Local

တာဝန္သိျပည္သူတစ္ေယာက္ရဲ႕ ကူညီမႈကို TAXI သမားနဲ႔ခ႐ိုင္ရဲဆိုသူတို႔ပူးေပါင္းၿခိမ္းေျခာက္မႈေျမနီကုန္းတြင္ျဖစ္ပြား

တာဝန္သိျပည္သူတစ္ေယာက္ရဲ႕ ကူညီမႈကို taxi သမားနဲ႔ခ႐ိုင္ရဲဆိုသူတို႔ပူးေပါင္းၿခိမ္းေျခာက္မႈေျမနီကုန္းတြင္ျဖစ္ပြား

ရန္ကုန္ၿမိဳ႕မွစည္းမဲ့ကမ္းမဲ့ taxi သမားမ်ား

ျဖစ္စဥ္ကဒီလို

ဒီေန႔ ည ေျမနီကုန္းစမ္းေခ်ာင္းက City Mart သြားရင္း ရန္ျဖစ္ေနတာေတြ႕ပါတယ္။ Taxi တစ္စီးက မီးပြိဳင့္နားမွာ လမ္းနဲ႔ေရာ City mart car parking နဲ႔ ေရာ မလြတ္မကင္း ရပ္တာကို လုံၿခဳံေရးက ေ႐ႊ႕ေပးဖို႔ေျပာတာကို ကားသမားက ဆင္းလာၿပီး လုံၿခဳံေရးမ်က္ႏွာကိုျဖတ္႐ိုက္ပါတယ္။ အေျခအတင္ျဖစ္ေနေတာ့ ျပသနာႀကီးလာရင္ သက္ေသရွိေအာင္ေရာ၊ စည္းကမ္းမဲ့ကားရပ္တာကို Viber ကေနတိုင္ဖို႔ေရာ ဓာတ္ပုံ႐ိုက္လိုက္ပါတယ္။

Loading...

ဒါကို ကားသမားနဲ႔ သူ႔အေဖာ္၂ေယာက္က ရန္လာရွာပါတယ္။ ထိုးမယ္သတ္မယ္ျဖတ္မယ္ ၿခိမ္းေျခာက္ပါတယ္။ ပုံဖ်က္ခိုင္းပါတယ္။ ကြၽန္ေတာ္လည္း ဖ်က္မေပးေတာ့ အေျခအေနအေတာ္တင္းမာသြားပါတယ္။ လုံၿခဳံေရးေတြက ရဲေခၚလိုက္ပါတယ္။ ရဲစခန္းေရာက္သြားပါတယ္။ ကားသမားရဲ႕အသိ ခ႐ိုင္ရဲဆိုလားလည္း စခန္းလိုက္လာပါတယ္။ လုံၿခဳံေရးကို႐ိုက္တဲ့ ကိစၥက ခံဝန္ထိုးၿပီး ၿပီးသြားပါတယ္။ ရဲစခန္းက ကြၽန္ေတာ္ဓာတ္ပုံ႐ိုက္တဲ့ကိစၥက ႏိုင္လြတ္လုံနဲ႔ ၿငိ တဲ့အေၾကာင္း၊ ဓာတ္ပုံ႐ိုက္လို႔မရေၾကာင္းေျပာပါတယ္။

ကြၽန္ေတာ္မရွင္းတာက Public area မွာ အခင္းျဖစ္တာကို သက္ေသအေနနဲ႔ ကူညီႏိုင္ေအာင္ ဓာတ္ပုံ ႐ိုက္တာက ပစ္မႈေျမာက္ပါသလား။ စည္းကမ္းမဲ့ယာဥ္ကို ဓာတ္ပုံ႐ိုက္ၿပီး Viber ကတိုင္တာက သူမ်ား privacy ကိုခ်ိဳးေဖာက္ရာေရာက္ပါသလား။ ရဲကေတာ့ ေရာက္တယ္ေျပာပါတယ္။ ဒါဆို ဘာလို႔ Viber ဓာတ္ပုံသက္ေသနဲ႔တကြတိုင္ၾကားဖို႔ေၾကျငာထားေသးလဲ။ ျပည္သူတစ္ေယာက္အေနနဲ႔ ကူညီဖို႔ ႀကိဳးစားတဲ့သူ ၿခိမ္းေျခာက္ခံရတာကို ရဲတပ္ဖြဲ႕က အကာအကြယ္မေပးတဲ့အျပင္ သူတို႔ကပါ ထပ္ၿခိမ္းေျခာက္သလို ခံစားေနရလို႔ ေမးၾကည့္တာပါ။ ဥပေဒေၾကာင္းအရ ေျဖေပးပါခင္ဗ်။

