Dhamma
Advertisements
Advertisements
Unicodes
အင်မတန် အစွမ်းထက်တဲ့ အခက်အခဲ အတားအဆီးတွေကို အဆင်ပြေချောမွေစေမယ့် ၂၄ပစ္စည်း ပဌာန်း
မိတ်ဆွေတို့မှာ လူမှုရေး စီးပွားရေး ကျန်းမာရေး ပညာရေး တို့မှာ အခက်အခဲတွေ၊ အတားအဆီးတွေ၊ စိတ်ပျက်စရာတွေ ရှိနေပါသလား။ အခုပြောမယ့် နည်းလေးကို သေချာဖတ်ပီး လုပ်ကြည့်ပါဗျာ။ ကျွန်တော်ကတော့ ကိုယ်တွေ့မို့လို့ မိတ်ဆွေတို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီနည်းလေးဟာ ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့ ပဌာန်း၂၄ပစ္စည်းကို ရွတ်ပွားပူဇော်နည်းဖြစ်ပါတယ်။ စနစ်တကျနဲ့လုပ်မယ်ဆိုရင် တစ်လအတွင်းမှာ မိမိရဲ့အခက်အခဲ အကျပ်အတည်းတွေဟာ
မယုံနိုင်လောက်အောင် အဆင်ပြေအောင်မြင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးက ယုံကြည့်မှုအပြည့်နဲ့လုပ်ဖို့ဖြစ်ပါတယ်။
ပဌာန်း၂၄ပစ္စည်းမရွတ်ဖတ်မီ ကိုယ်လက်သန့်စင်ပါ၊ အဝတ်အစားခေါင်းဆံပင်တို့ကို သပ်ရပ်အောင်လုပ်ပါ။ ဘုရားဝတ်ပြုပီး ငါးပါးသီလခံယူပါ။ မိမိ အဓိဌာန်ဝင်နေစဉ် ငါးပါးသီလလုံလျှင်
မြန်မြန်ဆန်ဆန် အကျိုးပေးပါတယ်။ မေတ္တာပို့ပါ မေတ္တာပွားပါ။ နတ်များပင့်ပါ၊ ဘဝအဆက်အဆက်ကတော်စပ်ခဲ့တဲ့ ဆွေမျိုးများကိုလည်း ပဌာန်းတရားနာဖို့ ဖိတ်ခေါ်ပါ။
ပီးပီဆိုတာနဲ့ ၂၄ပစ္စည်း ပဌာန်းကို ဌာန်ကရိုင်းကျကျ မတိုးမကျယ်၊ မနှေးမမြန် ယုံကြည့်မှုအပြည့်နဲ့ အာရုံစိုက်ပီး ရွတ်ဖတ်ပွားများပူဇော်ပါ။ ကျွန်တော်ကတော့ တစ်ရက်ကို နှစ်ကြိမ်၊ တစ်ကြိမ်ကို ၇ ခေါက်ပူဇာ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက အတတ်နိုင်ဆုံး အချိန်မှန် နေရာမှန်ရွတ်ဖတ်ပူဇော်နိုင်ပါက ပိုမိုထိရောက်တယ်လို့ ထင်ပါတယ်။
ကဲ ကုသိုလ်လည်းရ သင့်အခက်အခဲတွေအောင်မြင်ပီး ကံကောင်းခြင်းတွေဖြစ်လာဖို့ ယုံယုံကြည်ကြည်နဲ့ ပူဇော်ကြည့်ပါ။ တစ်လအတွင်း အထက်ပါအချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် သင်
အကျိုးထူးတွေသေချာပေါက်ခံစားရပါလိမ့်မယ်လို့ ကျွန်တော်ပြောလိုပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေဗျာ
WP2Social Auto Publish Powered By : XYZScripts.com
Close