Crime

ေဒၚဥမၼာလႈိင္က၎၏သား ၂ ဦးကို သက္ေသအျဖစ္မွ ပယ္ဖ်က္ေပးရန္တင္ျပေသာ္လည္းဥပေဒအရာရွိ ခြင့္မျပဳ

ေဒၚဥမၼာလႈိင္က၎၏သား ၂ ဦးကို သက္ေသအျဖစ္မွ ပယ္ဖ်က္ေပးရန္တင္ျပေသာ္လည္းဥပေဒအရာရွိ ခြင့္မျပဳ

ေနျပည္ေတာ္ Wisdom Hill ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္က ေအာင္ႀကီး၏ေရွ႕ေန ေဒၚစုဒါလီေအာင္ကို တရားစြဲဆိုထားသည့္အမႈတြင္ ၎၏သား ၂ ဦးကို သက္ေသအျဖစ္မွ ပယ္ဖ်က္ေပးရန္ တင္ျပခဲ့ေသာ္လည္း ဥပေဒအရာရွိက ခြင့္မျပဳခဲ့ေၾကာင္း သိရသည္။

“ဥပေဒအရာရွိကေျပာတယ္။ ေဒၚဥမၼာလႈိင္ကတဲ့ ေကာင္ေလး ၂ ေယာက္ကို သက္ေသကိုပယ္ေပးဖို႔ သူ႔ကိုတင္ထားတယ္။ ဒါေပမဲ့သူက ခြင့္မျပဳဘူးလို႔ေျပာတယ္။ အဲ့တာကို ႐ုံးကလည္း တရားဝင္မွတ္တမ္းတင္ပါတယ္”ဟု ေဒၚစုဒါလီေအာင္က သတင္းေထာက္မ်ားကို ေျပာသည္။

အဆိုပါအမႈ၏ ၅ ႀကိမ္ေျမာက္႐ုံးခ်ိန္းကို ယေန႔(ဒီဇင္ဘာ ၂ရက္)က ေနျပည္ေတာ္၊ ပုဗၸသီရိၿမိဳ႕နယ္တရား႐ုံးတြင္ျပဳလုပ္ခဲ့ၿပီး ေဒၚဥမၼာလႈိင္၏သား ၂ ဦးကို စစ္ေဆးရမည္ျဖစ္ေသာ္လည္း ၎တို႔ ၂ ဦးမွာ လာေရာက္ျခင္းမရွိေပ။

Loading...

ေဒၚစုဒါလီေအာင္က”၄၉၃နဲ႔လိုက္တဲ့ တရားလိုရဲ႕ေရွ႕ေနကေနၿပီးေတာ့ သက္ေသ ၂ ေယာက္က စာေမးပြဲရွိေနလို႔ ဒီတပတ္မလာႏိုင္ဘူး။ လာမယ့္ ဒီဇင္ဘာ ၆ ရက္နဲ႔ ၁၂ ရက္ၾကားကို ႐ုံးျပန္ခ်ိန္းေပးဖို႔ေျပာတယ္”ဟု သတင္းေထာက္မ်ားကို ေျပာသည္။

ထို႔ေၾကာင့္ လာမည့္ ၆ ႀကိမ္ေျမာက္႐ုံးခ်ိန္းကို ဒီဇင္ဘာ ၁၆ ရက္ေန႔သို႔ခ်ိန္းဆိုထားၿပီး ထိုေန႔တြင္ အမႈစစ္ရဲအရာရွိႏွင့္ ေဒၚဥမၼာ၏သား ၂ဦးကိုစစ္ေဆးရန္ ႏွစ္ဖက္သေဘာတူညီမႈရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၎တို႔ ၂ဦးမွာ ကေလးသူငယ္မ်ားျဖစ္သည့္အတြက္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒပုဒ္မ ၉၆ ႏွင့္ နည္းဥပေဒမ်ားအရ အမ်ားျပည္သူ မျမင္ႏိုင္ မၾကားႏိုင္ေအာင္ ကေလးသူငယ္႐ုံးခန္းတြင္ သီးျခားစစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔သို႔စစ္ေဆးရာတြင္ ကာယကံရွင္၊ အမႈသည္မ်ား၊ ႏွစ္ဖက္ေရွ႕ေနမ်ား၊ သက္ေသတို႔ပါဝင္မည္ျဖစ္ေၾကာင္း ေအာင္ႀကီး၏ေရွ႕ေန ဦးခင္ေမာင္ေဇာ္ကေျပာသည္။

