Local

၁၀နာရီေက်ာ္ၾကာ ပင္လယ္ထဲျပဳတ္က်သည့္ ျမန္မာေလွလုပ္သားအား ထိုင္းေရတပ္မွ ကယ္ဆယ္ႏိုင္ခဲ့

4.12.2019 အလုပ္သမားဟစ္တိုင္ Trat

ထိုင္းေတာ္ဝင္ေရတပ္ တ 265နယ္ျခားကင္းလွည့္ဌာန(၁)မွ Ms.Wirawan Sripadad ပိုင္ေသာ Srichalermpol အမည္႐ွိငါးဖမ္းေလွတစ္စီးမွ ယမန္ေန႔(၃.၁၂.၂၀၁၉)နံနက္(၃.၃၀)အခ်ိန္ခန္႔ ျမန္မာေလွလုပ္သား ကိုထြန္းရီ အသက္(၃၅)ႏွစ္ခန္႔သည္တလာ့တ္ခ႐ိုင္(Trat)ပင္လယ္ထျပဳတ္က်ခဲ့သည္ကို သိ႐ွိသည္ႏွင့္ ၎ျပဳတ္က်ခဲ့သည့္ငါးဖမ္းေလွႏွင့္ အနီးနား႐ွိငါးဖမ္းေလွမ်ား အခ်ိန္ၾကာျမင့္စြာ ႐ွာေဖြခဲ့ေသာ္လည္း လိႈင္းေလအေျခေနမေကာင္း၍ ႐ွာေဖြမႈမေအာင္ျမင္ပဲ အမ်ိဳးသားေရေၾကာင္းထိန္းသိမ္းေရး ဗဟိုဌာန(၁)သို႔ ဆက္သြယ္အကူညီေတာင္းခဲ့ေၾကာင္းသိရသည္

Loading...

အမ်ိဳးသားေရေၾကာင္းထိန္းသိမ္းေရးဗဟိုဌာန(၁)မွ ေရယာဥ္ တ 265 ေပးပို႔ခဲ့ကာ Interception Search ႐ွာေဖြေရးနည္းလမ္းအသံုးျပဳ႐ွာေဖြစဥ္ ေန႔လည္ (၁.၃၀)အခ်ိန္ခန္႔မွ ျပဳတ္က်သူျမန္မာေလွလုပ္သား ကိုထြန္းရီအား ႐ွာေတြခဲ့ေၾကာင္းသိရသည္

ထို႔ေနာက္ ကိုထြန္းရီအား ေ႐ွ႕ဦးကယ္ဆယ္မႈမ်ားျပဳလုပ္ကာ ကမ္းသို႔ေခၚခဲ့ၿပီး ေနာက္ဆက္တြဲကုသမႈရယူရန္ ေဆးရံုသို႔ပ္ု႔ေဆာင္ေပးခဲ့ေၾကာင္းသိရသည္

Labour Hittai

Unicode Version

4.12.2019 အလုပ်သမားဟစ်တိုင် Trat

ထိုင်းတော်ဝင်ရေတပ် တ 265နယ်ခြားကင်းလှည့်ဌာန(၁)မှ Ms.Wirawan Sripadad ပိုင်သော Srichalermpol အမည်ရှိငါးဖမ်းလှေတစ်စီးမှ ယမန်နေ့(၃.၁၂.၂၀၁၉)နံနက်(၃.၃၀)အချိန်ခန့် မြန်မာလှေလုပ်သား ကိုထွန်းရီ အသက်(၃၅)နှစ်ခန့်သည်တလာ့တ်ခရိုင်(Trat)ပင်လယ်ထပြုတ်ကျခဲ့သည်ကို သိရှိသည်နှင့် ၎င်းပြုတ်ကျခဲ့သည့်ငါးဖမ်းလှေနှင့် အနီးနားရှိငါးဖမ်းလှေများ အချိန်ကြာမြင့်စွာ ရှာဖွေခဲ့သော်လည်း လှိုင်းလေအခြေနေမကောင်း၍ ရှာဖွေမှုမအောင်မြင်ပဲ အမျိုးသားရေကြောင်းထိန်းသိမ်းရေး ဗဟိုဌာန(၁)သို့ ဆက်သွယ်အကူညီတောင်းခဲ့ကြောင်းသိရသည်

အမျိုးသားရေကြောင်းထိန်းသိမ်းရေးဗဟိုဌာန(၁)မှ ရေယာဉ် တ 265 ပေးပို့ခဲ့ကာ Interception Search ရှာဖွေရေးနည်းလမ်းအသုံးပြုရှာဖွေစဉ် နေ့လည် (၁.၃၀)အချိန်ခန့်မှ ပြုတ်ကျသူမြန်မာလှေလုပ်သား ကိုထွန်းရီအား ရှာတွေခဲ့ကြောင်းသိရသည်

ထို့နောက် ကိုထွန်းရီအား ရှေ့ဦးကယ်ဆယ်မှုများပြုလုပ်ကာ ကမ်းသို့ခေါ်ခဲ့ပြီး နောက်ဆက်တွဲကုသမှုရယူရန် ဆေးရုံသို့ပ်ု့ဆောင်ပေးခဲ့ကြောင်းသိရသည်

Labour Hittai

Related Articles

Close