Celebrity

ထက္ထက္မိုးဦးကေတာ့ က်န္းမာေရးမေကာင္းလို႔ အရမ္းစိတ္ညစ္ေနရတယ္လို႔ဆိုပါတယ္။

လည္ပင္းမွာ အက်ိတ္ေတြ အမ်ားႀကီးပဲ။

ထက္ထက္မိုးဦးကေတာ့ က်န္းမာေရးမေကာင္းလို႔ အရမ္းစိတ္ညစ္ေနရတယ္လို႔ဆိုပါတယ္။ ခြဲစိတ္ရမယ့္ အရာေတြကိုလည္း မလုပ္ရဲေလာက္ေအာင္ ေၾကာက္ေနၿပီလို႔ ေျပာပါတယ္။

ထက္ထက္မိုးဦးကေတာ့ သူ႔ရဲ႕ က်န္းမာေရးေၾကာင့္ အရမ္းကို စိတ္ညစ္ေနရတယ္လို႔ ဆိုပါတယ္။ အခုလည္း သူမရဲ႕ က်န္းမာေရး ေဆးစစ္ခ်က္အေျဖက လည္ပင္းထဲမွာ အက်ိတ္ေတြရွိေသးတယ္လို႔ သိရတဲ့အေပၚ ခံစားခ်က္ကို မီဒီယာေတြကေနတဆင့္ ေျဖဆိုခဲ့ပါတယ္။

“ မထက္ က်န္းမာေရးအတြက္ စိတ္အရမ္းညစ္ေနတာ။ လည္ပင္းတစ္ဖက္ ခြဲထားၿပီးၿပီ၊ ဗိုက္ခြဲတာလည္း ၄ လ၊ ၅ လပဲရွိေသးတယ္။ ၿပီးေတာ့ လည္ပင္းကို ထပ္စစ္လိုက္တဲ့အခ်ိန္မွာလည္း လည္ပင္းကို စစ္လိုက္တဲ့အခါမွာ အက်ိတ္ေတြ အမ်ားႀကီး ထပ္ၿပီးေတာ့ အေျဖေတြ႕ရတာဆိုေတာ့ အဲဒါေတြကို စိတ္ဓာတ္အရမ္းက်တယ္၊ ထပ္လည္း မခြဲခ်င္ေတာ့ဘူး” လို႔ သူကဆိုပါတယ္။

Loading...

သူမဟာ ေဆး႐ုံတက္ၿပီး ခြဲစိတ္ရမွာကို အရမ္းေၾကာက္ေနၿပီလို႔ ဆိုပါတယ္။ အရင္တုန္းက မၾကာခဏ ေဆး႐ုံတက္၊ ခြဲစိတ္မႈခံခဲ့ရတဲ့ အခ်ိန္ေတြကိုလည္း ၿငီးေငြ႕ေနၿပီလို႔ ရင္ဖြင့္ေျပာျပလာပါတယ္။

“ထပ္ခြဲတာက ခြဲရမွာပဲ။ ခြဲရမယ္ ေျပာေနရင္ကို လူက အားေပ်ာ့သြားတယ္။ ခြဲခန္းကို အႀကိမ္ေပါင္းေျမာက္မ်ားစြာ ဝင္ခဲ့ၿပီးၿပီဆိုေတာ့ ေနာက္ထပ္ ထပ္ၿပီး သတိေမ့ၿပီး ျပန္သိရတဲ့ အရာႀကီးကို ရင္မဆိုင္ခ်င္ေတာ့ဘူး။ အရမ္းေၾကာက္ေနတယ္” ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၃၀ ရက္ေန႔က “မာယာရထားေမာင္းတဲ့ မိန္းမ” ႐ုပ္ရွင္ဇာတ္ကားႀကီး ကန္ေတာ့ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

လက္ရွိမွာလည္း သူမရဲ႕ က်န္းမာေရးကို ျမန္မာေဆးဝါးနဲ႔သာ ကုသခ်င္တယ္လို႔ ေတြးမိတဲ့အေၾကာင္း ထက္ထက္မိုးဦးက ေျပာျပလာပါတယ္။ မိသားစုကလည္း ဂ႐ုစိုက္ေပးတယ္လို႔ ဆိုပါတယ္။

“ အခုေတာ့ ဆရာဝန္နဲ႔ျပထားတယ္။ ျမန္မာေဆးနဲ႔ပဲ ကုရမလားလို႔ ေတြးမိတာေပါ့ေနာ္။ အေဖကလည္း ျမန္မာေဆးကို ဟိုေသြးေဆးေသာက္၊ ဒီေသြးေဆးေသာက္ ၿပီးေတာ့ ေပ်ာက္ေစခ်င္တာေပါ့ေနာ္။ အခုက်ေတာ့ ခြဲလည္း မခြဲခ်င္ဘူး၊ အျမန္ေပ်ာက္ပါေစလို႔ ဆုေတာင္းတယ္။ ဘယ္လိုလုပ္ရင္ ေကာင္းမလဲဆိုတာေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ေနပါတယ္” လို႔ ဆိုပါတယ္။

