Crime

ေက်ာင္းသားေဟာင္းအေရာင္ေဆာင္ကာ အသက္ ၇၀ ေက်ာ္ဆရာမႀကီးရ့ဲ ကေတာ့ခံပစၥည္းအိတ္န့ဲဖုန္းပါပိုက္ဆံအိတ္တို့အားခိုးယူသြား

ေက်ာင္းသားေဟာင္းအေရာင္ေဆာင္ကာ အသက္ ၇၀ ေက်ာ္ဆရာမႀကီးရ့ဲ ကေတာ့ခံပစၥည္းအိတ္န့ဲဖုန္းပါပိုက္ဆံအိတ္တို့အားခိုးယူသြား

စုေပါင္းသဒၵါတရားကိုဖ်က္ဆီးလိုက္ျခင္း

ယေန႔က်င္းပျပဳလုပ္ေသာမွတ္၁၂ အထက၏အာစရိယပူေဇာ္ပြဲမွာျဖစ္သြားခဲ့တဲ့အျဖစ္အပ်က္ကေလးပါ၊

ေနာင္အလားတူမ်ိဳးမျဖစ္ေအာင္တားျမစ္ႏိုင္ဖို႔တင္ျပျခင္းပါဆရာမ်ားကိုကန္ေတာ့သည့္အခါဘယ္သူေက်ာင္းသားေဟာင္းဟုတ္မဟုတ္ မသိႏိုင္ပါ

Loading...

အကေတာ့ခံဆရာမ်ားကိုလိုက္ပို႔သည့္သူမ်ားလည္းပါႏိုင္တယ္မဟုတ္လား ေက်ာင္းသားမ်ားသည္ဆရာမ်ားကိုေဖးမကူညီတြဲ၍လိုက္ပို႔ၾကသည့္ျမင္ကြင္းမ်ားမွာပီတိျဖစ္စရာပါ၊

ဒီလိုျပဳလုပ္ခဲ့သည္မွာကြၽန္ေတာ္တို႔၁၇ ႀကိမ္တိုင္ခဲ့ပါၿပီ၊ဘာျပႆနာမွမရွိခဲ့ ဒါေပမဲ့ ဒီေန႔မွာဆရာမႀကီးမ်ားဆရာႀကီးမ်ားက်မၼာေရးခ်ိဳ႕တဲ့သူမ်ားကိုတပည့္မ်ားမွေဖးမကူညီေနစဥ္

ဆရာမႀကီးတစ္ဦးကိုေဖးမတြဲကူေနသူအမ်ိဳးသမီးတစ္ဦးမွဆရာမႀကီးကိုကန္ေတာ့ပစြည္းမ်ားကိုကူညီကိုင္ေပးေနၿပီးထမင္းသုံးေဆာင္သည့္ေနရာကိုပို႔ေပးၿပီးေနရာခ်ထားေပးပါတယ္

အဲ့ေနာက္ကန္ေတာ့ပစၥည္းအိတ္နဲ႔ဆရာမႀကီးဖုန္းထည့္ထားေသာပိုက္ဆံအိတ္တို႔ကိုကိုင္ေပးထားသလိုနဲ႔ ေက်ာင္းျပင္ကိုထြက္သြားတယ္ဆရာမႀကီးကလည္းျပန္လာႏိုးေစာင့္ေနတယ္

ဒါေပမဲ့ထိုအမ်ိဳးသမီးျပန္မလာေတာ့ပါအဲဒီမွေက်ာင္းသား/သူတိုနဲ႔ေရာၿပီးအလစ္သုတ္သြားမွန္းသိရေသာဆရာမႀကီးငိုပါေလေတာ့သည္အသက္ ၇၀ ေက်ာ္ဆရာမႀကီးကိုလုပ္ရက္တယ္

