Life

ကြယ္လြန္သြားတဲ့ အေမကိုယ္စား အေမ့ပုံစံတူ အ႐ုပ္နဲ႔ ဘြဲ႕ယူခဲ့တဲ့ အမ်ိဳးသား

ဖိလစ္ပိုင္လူမ်ိဳး Paulo Johnက ဘြဲ႕ယူတဲ့ေန႔က ဓာတ္ပုံေလးေတြကို ဂ်ဴလိုင္လ 16 ရက္ေန႔က Twitter မွာ တင္လိုက္တဲ့အခါ retweet 4600 ရရွိခဲ့ပါတယ္ ။ Paulo က ဘြဲ႕ဝတ္စုံကို ဝတ္ထားၿပီး ေဘးမွာက သူ႔အေမကိုယ္စား ပုံစံတူ စကၠဴ႐ုပ္ႀကီးနဲ႔အတူ တြဲ႐ိုက္ထားတဲ့ ဓာတ္ပုံျဖစ္ပါတယ္

“ဘုရားသခင္ရဲ႕ ေက်းဇူးနဲ႔ ေမေမ့သား အႀကီးဆုံး ဘြဲ႕ယူႏိုင္ခဲ့တာ ေမေမေပ်ာ္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ။ ေမေမ့ဆႏၵအတိုင္း သားဘြဲ႕ရသြားပါၿပီ ။ ေမေမ့ကို အမ်ားႀကီးခ်စ္တယ္ “လို႔လည္း ေရးထားပါတယ္

Twitter သုံးသူေတြက Paulo ရဲ႕ အေမ့ေက်းဇူး သိတတ္ပုံကို ခ်ီးက်ဴးေနၾကပါတယ္ ။Pauloက စီးပြားေရးစီမံဘြဲ႕ကို ရရွိခဲ့ပါတယ္ ။ ဘြဲ႕ယူတဲ့ေန႔မွာ အေမကို ေဘးမွာ ရွိေစခ်င္တာက သူ႔ရဲ႕အိပ္မက္ပါပဲ ။ ဒါေပမယ့္ Paulo ရဲ႕အေမက 2016 ခုႏွစ္က နမိုးနီးယားေရာဂါေၾကာင့္ ကြယ္လြန္သြားခဲ့ပါတယ္

ေကာလိပ္ကေန ဘြဲ႕ရဖို႔ဆိုတာ သူတို႔မိသားစုရဲ႕အိပ္မက္ျဖစ္ေၾကာင္း ၊ အေမကြယ္လြန္သြားေပမယ့္ အေမ့ပုံစံတူအ႐ုပ္ ရွိေနျခင္းက အနည္းဆုံးေတာ့ အေမရွိေနသလို ခံစားရေၾကာင္း Paulo က ေျပာျပပါတယ္ ။

Advertisements

Paulo က အလြန္တိက် ေသခ်ာသူျဖစ္ၿပီး အေမရဲ႕ ပုံစံတူအ႐ုပ္ကို စကၠဴ႐ုပ္ေတြ ျပဳလုပ္တဲ့ company ကေန မွာယူခဲ့ပါတယ္ ။ သူ႔အေမရဲ႕အရပ္ အတိုင္းအတာျဖစ္တဲ့ 5ေပ 2လက္မ (157cm) ရွိေအာင္ မွာယူခဲ့ပါတယ္ ။ အေမရဲ႕ေက်းဇူးကို ခ်ီးက်ဳး ဂုဏ္ျပဳဖို႔အတြက္ အေမရဲ႕ ပုံစံတူ အ႐ုပ္ႀကီးကို ဘြဲ႕ႏွင္းသဘင္ကို ယူသြားခဲ့ပါတယ္ ။

” အေမက ႏွစ္အနည္းငယ္ၾကာေအာင္ မိသားစုအတြက္ တစ္ေယာက္တည္း ႐ုန္းကန္ခဲ့ပါတယ္ ။ အေမက ကြၽန္ေတာ့္ကို ကိုယ္ပိုင္ေက်ာင္းေတြကို ပို႔ေပးခဲ့ပါတယ္ ။ အေမနဲ႔ ကြၽန္ေတာ္က သိပ္ရင္းႏွီးပါတယ္ ။ ကြၽန္ေတာ့္ကို ေကာလိပ္ ပို႔ဖို႔အတြက္ ကြၽန္ေတာ့္ပေထြးကိုေတာင္ မေတာင္းဆိုခဲ့ပါဘူး ။

ေငြေတြအားလုံးကို အေမတစ္ေယာက္တည္း ရွာခဲ့ၿပီး အေဒၚေတြကလည္း ကူညီေပးခဲ့ပါတယ္ ။ ဘြဲ႕ယူအခမ္းအနားကို အေမ့ပုံစံတူ အ႐ုပ္ႀကီးယူသြားတဲ့အခါ ေဘးမွာ အေမရွိေနသလို ခံစားရတဲ့အတြက္ အလြန္ဝမ္းသာတယ္ ” လို႔ Paulo က ေျပာျပပါတယ္ ။

