Celebrity

မုန႔္ဟင္းခါးဆိုင္ေလး အေျခအေနကို ေျပာလာတဲ့ ရဲေလးမ

ပရိသတ္ေတြရဲ႕ ေစတနာေတြေၾကာင့္ ေရာင္းရပါတယ္။

ရဲေလးမ ကေတာ့ ပရိသတ္ေတြရဲ႕ ေစတနာေမတၱာေတြေၾကာင့္ မုန႔္ဟင္းခါးေရာင္းေနရတဲ့ ဘဝေလးကလည္း အဆင္ေျပလွတယ္လို႔ ဆိုပါတယ္။ အေနေဝးတဲ့ ပရိသတ္ေတြကလည္း ခ်စ္ခင္မႈနဲ႔ လာအားေပးၾကတာ ဝမ္းသာတယ္လို႔ေျပာပါတယ္။

ရဲေလးမကေတာ့ သူ႔ရဲ႕ မုန႔္ဟင္းခါးဆိုင္ေလးအေၾကာင္း ေျပာျပလာပါတယ္။ ဇာတ္ကား႐ိုက္တာေတြ နည္းတဲ့အခ်ိန္မွာ မုန႔္ဟင္းခါးဆိုင္ေလးေၾကာင့္ မိသားစု အဆင္ေျပတယ္လို႔ Duwun Media ကေန ေျပာျပလာပါတယ္။

“မုန႔္ဟင္းခါးဆိုင္ေလးကေတာ့ အခုဆိုရင္ ေရာင္းေကာင္းတယ္ေပါ့ေနာ္။ အရင္တုန္းက ထက္လည္း ပိုအဆင္ေျပလာတယ္။ ေအာ္ဒါေလးေတြလည္း လက္ခံျဖစ္တယ္။ မုန႔္ဟင္းခါးေရာင္းတဲ့အေပၚမွာလည္း ကိုယ့္တာဝန္ကိုယ္ေက်ေအာင္လုပ္တယ္။ ေကာင္းသည္ထက္ေကာင္းေအာင္ ထပ္ထည့္တာေလးေတြရွိတယ္။ တစ္ခါတေလမွာ စီစဥ္ရင္းနဲ႔ လြဲေခ်ာ္သြားတာေလးေတြလည္းရွိတတ္တာကိုး။ အဲဒီအတြက္ နားလည္ေပးပါ။ ပရိသတ္ကို ရဲေလးမ ဘယ္ေတာ့မွ မေစာ္ကားပါဘူး” လို႔ သူကဆိုပါတယ္။

Loading...

အခုဆိုရင္ေတာ့ ရဲေလးမရဲ႕ မုန႔္ဟင္းခါးကို စားဖူးတဲ့ ပရိသတ္ေတြက စားလို႔ေကာင္းတယ္လို႔ သတင္းေတြ ျပန္ၾကားရတယ္လို႔ဆိုပါတယ္။ အႏုပညာေမာင္ႏွမေတြကလည္း ပြဲေတြ၊ အလႉေတြ လုပ္ရင္ ေအာ္ဒါမွာၾကတယ္လို႔ ရဲေလးမက ေျပာပါတယ္။

” ရဲေလးမရဲ႕ မုန႔္ဟင္းခါး ေရာင္းရျခင္းသည္လည္း ပရိသတ္ေမတၱာေၾကာင့္ ေရာင္းရတာ။ ပရိသတ္က ကိုယ့္ကို ခ်စ္ခင္လို႔သာ အေဝးကေန ေရာက္ေအာင္လာတယ္။ အားေပးတယ္။ အဲဒီအတြက္ကိုလည္း ေက်းဇူးတင္ပါတယ္။ သူတို႔ေစတနာကို တုံ႔ျပန္တဲ့အေနနဲ႔ ေကာင္းသည္ထက္ေကာင္းေအာင္ ႀကိဳးစားေနပါတယ္” ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၂၃ ရက္ေန႔က “ဆႏၵထုတ္ေဖာ္မယ္”႐ုပ္ရွင္ကားႀကီး အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