News Watch

ဒေါ်ဥမ္မာလှိုင်က၎င်း၏သား ၂ ဦးကို သက်သေအဖြစ်မှ ပယ်ဖျက်ပေးရန်တင်ပြသော်လည်းဥပဒေအရာရှိ ခွင့်မပြု

နေပြည်တော် Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က အောင်ကြီး၏ရှေ့နေ ဒေါ်စုဒါလီအောင်ကို တရားစွဲဆိုထားသည့်အမှုတွင် ၎င်း၏သား ၂ ဦးကို သက်သေအဖြစ်မှ ပယ်ဖျက်ပေးရန် တင်ပြခဲ့သော်လည်း ဥပဒေအရာရှိက ခွင့်မပြုခဲ့ကြောင်း သိရသည်။

“ဥပဒေအရာရှိကပြောတယ်။ ဒေါ်ဥမ္မာလှိုင်ကတဲ့ ကောင်လေး ၂ ယောက်ကို သက်သေကိုပယ်ပေးဖို့ သူ့ကိုတင်ထားတယ်။ ဒါပေမဲ့သူက ခွင့်မပြုဘူးလို့ပြောတယ်။ အဲ့တာကို ရုံးကလည်း တရားဝင်မှတ်တမ်းတင်ပါတယ်”ဟု ဒေါ်စုဒါလီအောင်က သတင်းထောက်များကို ပြောသည်။

အဆိုပါအမှု၏ ၅ ကြိမ်မြောက်ရုံးချိန်းကို ယနေ့(ဒီဇင်ဘာ ၂ရက်)က နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ်တရားရုံးတွင်ပြုလုပ်ခဲ့ပြီး ဒေါ်ဥမ္မာလှိုင်၏သား ၂ ဦးကို စစ်ဆေးရမည်ဖြစ်သော်လည်း ၎င်းတို့ ၂ ဦးမှာ လာရောက်ခြင်းမရှိပေ။

ဒေါ်စုဒါလီအောင်က”၄၉၃နဲ့လိုက်တဲ့ တရားလိုရဲ့ရှေ့နေကနေပြီးတော့ သက်သေ ၂ ယောက်က စာမေးပွဲရှိနေလို့ ဒီတပတ်မလာနိုင်ဘူး။ လာမယ့် ဒီဇင်ဘာ ၆ ရက်နဲ့ ၁၂ ရက်ကြားကို ရုံးပြန်ချိန်းပေးဖို့ပြောတယ်”ဟု သတင်းထောက်များကို ပြောသည်။

ထို့ကြောင့် လာမည့် ၆ ကြိမ်မြောက်ရုံးချိန်းကို ဒီဇင်ဘာ ၁၆ ရက်နေ့သို့ချိန်းဆိုထားပြီး ထိုနေ့တွင် အမှုစစ်ရဲအရာရှိနှင့် ဒေါ်ဥမ္မာ၏သား ၂ဦးကိုစစ်ဆေးရန် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့ ၂ဦးမှာ ကလေးသူငယ်များဖြစ်သည့်အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၉၆ နှင့် နည်းဥပဒေများအရ အများပြည်သူ မမြင်နိုင် မကြားနိုင်အောင် ကလေးသူငယ်ရုံးခန်းတွင် သီးခြားစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့စစ်ဆေးရာတွင် ကာယကံရှင်၊ အမှုသည်များ၊ နှစ်ဖက်ရှေ့နေများ၊ သက်သေတို့ပါဝင်မည်ဖြစ်ကြောင်း အောင်ကြီး၏ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်

News Watch

Related Articles

Close