Celebrity

“မျက်လုံးက မသက်သာသဖြင့် ထပ်မံခြစ်လိုက်ရတဲ့ မိုးယုစံ”




Loading...

တစ်သားမွေးပြီး တစ်သွေးလှနေတဲ့ မေမေမိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ဘဲ မိသားစုကိုအပြည့်အဝအချိန်ပေးဖို့ ကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။သူဟာ မကြာသေးမီကမှ မျက်လုံးမှာပြဿနာဖြစ်နေတာဖြစ်ပြီး မျက်စိစွံသလိုဖြစ်ကာ အဖုပေါက်လာတာဖြစ်ပါတယ်။ အဲ့ဒီအဖုကနေ ပြည်ပေါက်ထွက်ခဲ့ပေမယ့် အဖုလေးကကျန်နေသေးတာမို့ ခြစ်ထုတ်လိုက်ရတယ်လို့ဆိုပါတယ်။

မိုးယုစံကတော့ မျက်လုံးမှာခြစ်ထုတ်ရမှာကို ကြောက်နေခဲ့တာဖြစ်ပြီး “ကြောက်ပါတယ်ဆိုမှ ဖြစ်လာတော့လည်းလုပ်ရတာပဲ” ဆိုပြီး သူ့မျက်လုံးရဲ့ခြစ်ထုတ်ပြီးတဲ့ ပုံရိပ်လေးနဲ့အတူ ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ်။လက်ရှိမှာတော့ မသက်သာသေးသဖြင့် ထပ်မံခြစ်လိုက်ရတဲ့အကြောင်းကို “သတ္တိခဲလေးဆိုတော့ နောက်တခါထပ်လုပ်ရတာပေါ့” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မျက်လုံးရဲ့ခြစ်ထုတ်ပြီးတဲ့ ပုံရိပ်လေးကို ဖော်ပြထားပါတယ်။ပရိသတ်တွေကတော့ သူတို့ရဲ့အနုပညာရှင်အတွက် စိုးရိမ်နေကြတာဖြစ်ပြီး မြန်မြန်သက်သာလာစေဖို့ ဆုတောင်းပေးခဲ့ကြတာဖြစ်ပါတယ်။မိုးယုစံကတော့ တစ်သားမွေးပြီး တစ်သွေးလှနေကာ အိမ်ထောင်ကျတဲ့နောက်ပိုင်းမှာ အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ဘဲ မိသားစုကိုအပြည့်အဝအချိန်ပေးဖို့ ကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

မိုးယုကတော့ အများကြားမှာ ထင်ရှားတဲ့အလှကိုပိုင်ဆိုင်ထားပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာကတည်းက ပရိသတ်ရဲ့အားပေးမှုကို တခဲနက်လက်ခံရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း အနုပညာခြေလှမ်းကျဲနေပေမယ့် အမာခံပရိသတ်တို့ရဲ့အားပေးမှုကို ယနေ့တိုင်ရရှိနေဆဲ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် မင်းသမီးချောလေး မိုးယုစံရဲ့ မျက်လုံးလေး အမြန်ဆုံးသက်သာလာအောင် ဆုတောင်ပေးခဲ့ဦးနော်။

cele gabar

Related Articles

Close