(မွတ္ခ်က္။ ။ ႏိုင္လြတ္လုံႏွင့္ ျပည္သူခ်င္းတရားစြဲလို႔မရေတာ့ပါ)ဒီလိုစည္းကမ္းမဲ့ အ႐ိုင္းအစိုင္းtaxi သမားမ်ားကိုအားလုံးဝိုင္းဝန္းေဖာ္ထုတ္သင့္ပါတယ္

ာဝန်သိပြည်သူတစ်ယောက်ရဲ့ ကူညီမှုကို taxi သမားနဲ့ခရိုင်ရဲဆိုသူတို့ပူးပေါင်းခြိမ်းခြောက်မှုမြေနီကုန်းတွင်ဖြစ်ပွား

ရန်ကုန်မြို့မှစည်းမဲ့ကမ်းမဲ့ taxi သမားများ

ဖြစ်စဉ်ကဒီလို

ဒီနေ့ ည မြေနီကုန်းစမ်းချောင်းက City Mart သွားရင်း ရန်ဖြစ်နေတာတွေ့ပါတယ်။ Taxi တစ်စီးက မီးပွိုင့်နားမှာ လမ်းနဲ့ရော City mart car parking နဲ့ ရော မလွတ်မကင်း ရပ်တာကို လုံခြုံရေးက ရွှေ့ပေးဖို့ပြောတာကို ကားသမားက ဆင်းလာပြီး လုံခြုံရေးမျက်နှာကိုဖြတ်ရိုက်ပါတယ်။ အခြေအတင်ဖြစ်နေတော့ ပြသနာကြီးလာရင် သက်သေရှိအောင်ရော၊ စည်းကမ်းမဲ့ကားရပ်တာကို Viber ကနေတိုင်ဖို့ရော ဓာတ်ပုံရိုက်လိုက်ပါတယ်။

ဒါကို ကားသမားနဲ့ သူ့အဖော်၂ယောက်က ရန်လာရှာပါတယ်။ ထိုးမယ်သတ်မယ်ဖြတ်မယ် ခြိမ်းခြောက်ပါတယ်။ ပုံဖျက်ခိုင်းပါတယ်။ ကျွန်တော်လည်း ဖျက်မပေးတော့ အခြေအနေအတော်တင်းမာသွားပါတယ်။ လုံခြုံရေးတွေက ရဲခေါ်လိုက်ပါတယ်။ ရဲစခန်းရောက်သွားပါတယ်။ ကားသမားရဲ့အသိ ခရိုင်ရဲဆိုလားလည်း စခန်းလိုက်လာပါတယ်။ လုံခြုံရေးကိုရိုက်တဲ့ ကိစ္စက ခံဝန်ထိုးပြီး ပြီးသွားပါတယ်။ ရဲစခန်းက ကျွန်တော်ဓာတ်ပုံရိုက်တဲ့ကိစ္စက နိုင်လွတ်လုံနဲ့ ငြိ တဲ့အကြောင်း၊ ဓာတ်ပုံရိုက်လို့မရကြောင်းပြောပါတယ်။

ကျွန်တော်မရှင်းတာက Public area မှာ အခင်းဖြစ်တာကို သက်သေအနေနဲ့ ကူညီနိုင်အောင် ဓာတ်ပုံ ရိုက်တာက ပစ်မှုမြောက်ပါသလား။ စည်းကမ်းမဲ့ယာဉ်ကို ဓာတ်ပုံရိုက်ပြီး Viber ကတိုင်တာက သူများ privacy ကိုချိုးဖောက်ရာရောက်ပါသလား။ ရဲကတော့ ရောက်တယ်ပြောပါတယ်။ ဒါဆို ဘာလို့ Viber ဓာတ်ပုံသက်သေနဲ့တကွတိုင်ကြားဖို့ကြေငြာထားသေးလဲ။ ပြည်သူတစ်ယောက်အနေနဲ့ ကူညီဖို့ ကြိုးစားတဲ့သူ ခြိမ်းခြောက်ခံရတာကို ရဲတပ်ဖွဲ့က အကာအကွယ်မပေးတဲ့အပြင် သူတို့ကပါ ထပ်ခြိမ်းခြောက်သလို ခံစားနေရလို့ မေးကြည့်တာပါ။ ဥပဒေကြောင်းအရ ဖြေပေးပါခင်ဗျ။

(မှတ်ချက်။ ။ နိုင်လွတ်လုံနှင့် ပြည်သူချင်းတရားစွဲလို့မရတော့ပါ)ဒီလိုစည်းကမ်းမဲ့ အရိုင်းအစိုင်းtaxi သမားများကိုအားလုံးဝိုင်းဝန်းဖော်ထုတ်သင့်ပါတယ်

Related Articles

Close