Celebrity

အင်္ကျီဆင်တူလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းနေတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ မိသားစုလေး




Loading...



မြန်မာပရိသတ်တွေ အရမ်းချစ်ကြတဲ့ ဘောလုံးသမား အောင်သူနဲ့ နိုင်ငံကျော် မင်းသမီးချောလေး ပိုးအိအိခန့်တို့နှစ်ဉီးကတော့ တစ်ဉီးကို တစ်ဉီး နှစ်နှစ်ကာကာ ချစ်မိသွားကြတာမို့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို နှစ်ကိုယ်တူ ပုံဖော်ထားကြတာပါ။ လတ်တလောမှာတော့ ပိုးအိအိခန့်က အရမ်းကို ချစ်စရာကောင်းတဲ့ သူမတို့မိသားစုလေးရဲ့ ခရီးသွားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အင်္ကျီဆင်တူလေးတွေဝတ်ပြီး အရမ်းကိုချစ်ဖို့ကောင်းနေတဲ့ အောင်သူတို့မိသားစုလေးကတော့ ခရီးထွက်ရင်း အရမ်းကို ပျော်ရွှင်နေကြတာပါ။

ချစ်ပရိသတ်တွေအတွက် အင်္ကျီဆင်တူလေးတွေဝတ်ပီး လျှောက်လည်နေကြတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ချစ်စရာ မိသားစုပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုးအိအိခန့်ကတော့ “❤️Happy Family❤️” ဆိုပြီး ကြည်နူးပျော်ရွှင်ခဲ့ရတဲ့ မိသားစုခရီးစဉ်က ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ အရမ်းကို ချစ်စရာကောင်းတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ သားဉီးလေး သွင်ဉီးဟန်ကတော့ အနေအေးတာမို့ အမေဖြစ်သူကလည်း အရမ်းကို အချစ်ပိုနေတာ တွေ့ရပါတယ်နော်။

အရမ်းကို ချစ်စရာကောင်းတဲ့ မိသားစုလေး…

ပရိသတ်တွေကပါ အရမ်းချစ်ပေးကြတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ ဇနီးမောင်နှံကတော့ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က မင်္ဂလာပွဲ ကျင်းပခဲ့တာဖြစ်ပြီး၊ အခုဆိုရင် အရမ်းကို ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ လက်ရှိ ထိုင်းမှာ ကစားနေတဲ့ အောင်သူကတော့ မိသားစုအတွက် ပိုကြိုးစားနေတယ်လို့ သိရပါတယ်။ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ အောင်သူတို့ မိသားစုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Related Articles

Close