ရဲေလးမကိုေတာ့ ေဒၚထားအဖြဲ႕က ဇာတ္ပို႔ဇာတ္ရံတစ္ဦးအျဖစ္ ပရိသတ္ေတြ သတိထားမိမွာပါ။ ခ်စ္စရာေကာင္းတဲ့ အေျခာက္ဇာတ္႐ုပ္ေတြ ပီျပင္လြန္းတာ ေၾကာင့္လည္း ပရိသတ္အခ်စ္ကို ရရွိပိုင္ဆိုင္ေနတာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ႐ိုက္ကူးေနရတာလည္း ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူ႔ရဲ႕ စီးပြားေရးတစ္ခုအေနနဲ႔ မုန႔္ဟင္းခါးေရာင္းေနတယ္လို႔ သိရပါတယ္။ သူ႔ရဲ႕ အႏုပညာသက္တမ္းကလည္း အခုဆိုရင္ ၁၀ စုႏွစ္တစ္ခုကို ေရာက္ရွိလို႔ေနပါၿပီ။

ပရိသတ်တွေရဲ့ စေတနာတွေကြောင့် ရောင်းရပါတယ်။

ရဲလေးမ ကတော့ ပရိသတ်တွေရဲ့ စေတနာမေတ္တာတွေကြောင့် မုန့်ဟင်းခါးရောင်းနေရတဲ့ ဘဝလေးကလည်း အဆင်ပြေလှတယ်လို့ ဆိုပါတယ်။ အနေဝေးတဲ့ ပရိသတ်တွေကလည်း ချစ်ခင်မှုနဲ့ လာအားပေးကြတာ ဝမ်းသာတယ်လို့ပြောပါတယ်။

ရဲလေးမကတော့ သူ့ရဲ့ မုန့်ဟင်းခါးဆိုင်လေးအကြောင်း ပြောပြလာပါတယ်။ ဇာတ်ကားရိုက်တာတွေ နည်းတဲ့အချိန်မှာ မုန့်ဟင်းခါးဆိုင်လေးကြောင့် မိသားစု အဆင်ပြေတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။

“မုန့်ဟင်းခါးဆိုင်လေးကတော့ အခုဆိုရင် ရောင်းကောင်းတယ်ပေါ့နော်။ အရင်တုန်းက ထက်လည်း ပိုအဆင်ပြေလာတယ်။ အော်ဒါလေးတွေလည်း လက်ခံဖြစ်တယ်။ မုန့်ဟင်းခါးရောင်းတဲ့အပေါ်မှာလည်း ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်တယ်။ ကောင်းသည်ထက်ကောင်းအောင် ထပ်ထည့်တာလေးတွေရှိတယ်။ တစ်ခါတလေမှာ စီစဉ်ရင်းနဲ့ လွဲချော်သွားတာလေးတွေလည်းရှိတတ်တာကိုး။ အဲဒီအတွက် နားလည်ပေးပါ။ ပရိသတ်ကို ရဲလေးမ ဘယ်တော့မှ မစော်ကားပါဘူး” လို့ သူကဆိုပါတယ်။

အခုဆိုရင်တော့ ရဲလေးမရဲ့ မုန့်ဟင်းခါးကို စားဖူးတဲ့ ပရိသတ်တွေက စားလို့ကောင်းတယ်လို့ သတင်းတွေ ပြန်ကြားရတယ်လို့ဆိုပါတယ်။ အနုပညာမောင်နှမတွေကလည်း ပွဲတွေ၊ အလှူတွေ လုပ်ရင် အော်ဒါမှာကြတယ်လို့ ရဲလေးမက ပြောပါတယ်။

” ရဲလေးမရဲ့ မုန့်ဟင်းခါး ရောင်းရခြင်းသည်လည်း ပရိသတ်မေတ္တာကြောင့် ရောင်းရတာ။ ပရိသတ်က ကိုယ့်ကို ချစ်ခင်လို့သာ အဝေးကနေ ရောက်အောင်လာတယ်။ အားပေးတယ်။ အဲဒီအတွက်ကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့စေတနာကို တုံ့ပြန်တဲ့အနေနဲ့ ကောင်းသည်ထက်ကောင်းအောင် ကြိုးစားနေပါတယ်” ဆိုပြီးတော့ နိုဝင်ဘာလ ၂၃ ရက်နေ့က “ဆန္ဒထုတ်ဖော်မယ်”ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ရဲလေးမကိုတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ စီးပွားရေးတစ်ခုအနေနဲ့ မုန့်ဟင်းခါးရောင်းနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင် ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။

Related Articles

Close