အထက ၁၂ ေက်ာင္းသား/သူမ်ားမွဆရာမႀကီးကိုစိတ္ခ်မ္းသာေစရန္ဝိုင္းဝန္း၍ စုေပါင္းလႉၾကၿပီးအလႉတစ္ခုထပ္ျပဳၾကရပါေၾကာင္းဆရာကန္ေတာ့ပြဲလုပ္လ်င္အလစ္သုတ္မ်ားကိုသတိထားႏိုင္ပါရန္ ဤအျဖစ္မွန္တင္ျပအပ္ပါတယ္

crd Kyaw Kyaw Ohn

ကျောင်းသားဟောင်းအရောင်ဆောင်ကာ အသက် ၇၀ ကျော်ဆရာမကြီးရဲ့ ကတော့ခံပစ္စည်းအိတ်နဲ့ဖုန်းပါပိုက်ဆံအိတ်တို့အားခိုးယူသွား

စုပေါင်းသဒ္ဒါတရားကိုဖျက်ဆီးလိုက်ခြင်း

ယနေ့ကျင်းပပြုလုပ်သောမှတ်၁၂ အထက၏အာစရိယပူဇော်ပွဲမှာဖြစ်သွားခဲ့တဲ့အဖြစ်အပျက်ကလေးပါ၊

နောင်အလားတူမျိုးမဖြစ်အောင်တားမြစ်နိုင်ဖို့တင်ပြခြင်းပါဆရာများကိုကန်တော့သည့်အခါဘယ်သူကျောင်းသားဟောင်းဟုတ်မဟုတ် မသိနိုင်ပါ

အကတော့ခံဆရာများကိုလိုက်ပို့သည့်သူများလည်းပါနိုင်တယ်မဟုတ်လား ကျောင်းသားများသည်ဆရာများကိုဖေးမကူညီတွဲ၍လိုက်ပို့ကြသည့်မြင်ကွင်းများမှာပီတိဖြစ်စရာပါ၊

ဒီလိုပြုလုပ်ခဲ့သည်မှာကျွန်တော်တို့၁၇ ကြိမ်တိုင်ခဲ့ပါပြီ၊ဘာပြဿနာမှမရှိခဲ့ ဒါပေမဲ့ ဒီနေ့မှာဆရာမကြီးများဆရာကြီးများကျမ္မာရေးချို့တဲ့သူများကိုတပည့်များမှဖေးမကူညီနေစဉ်

ဆရာမကြီးတစ်ဦးကိုဖေးမတွဲကူနေသူအမျိုးသမီးတစ်ဦးမှဆရာမကြီးကိုကန်တော့ပစွည်းများကိုကူညီကိုင်ပေးနေပြီးထမင်းသုံးဆောင်သည့်နေရာကိုပို့ပေးပြီးနေရာချထားပေးပါတယ်

အဲ့နောက်ကန်တော့ပစ္စည်းအိတ်နဲ့ဆရာမကြီးဖုန်းထည့်ထားသောပိုက်ဆံအိတ်တို့ကိုကိုင်ပေးထားသလိုနဲ့ ကျောင်းပြင်ကိုထွက်သွားတယ်ဆရာမကြီးကလည်းပြန်လာနိုးစောင့်နေတယ်

ဒါပေမဲ့ထိုအမျိုးသမီးပြန်မလာတော့ပါအဲဒီမှကျောင်းသား/သူတိုနဲ့ရောပြီးအလစ်သုတ်သွားမှန်းသိရသောဆရာမကြီးငိုပါလေတော့သည်အသက် ၇၀ ကျော်ဆရာမကြီးကိုလုပ်ရက်တယ်

အထက ၁၂ ကျောင်းသား/သူများမှဆရာမကြီးကိုစိတ်ချမ်းသာစေရန်ဝိုင်းဝန်း၍ စုပေါင်းလှူကြပြီးအလှူတစ်ခုထပ်ပြုကြရပါကြောင်းဆရာကန်တော့ပွဲလုပ်လျင်အလစ်သုတ်များကိုသတိထားနိုင်ပါရန် ဤအဖြစ်မှန်တင်ပြအပ်ပါတယ်

crd Kyaw Kyaw Ohn

Related Articles

Close