Zombie ( Love အတိုစေလးမ်ား )

Advertisements

unicode

ကွယ်လွန်သွားတဲ့ အမေကိုယ်စား အမေ့ပုံစံတူ အရုပ်နဲ့ ဘွဲ့ယူခဲ့တဲ့ အမျိုးသား

ဖိလစ်ပိုင်လူမျိုး Paulo Johnက ဘွဲ့ယူတဲ့နေ့က ဓာတ်ပုံလေးတွေကို ဂျူလိုင်လ 16 ရက်နေ့က Twitter မှာ တင်လိုက်တဲ့အခါ retweet 4600 ရရှိခဲ့ပါတယ် ။ Paulo က ဘွဲ့ဝတ်စုံကို ဝတ်ထားပြီး ဘေးမှာက သူ့အမေကိုယ်စား ပုံစံတူ စက္ကူရုပ်ကြီးနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ် ။

“ဘုရားသခင်ရဲ့ ကျေးဇူးနဲ့ မေမေ့သား အကြီးဆုံး ဘွဲ့ယူနိုင်ခဲ့တာ မေမေပျော်မယ်လို့ မျှော်လင့်ပါတယ် ။ မေမေ့ဆန္ဒအတိုင်း သားဘွဲ့ရသွားပါပြီ ။ မေမေ့ကို အများကြီးချစ်တယ် “လို့လည်း ရေးထားပါတယ် ။

Twitter သုံးသူတွေက Paulo ရဲ့ အမေ့ကျေးဇူး သိတတ်ပုံကို ချီးကျူးနေကြပါတယ် ။Pauloက စီးပွားရေးစီမံဘွဲ့ကို ရရှိခဲ့ပါတယ် ။ ဘွဲ့ယူတဲ့နေ့မှာ အမေကို ဘေးမှာ ရှိစေချင်တာက သူ့ရဲ့အိပ်မက်ပါပဲ ။ ဒါပေမယ့် Paulo ရဲ့အမေက 2016 ခုနှစ်က နမိုးနီးယားရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ် ။

ကောလိပ်ကနေ ဘွဲ့ရဖို့ဆိုတာ သူတို့မိသားစုရဲ့အိပ်မက်ဖြစ်ကြောင်း ၊ အမေကွယ်လွန်သွားပေမယ့် အမေ့ပုံစံတူအရုပ် ရှိနေခြင်းက အနည်းဆုံးတော့ အမေရှိနေသလို ခံစားရကြောင်း Paulo က ပြောပြပါတယ် ။

Paulo က အလွန်တိကျ သေချာသူဖြစ်ပြီး အမေရဲ့ ပုံစံတူအရုပ်ကို စက္ကူရုပ်တွေ ပြုလုပ်တဲ့ company ကနေ မှာယူခဲ့ပါတယ် ။ သူ့အမေရဲ့အရပ် အတိုင်းအတာဖြစ်တဲ့ 5ပေ 2လက်မ (157cm) ရှိအောင် မှာယူခဲ့ပါတယ် ။ အမေရဲ့ကျေးဇူးကို ချီးကျုး ဂုဏ်ပြုဖို့အတွက် အမေရဲ့ ပုံစံတူ အရုပ်ကြီးကို ဘွဲ့နှင်းသဘင်ကို ယူသွားခဲ့ပါတယ် ။

” အမေက နှစ်အနည်းငယ်ကြာအောင် မိသားစုအတွက် တစ်ယောက်တည်း ရုန်းကန်ခဲ့ပါတယ် ။ အမေက ကျွန်တော့်ကို ကိုယ်ပိုင်ကျောင်းတွေကို ပို့ပေးခဲ့ပါတယ် ။ အမေနဲ့ ကျွန်တော်က သိပ်ရင်းနှီးပါတယ် ။ ကျွန်တော့်ကို ကောလိပ် ပို့ဖို့အတွက် ကျွန်တော့်ပထွေးကိုတောင် မတောင်းဆိုခဲ့ပါဘူး ။

ငွေတွေအားလုံးကို အမေတစ်ယောက်တည်း ရှာခဲ့ပြီး အဒေါ်တွေကလည်း ကူညီပေးခဲ့ပါတယ် ။ ဘွဲ့ယူအခမ်းအနားကို အမေ့ပုံစံတူ အရုပ်ကြီးယူသွားတဲ့အခါ ဘေးမှာ အမေရှိနေသလို ခံစားရတဲ့အတွက် အလွန်ဝမ်းသာတယ် ” လို့ Paulo က ပြောပြပါတယ် ။

Zombie ( Love အတိုစလေးများ )

WP2Social Auto Publish Powered By : XYZScripts.com
Close