Crime

အေႂကြးမ်ားသည့္အမ်ိဳးသမီးက တစ္ရြာတည္းေန ၉ ႏွစ္သမီးကို နားေထာင္းခၽြတ္မေပးသျဖင့္ ရိုက္သတ္

တစ္ရြာတည္းေန ၉ ႏွစ္သမီးကို နားေတာင္းခၽြတ္မေပးသည့္အတြက္ေၾကာင့္ ဆိုင္ကယ္ေရွာ့ဘားျဖင့္ ရိုက္သတ္လိုက္သည့္ လူသတ္မွုျဖစ္စဥ္တစ္ခု ေရႊက်င္ၿမိဳ့တြင္ ျဖစ္ပြားေၾကာင္း သတင္းရရွိသည္။

ပဲခူးတိုင္းေဒသႀကီး၊ ေရႊက်င္ၿမိဳ့နယ္၊ ပဒဲေကာေက်းရြာအုပ္စု၊ ငဖယ္အင္းေက်းရြာတြင္ ၉ ႏွစ္အရြယ္ ေနာ္ေအးသန္းမွာ ေအာက္တိုဘာလ ၂၃ ရက္၊ ညပိုင္း၌ တစ္ရြာတည္းေန မပန္းအိျဖဴ၏ေနအိမ္ေနာက္ေဖးတြင္ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသျဖင့္ တာ၀န္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ၾကသည္။

ျပစ္မွုက်ဴးလြန္သူမွာ အခင္းျဖစ္ေနအိမ္ပိုင္ရွင္ မပန္းအိျဖဴ(၂၈)ႏွစ္ဆိုသူပင္ ျဖစ္ၿပီး ေသဆုံးသူမေနာ္ေအးသန္း (၉)ႏွစ္၏ နားေတာင္းကို ေတာင္းခဲ့စဥ္တြင္ မေပးသည့္အတြက္ေၾကာင့္ ဆိုင္ကယ္ေရွာ့ဘားျဖင့္ ရိုတ္သတ္လိုက္ျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိရသည္ဟု နယ္ေျမရဲတပ္ဖြဲ႕ထံမွ သိရသည္။

“ေသဆုံးသူမေနာ္ေအးသန္းကို ၃ ႏွစ္အရြယ္ သူ႔ေမာင္ေလးနဲ႔အတူ ညေစာင္းအခ်ိန္ေလာက္မွာ ေစ်း၀ယ္ဖို့ အဘြားျဖစ္သူက ေစလႊတ္လိုက္တာေပါ့။ အဲဒီလိုေစ်း၀ယ္သြားရင္း မပန္းအိျဖဴကလည္း လမ္းၾကဳံပစၥည္းမွာလိုက္တယ္။ေစ်းကျပန္အလာမွာ မပန္းအိျဖဴမွာတဲ့ ပစၥည္းကိုကေလးမေလးကသြားေပးတဲ့အခါမွာ ကေလးရဲ့နားေတာင္း ေတာင္းခဲ့တာကို မေပးတဲ့အတြက္ အခုလိုလုပ္လိုက္တာလို့ သိရတယ္” ဟု အမွုစစ္ရဲအရာရွိက ေျပာသည္။

Loading...

ျပစ္မွုက်ဴးလြန္သူ မပန္းအိျဖဴ(၂၈)ႏွစ္မွာ အိမ္ေထာင္သည္တစ္ဦးျဖစ္ၿပီး ေငြေၾကးလိုအပ္ခ်က္အရ ယခုလိုျပစ္မွုက်ဴးလြန္ျခင္းျဖစ္ေၾကာင္း ကနဦးစစ္ေဆးခ်က္အရ သိရသည္။“မပန္းအိျဖဴက အိမ္ေထာင္သည္ပါ။ အေႂကြးဝိုင္းေနသူလို့ သိရတယ္။

အဲဒါေၾကာင့္ နားေတာင္းကိုေတာင္းခဲ့တာကို မေပးတဲ့အတြက္ အိမ္ေပၚကိုဆြဲေခၚသြားတယ္။ အဲဒီအခ်ိန္မွာ ေသဆုံးသူမေနာ္ေအးသန္းရဲ့ ေမာင္ျဖစ္သူကငိုၿပီးေတာ့ တစ္ေယာက္တည္းျပန္သြားတဲ့အခ်ိန္မွာ လုပ္လိုက္တာေပါ့။

