International

ဖိလစ္ပိုင္တြင္ တိုင္ဖြန္းမုန္တိုင္းေၾကာင့္ လူ ၃ ဦး ေသဆုံး

ဖိလစ္ပိုင္မွာ တိုင္ဖြန္းမုန္တိုင္း ကမ္မူရီေၾကာင့္ လူ ၃ ေယာက္ ေသဆုံးခဲ့ၿပီး ဒီဇင္ဘာ ၃ ရက္ေန႔က ရွင္းလင္းေရးနဲ႔ ျပင္ဆင္ေရးေတြ လုပ္ေနပါတယ္။

တိုင္ဖြန္း မဝင္ေရာက္ခင္ အာဏာပိုင္ေတြက ေဒသခံ ၂၂၅,၀၀၀ ေလာက္ ေဘးလြတ္ရာ ေျပာင္းေပးခဲ့ပါတယ္။

အာဏာပိုင္ေတြရဲ႕ ႀကိဳတင္သတိေပးခ်က္ေၾကာင့္ အသက္ေပါင္းမ်ားစြာကို ကာကြယ္ႏိုင္ခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာခဲ့ပါတယ္။

Loading...

ဒီႏွစ္အဖို႔ အႀကိမ္ ၂၀ ေျမာက္ တိုင္ဖြန္း ကမ္မူရီ ဝင္ေရာက္ခ်ိန္မွာ ေရႀကီးမႈ၊ ပင္လယ္လႈိင္းတက္မႈနဲ႔ ေျမၿပိဳမႈအႏၲရာယ္ သတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။

တိုင္ဖြန္းေၾကာင့္ ေလတိုက္ႏႈန္း တနာရီ ၁၂၄ မိုင္အထိ တိုက္ခတ္ခဲ့ၿပီး ေနအိမ္နဲ႔ အေဆာက္အဦေတြ ပ်က္စီးကာ သစ္ပင္ေတြနဲ႔ ဆိုင္းဘုတ္ေတြ ၿပိဳလဲခဲ့ပါတယ္။

အဲဒီေနာက္ တိုင္ဖြန္းမုန္တိုင္းဟာ ဖိလစ္ပိုင္ကြၽန္းစုကို ျဖတ္ၿပီး ေတာင္တ႐ုတ္ပင္လယ္ဆီ ဦးတည္သြားခဲ့တယ္လို႔ ႐ိုက္တာသတင္းက ဆိုပါတယ္။

Unicode Version

ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်း ကမ်မူရီကြောင့် လူ ၃ ယောက် သေဆုံးခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နေ့က ရှင်းလင်းရေးနဲ့ ပြင်ဆင်ရေးတွေ လုပ်နေပါတယ်။

တိုင်ဖွန်း မဝင်ရောက်ခင် အာဏာပိုင်တွေက ဒေသခံ ၂၂၅,၀၀၀ လောက် ဘေးလွတ်ရာ ပြောင်းပေးခဲ့ပါတယ်။

အာဏာပိုင်တွေရဲ့ ကြိုတင်သတိပေးချက်ကြောင့် အသက်ပေါင်းများစွာကို ကာကွယ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ဒီနှစ်အဖို့ အကြိမ် ၂၀ မြောက် တိုင်ဖွန်း ကမ်မူရီ ဝင်ရောက်ချိန်မှာ ရေကြီးမှု၊ ပင်လယ်လှိုင်းတက်မှုနဲ့ မြေပြိုမှုအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

တိုင်ဖွန်းကြောင့် လေတိုက်နှုန်း တနာရီ ၁၂၄ မိုင်အထိ တိုက်ခတ်ခဲ့ပြီး နေအိမ်နဲ့ အဆောက်အဦတွေ ပျက်စီးကာ သစ်ပင်တွေနဲ့ ဆိုင်းဘုတ်တွေ ပြိုလဲခဲ့ပါတယ်။

အဲဒီနောက် တိုင်ဖွန်းမုန်တိုင်းဟာ ဖိလစ်ပိုင်ကျွန်းစုကို ဖြတ်ပြီး တောင်တရုတ်ပင်လယ်ဆီ ဦးတည်သွားခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

DVB Multimedia Group

Related Articles

Close