Celebrity

အလှတရားတို့ မြစ်ဖျားခံရာ မေမေ မေသူရဲ့ ငယ်စဉ်ဘဝက ရှားပါးပုံရိပ်လေးများ




Loading...


Unicode Version

မင်းသားလွင်မိုးနဲ့ ဇနီးမေသူတို့ရဲ့သမီးနှစ်ယောက်ထဲက သမီးကြီးဖြစ်သူယွန်းဝတီလွင်မိုးကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါနော်..။ သူမရဲ့ လှပတဲ့အလှတရားတွေကြောင့် ပုရိသတွေရဲ့ ဝန်းရံအားပေးခြင်းကို ခံနေရတဲ့သူလို့ ဆိုရမှားမယ်မထင်ပါဘူးနော်..။ သူမလေးက အသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုသွားရလို့ ပရိသတ်တွေ နှမြောတသဖြစ်ခဲ့ရတာပါ..။အခုဆိုရင် သူမလေးကတော့ ချစ်ခင်ပွန်းနဲ့အတူ ချစ်စရာကောင်းတဲ့ သားသားလေး Liam နဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို လျှောက်လှမ်းနေပြီဖြစ်ပါတယ်

သားဖြစ်သူ Liam လေးကလည်း ဖွေးဖွေးသန့်သန့်လေးနဲ့ ချစ်စရာကောင်းလွန်းလို့ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေပါပြီနော်..။ယွန်းဝတီလွင်မိုးတို့ မျိုးရိုးကတော့ မျိုးနဲ့ရိုးနဲ့ ကြည့်ကောင်းပြီးလှတဲ့သူတွေလို့ ဆိုရမှာပါ..အခုခါမှာတော့ အလှတရားတို့ရဲ့ မြစ်ဖျားခံရာ မေမေလည်းဖြစ် ၊]

ဖွားဖွားလည်း ဖြစ်တဲ့မေသူ ရဲ့ရှားရှားပါးပါး ပုံရိပ်တချို့ကို ပြသပေးချင်ပါတယ်နော် ပရိသတ်ကြီးရေ..။ ယွန်းဝတီလွင်မိုးကတော့ မေမေ မေသူရဲ့ လှပခြင်းတွေကို ဆက်ခံထားရတဲ့သူလို့ပြောရမယ်ထင်ပါတယ်နော်..။ မေမေဖြစ်သူရဲ့ ငယ်ငယ်ကပုံလေးတွေနဲ့ ယွန်းဝတီလွင်မိုးလေးရဲ့ ပုံရိပ်လေးတွေနဲ့ ယှဉ်ကြည့်ရင် သိနိုင်မယ်ထင်ပါတယ်..။ သမီးဖြစ်သူက ယခုအချိန်မှာ မော်ဒယ်အနေနဲ့ နာမည်ကြီးနေသလို မေမေဖြစ်သူ မေသူကလည်းတစ်ခေတ်တစ်ခါက သတင်းကြေငြာသူအဖြစ် နာမည်ကြီးခဲ့သူပါပဲနော်

မေမေ မေသူကတော့ ဟိုးငယ်စဉ်ကလေးဘဝတည်းက လှသူဖြစ်သလို အသက်တွေကြီးလာတာတောင် ကျက်သရေရှိရှိလှနေဆဲပါပဲနော်..။ ပုံလေးတွေထဲမှာ ဖွားဖွားမေသူက သိပ်ကို လှပလွန်းနေတာကို တွေ့ရမှာပါ..။ ပုံလေးတွေကို ကြည့်ပြီးရင် သမီးယွန်းဝတီလွင်မိုးလေးက မေမေ့ရဲ့အလှတရားတွေကို ပိုင်ဆိုင်ဆက်ခံထားရတယ်လို့ ပြောရင်မှားမယ်မထင်တော့ပါဘူးနော် ပရိသတ်ကြီးရေ. ပရိသတ်ကြီးရော မေမေ မေသူနဲ့ ယွန်းဝတီလွင်မိုးတို့က သိပ်ကိုတူလွန်းတယ်လို မထင်ဘူးလား..။ ပုံလေးတွေကြည့်ပြီး မှတ်ချက်လေးတွေပေးသွားပါဦးနော်.

Related Articles

Close