အဲဒါေၾကာင့္ အဘြားျဖစ္သူက သူ႔ေျမးေလးကိုလာရွာတဲ့အခ်ိန္မွာ အခုလိုျဖစ္စဥ္ျဖစ္ၿပီးသြားၿပီ” ဟု ေဘာကထာ နယ္ေျမစခန္းမွူးက အကုန္သိသတင္းဌာနသို့ ေျပာသည္။ယင္းအတြက္ေၾကာင့္ မပန္းအိျဖဴ(၂၈)ႏွစ္ကို လူသတ္မွုျဖင့္ ေဘာကထာနယ္ေျမရဲစခန္း၌ အမွုဖြင့္ အေရးယူစစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

တစ်ရွာတည်းနေ ၉ နှစ်သမီးကို နားတောင်းချွတ်မပေးသည့်အတွက်ကြောင့် ဆိုင်ကယ်ရှော့ဘားဖြင့် ရိုက်သတ်လိုက်သည့် လူသတ်မှုဖြစ်စဉ်တစ်ခု ရွှေကျင်မြို့တွင် ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာအုပ်စု၊ ငဖယ်အင်းကျေးရွာတွင် ၉ နှစ်အရွယ် နော်အေးသန်းမှာ အောက်တိုဘာလ ၂၃ ရက်၊ ညပိုင်း၌ တစ်ရွာတည်းနေ မပန်းအိဖြူ၏နေအိမ်နောက်ဖေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။

ပြစ်မှုကျူးလွန်သူမှာ အခင်းဖြစ်နေအိမ်ပိုင်ရှင် မပန်းအိဖြူ(၂၈)နှစ်ဆိုသူပင် ဖြစ်ပြီး သေဆုံးသူမနော်အေးသန်း (၉)နှစ်၏ နားတောင်းကို တောင်းခဲ့စဉ်တွင် မပေးသည့်အတွက်ကြောင့် ဆိုင်ကယ်ရှော့ဘားဖြင့် ရိုတ်သတ်လိုက်ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု နယ်မြေရဲတပ်ဖွဲ့ထံမှ သိရသည်။

“သေဆုံးသူမနော်အေးသန်းကို ၃ နှစ်အရွယ် သူ့မောင်လေးနဲ့အတူ ညစောင်းအချိန်လောက်မှာ ဈေးဝယ်ဖို့ အဘွားဖြစ်သူက စေလွှတ်လိုက်တာပေါ့။ အဲဒီလိုဈေးဝယ်သွားရင်း မပန်းအိဖြူကလည်း လမ်းကြုံပစ္စည်းမှာလိုက်တယ်။ဈေးကပြန်အလာမှာ မပန်းအိဖြူမှာတဲ့ ပစ္စည်းကိုကလေးမလေးကသွားပေးတဲ့အခါမှာ ကလေးရဲ့နားတောင်း တောင်းခဲ့တာကို မပေးတဲ့အတွက် အခုလိုလုပ်လိုက်တာလို့ သိရတယ်” ဟု အမှုစစ်ရဲအရာရှိက ပြောသည်။

ပြစ်မှုကျူးလွန်သူ မပန်းအိဖြူ(၂၈)နှစ်မှာ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ငွေကြေးလိုအပ်ချက်အရ ယခုလိုပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။“မပန်းအိဖြူက အိမ်ထောင်သည်ပါ။ အကြွေးဝိုင်းနေသူလို့ သိရတယ်။

အဲဒါကြောင့် နားတောင်းကိုတောင်းခဲ့တာကို မပေးတဲ့အတွက် အိမ်ပေါ်ကိုဆွဲခေါ်သွားတယ်။ အဲဒီအချိန်မှာ သေဆုံးသူမနော်အေးသန်းရဲ့ မောင်ဖြစ်သူကငိုပြီးတော့ တစ်ယောက်တည်းပြန်သွားတဲ့အချိန်မှာ လုပ်လိုက်တာပေါ့။

အဲဒါကြောင့် အဘွားဖြစ်သူက သူ့မြေးလေးကိုလာရှာတဲ့အချိန်မှာ အခုလိုဖြစ်စဉ်ဖြစ်ပြီးသွားပြီ” ဟု ဘောကထာ နယ်မြေစခန်းမှူးက အကုန်သိသတင်းဌာနသို့ ပြောသည်။ယင်းအတွက်ကြောင့် မပန်းအိဖြူ(၂၈)နှစ်ကို လူသတ်မှုဖြင့် ဘောကထာနယ်မြေရဲစခန်း၌ အမှုဖွင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Related Articles

Close