ထက္ထက္မိုးဦး ဟာ ေ႐ႊစင္ ရတနာေ႐ႊဆိုင္ ေၾကာ္ျငာကေနတဆင့္ ကေလးေရာ၊ လူႀကီးပါ မက်န္ တခဲနက္ အားေပးခဲ့ၾကတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပါ။ တစ္ေခတ္တခါ က ေၾကာ္ျငာဘုရင္မေလး လို႔ေတာင္ တင္စားေခၚေဝၚခဲ့ၾကတာျဖစ္ပါတယ္။ ထက္ထက္မိုးဦးရဲ႕ ခ်စ္စရာေကာင္းတဲ့ အမူအရာေလးေတြက ပရိသတ္ကို အခ်စ္မေလွ်ာ့ေအာင္ အၿမဲဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီေနာက္ ႐ုပ္ရွင္ဇာတ္ကား ေပါင္းမ်ားစြာ၊ တီဗီေၾကာ္ျငာေပါင္း မ်ားစြာ တို႔ကိုလည္း ႐ိုက္ကူးခဲ့သူ ျဖစ္ပါတယ္။ သူမကေတာ့ ၁၉၉၁ ခုႏွစ္က အႏုပညာေလာကထဲကို ပထမဆုံးအႀကိမ္ စတင္ဝင္ေရာက္လာသူပါ။ အဲဒီေနာက္ ၁၉၉၆ ခုႏွစ္မွာေတာ့ ပန္းသခင္ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ပထမဆုံးအႀကိမ္ ရရွိခဲ့ပါတယ္။ ေနာက္ထပ္လည္း ‘’ သမီးမိုက္’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ဒုတိယအႀကိမ္ေျမာက္ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့ျပန္ပါတယ္။

လည်ပင်းမှာ အကျိတ်တွေ အများကြီးပဲ။

ထက်ထက်မိုးဦးကတော့ ကျန်းမာရေးမကောင်းလို့ အရမ်းစိတ်ညစ်နေရတယ်လို့ဆိုပါတယ်။ ခွဲစိတ်ရမယ့် အရာတွေကိုလည်း မလုပ်ရဲလောက်အောင် ကြောက်နေပြီလို့ ပြောပါတယ်။

ထက်ထက်မိုးဦးကတော့ သူ့ရဲ့ ကျန်းမာရေးကြောင့် အရမ်းကို စိတ်ညစ်နေရတယ်လို့ ဆိုပါတယ်။ အခုလည်း သူမရဲ့ ကျန်းမာရေး ဆေးစစ်ချက်အဖြေက လည်ပင်းထဲမှာ အကျိတ်တွေရှိသေးတယ်လို့ သိရတဲ့အပေါ် ခံစားချက်ကို မီဒီယာတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

“ မထက် ကျန်းမာရေးအတွက် စိတ်အရမ်းညစ်နေတာ။ လည်ပင်းတစ်ဖက် ခွဲထားပြီးပြီ၊ ဗိုက်ခွဲတာလည်း ၄ လ၊ ၅ လပဲရှိသေးတယ်။ ပြီးတော့ လည်ပင်းကို ထပ်စစ်လိုက်တဲ့အချိန်မှာလည်း လည်ပင်းကို စစ်လိုက်တဲ့အခါမှာ အကျိတ်တွေ အများကြီး ထပ်ပြီးတော့ အဖြေတွေ့ရတာဆိုတော့ အဲဒါတွေကို စိတ်ဓာတ်အရမ်းကျတယ်၊ ထပ်လည်း မခွဲချင်တော့ဘူး” လို့ သူကဆိုပါတယ်။

သူမဟာ ဆေးရုံတက်ပြီး ခွဲစိတ်ရမှာကို အရမ်းကြောက်နေပြီလို့ ဆိုပါတယ်။ အရင်တုန်းက မကြာခဏ ဆေးရုံတက်၊ ခွဲစိတ်မှုခံခဲ့ရတဲ့ အချိန်တွေကိုလည်း ငြီးငွေ့နေပြီလို့ ရင်ဖွင့်ပြောပြလာပါတယ်။

“ထပ်ခွဲတာက ခွဲရမှာပဲ။ ခွဲရမယ် ပြောနေရင်ကို လူက အားပျော့သွားတယ်။ ခွဲခန်းကို အကြိမ်ပေါင်းမြောက်များစွာ ဝင်ခဲ့ပြီးပြီဆိုတော့ နောက်ထပ် ထပ်ပြီး သတိမေ့ပြီး ပြန်သိရတဲ့ အရာကြီးကို ရင်မဆိုင်ချင်တော့ဘူး။ အရမ်းကြောက်နေတယ်” ဆိုပြီးတော့ နိုဝင်ဘာလ ၃၀ ရက်နေ့က “မာယာရထားမောင်းတဲ့ မိန်းမ” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

လက်ရှိမှာလည်း သူမရဲ့ ကျန်းမာရေးကို မြန်မာဆေးဝါးနဲ့သာ ကုသချင်တယ်လို့ တွေးမိတဲ့အကြောင်း ထက်ထက်မိုးဦးက ပြောပြလာပါတယ်။ မိသားစုကလည်း ဂရုစိုက်ပေးတယ်လို့ ဆိုပါတယ်။

“ အခုတော့ ဆရာဝန်နဲ့ပြထားတယ်။ မြန်မာဆေးနဲ့ပဲ ကုရမလားလို့ တွေးမိတာပေါ့နော်။ အဖေကလည်း မြန်မာဆေးကို ဟိုသွေးဆေးသောက်၊ ဒီသွေးဆေးသောက် ပြီးတော့ ပျောက်စေချင်တာပေါ့နော်။ အခုကျတော့ ခွဲလည်း မခွဲချင်ဘူး၊ အမြန်ပျောက်ပါစေလို့ ဆုတောင်းတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာတော့ ဆရာဝန်နဲ့ တိုင်ပင်နေပါတယ်” လို့ ဆိုပါတယ်။

ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမကတော့ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။

Related Articles

Close