Crime

လွိုင္သာယာၿမိဳ့နယ္တြင္ ပေထြးက ၁၅ ႏွစ္သမီးကို အဓမၼျပဳက်င့္

လႈိင္သာယာၿမိဳ႕နယ္တြင္ ပေထြးျဖစ္သူက အသက္ ၁၅ ႏွစ္အ႐ြယ္သမီးငယ္ကို အဓမၼျပဳက်င့္မႈအား သက္ဆိုင္ရာက ႏိုဝင္ဘာ ၂၅ ရက္တြင္ ဖမ္းဆီးအေရးယူထားသည္။

ျဖစ္စဥ္မွာ နံနက္ ၁၁ နာရီခြဲခန္႔တြင္ လႈိင္သာယာၿမိဳ႕နယ္ ၂၀ ရပ္ကြက္ အပိုင္း(၆)၌ အသက္ ၁၅ ႏွစ္အ႐ြယ္ကေလးငယ္သည္ မိခင္ျဖစ္သူ အလုပ္သြားေနသျဖင့္ ေနအိမ္တြင္ရွိေနစဥ္ မိခင္ျဖစ္သူ၏ ေနာက္ေယာက်ာ္း ေနလင္းထက္(ခ)ကိုထက္ (၂၁ ႏွစ္)က ဖုန္းျဖင့္ ဂိမ္းေဆာ့ေစခဲ့ၿပီး ေနာက္မွသိိုင္းဖက္ကာ အဓမၼျပဳက်င့္ခဲ့သည္။

အဆိုပါကိစၥကို ကေလးငယ္က အိမ္နီးခ်င္း အမ်ိဳးသမီးတစ္ဦးအား ေျပာဆိုအကူအညီေတာင္းကာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမွတစ္ဆင့္ သက္ဆိုင္ရာသို႔ တိုင္ၾကားခဲ့သည္။

သက္ဆိုင္ရာက အဓမၼျပဳက်င့္သူ ေနလင္းထက္(ခ)ကိုထက္ ကို ဖမ္းဆီးခဲ့ၿပီး ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၇၆ အရ အမႈဖြင့္ အေရးယူထား ေၾကာင္း ကနဦးသိရသည္။

Loading...

လှိုင်သာယာမြို့နယ်တွင် ပထွေးဖြစ်သူက အသက် ၁၅ နှစ်အရွယ်သမီးငယ်ကို အဓမ္မပြုကျင့်မှုအား သက်ဆိုင်ရာက နိုဝင်ဘာ ၂၅ ရက်တွင် ဖမ်းဆီးအရေးယူထားသည်။

ဖြစ်စဉ်မှာ နံနက် ၁၁ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် အပိုင်း(၆)၌ အသက် ၁၅ နှစ်အရွယ်ကလေးငယ်သည် မိခင်ဖြစ်သူ အလုပ်သွားနေသဖြင့် နေအိမ်တွင်ရှိနေစဉ် မိခင်ဖြစ်သူ၏ နောက်ယောကျာ်း နေလင်းထက်(ခ)ကိုထက် (၂၁ နှစ်)က ဖုန်းဖြင့် ဂိမ်းဆော့စေခဲ့ပြီး နောက်မှသိုင်းဖက်ကာ အဓမ္မပြုကျင့်ခဲ့သည်။

အဆိုပါကိစ္စကို ကလေးငယ်က အိမ်နီးချင်း အမျိုးသမီးတစ်ဦးအား ပြောဆိုအကူအညီတောင်းကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

သက်ဆိုင်ရာက အဓမ္မပြုကျင့်သူ နေလင်းထက်(ခ)ကိုထက် ကို ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူထား ကြောင်း ကနဦးသိရသည်။

Related Articles

Close