျင်းပနိုင်ရန် ပညာရေးရုပ်သံလိုင်းများမှ သင်ခန်းစာများ ပို့ချလျှက်ရှိပါသည်။

ပညာရေးဝန်ကြီးဌာနမှ ကျောင်းများကို ယာယီပိတ်ထားပြီး ယခုအခါ ပညာရေး နှောင့်မနှေးစေရန် အခွင့်အရေး မဆုံးရှုံးစေရန် နစ်နာမှု မဖြစ်စေရန် (အထူးသဖြင့် ယခင်နှစ်က ကျရှုံးခဲ့တဲ့ သုံးပုံ နှစ်ပုံသော သိန်းနဲ့ချီတဲ့ ကျောင်းသား/သူ များအတွက် ထပ်မံအခွင့်အရေး မဆုံးရှုံးစေရန်) စာမေးပွဲ ကျင်းပနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ စီစဉ်၍ Myanmar Education Channel ( ပညာရေး ရုပ်သံ ) မှ တက္ကသိုလ်ဝင်တန်း ဘာသာရပ်များကို ပို့ချ လျှက် ရှိပါသည်။

ပညာရေး ဝန်ကြီးဌာန၏ အကျိုးအတွက် အဓိကမဟုတ်ဘဲ ကျောင်းသား/သူများနှင့် ၎င်းတို့၏မိဘများအတွက် အဓိကထားစီစဉ်ပေးထားခြင်းဖြစ်သည်ကို နားလည် စေချင်ပါသည်။

ကိုဗစ် ဖြစ်နေတုံးကြီးတော့ ဘယ်သူကမှ စာမေးပွဲဖြေခိုင်းမည်မဟုတ်ပါ။ တစ်နေ့တော့ ကျောင်းဖွင့်၍ စာသင်ပြီး စာမေးပွဲ စစ်မည်ဆိုတာကတော့ ကျိန်းသေတဲ့ အဖြေတစ်ခုပါ။

စာမေးပွဲကျင်းပနိုင်ရန် ရုပ်မြင်သံကြား ပညာရေးရုပ်သံလိုင်းများမှဘာသာရပ်များကို ထုတ်လွှင့်သင်ကြားပေးလျှက် ရှိပါသည်။ ကိုဗစ်ကပ်ရောဂါ လျော့ပါးလာသည်နှင့်အမျှ ပညာရေးဝန်ကြီးဌာနဘက်မှလည်း ကျောင်းအမြန်ဖွင့်နိုင်အောင် ကြိုးစားစီစဉ်ပေးမှာဖြစ်ပြီး စာမေးပွဲအမြန်ဆုံး ကျင်းပနိုင်အောင် ကြိုးစားပေးကြမည် ဖြစ်သည်။

Source: ZCC

True News and Knowledge