Celebrity

အေမရိကန္ ေဒၚလာ ၁.၅ သန္းအကုန္က်ခံၿပီး ရိုက္ကူးထားတဲ့ ျမန္မာရုပ္ရွင္ကား

ျမန္မာ့႐ုပ္ရွင္ေလာ က ဒီဘက္ႏွစ္ပိုင္းမွာ သိသိသာသာ ေျပာင္းလဲလာတယ္ဆိုတာကိုေတာ့ ႐ုပ္ရွင္ခ်စ္ ပရိသတ္ေတြ သိရွိၿပီးျဖစ္ပါတယ္။ အဲ့ဒီလို ေျပာင္းလဲမႈေတြနဲ႔ အတူ ဇာတ္ကားေကာင္းေတြကို ဖန္တီး႐ိုက္ကူး လာခဲ့တာကေတာ့ တကယ့္ကို ေကာင္းမြန္တဲ့ ေျပာင္းလဲမႈတစ္ခုပါပဲ။ အခုဆိုရင္ ေငြေၾကးသုံးစြဲမႈပိုင္းေတြ အရင္ကထက္ပိုမို သုံးစြဲလာသလို CGI ေတြကိုပါ အသုံးျပဳၿပီး႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ကားႀကီးေတြလည္း အခု႐ုံေပၚကို ေရာက္ရွိေနပါတယ္။ အခုက်ေနာ္တို႔ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြကို တင္ဆက္ေပးခ်င္တဲ့ သတင္းေလးတစ္ခုရွိပါတယ္။ အဲ့ဒီ သတင္းေလးကေတာ့ ႐ုပ္ရွင္႐ိုက္ကူး စရိတ္ေငြခန႔္မွန္း အေမရိကန္ေဒၚလာ ၁.၅ သန္းသုံးၿပီး ႐ိုက္ကူးသြားမယ္လို႔ သတင္းေတြထြက္ေနတဲ့ ႐ုပ္ရွင္ကားအေၾကာင္းပဲ ျဖစ္ပါတယ္။

အဲ့ဒီဇာတ္ကား ရဲ႕နာမည္ကေတာ့ Skyless Satrs ျဖစ္ပါတယ္။ အဲ့ဒီဇာတ္ကားကိုေတာ့ ဒါ႐ိုက္တာ- ၾသရသ (မုန္းစြဲ႐ုပ္ရွင္ဒါ႐ိုက္တာ) ၊ ဇာတ္ၫႊန္း- လြင္မင္းအံ့ (မုန္းစြဲဇာတ္ၫြန္းေရးဆရာ) ၊႐ုပ္ရွင္ဓါတ္ပုံ- ခရစၥတိုဖာေဝါတာ တည္းျဖတ္- စိုးထြဋ္ ၊ အာကာေက်ာ္ ၊ လက္ေထာက္ဒါ႐ိုက္တာ- စိုးထြဋ္ ၊ ၿငိမ္းခ်မ္းေက်ာ္ တို႔က ႐ိုက္ကူးမွာျဖစ္ၿပီး ။ သ႐ုပ္ေဆာင္ေတြ အေနနဲ႔ကေတာ့ Emi Takei,Yasuyuki Maekawa, Koji Yano,Phuphoom Pongpanu, ေနတိုး ၊ ေအးျမတ္သူ ၊ ထြန္းထြန္း ၊ မိုးစက္ဝိုင္ ၊ စိုင္းစိုင္းခမ္းလႈိင္၊ ညီထြဋ္ေခါင္ ၊ ႏြယ္ဒါလီထြန္း စတဲ့ သ႐ုပ္ေဆာင္ မ်ားစြာ ပါဝင္မွာသ႐ုပ္ေဆာင္သြားမွာျဖစ္ၿပီး Media 7, Half & Half films ကစီစဥ္ထုတ္လုပ္သြားမယ္လို႔ သိရပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့ ၁၉၄၅ ခုနစ္ ဒုတိယကမာၻစစ္အတြင္း က ျမန္မာျပည္မွာ ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ အျဖစ္အပ်က္တစ္ခုျဖစ္ၿပီး ဂ်ပန္တို႔အလိုရွိေနတဲ့ ျမန္မာဘက္မွ သတင္းေပးတစ္ေယာက္ ကို ဂ်ပန္စစ္ဗိုလ္တစ္ဦးမွ ရန္ကုန္ၿမိဳ႕အနီး ေဆး႐ုံတစ္႐ုံတြင္ ရွာေဖြဖမ္းဆီးတဲ့ အေၾကာင္းကို အေျခခံထားတယ္လို႔သိရပါတယ္။ ကုန္က်စရိတ္ အေနနနဲ႔ အေမရိကန္ေဒၚလာ ၁.၅ သန္း အကုန္က်ခံၿပီး ႐ိုက္ကူးထားၿပီး ၂၀၂၀ျပည့္ႏွစ္မွာ ႐ုံတင္မယ္လို႔ ကနဦးသတင္းေတြ အရ သိထားရပါတယ္။

Loading...

Unicode Version

မြန်မာ့ရုပ်ရှင်လော က ဒီဘက်နှစ်ပိုင်းမှာ သိသိသာသာ ပြောင်းလဲလာတယ်ဆိုတာကိုတော့ ရုပ်ရှင်ချစ် ပရိသတ်တွေ သိရှိပြီးဖြစ်ပါတယ်။ အဲ့ဒီလို ပြောင်းလဲမှုတွေနဲ့ အတူ ဇာတ်ကားကောင်းတွေကို ဖန်တီးရိုက်ကူး လာခဲ့တာကတော့ တကယ့်ကို ကောင်းမွန်တဲ့ ပြောင်းလဲမှုတစ်ခုပါပဲ။ အခုဆိုရင် ငွေကြေးသုံးစွဲမှုပိုင်းတွေ အရင်ကထက်ပိုမို သုံးစွဲလာသလို CGI တွေကိုပါ အသုံးပြုပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေလည်း အခုရုံပေါ်ကို ရောက်ရှိနေပါတယ်။ အခုကျနော်တို့ပြောချင်လွန်းလို့ ပရိသတ်တွေကို တင်ဆက်ပေးချင်တဲ့ သတင်းလေးတစ်ခုရှိပါတယ်။ အဲ့ဒီ သတင်းလေးကတော့ ရုပ်ရှင်ရိုက်ကူး စရိတ်ငွေခန့်မှန်း အမေရိကန်ဒေါ်လာ ၁.၅ သန်းသုံးပြီး ရိုက်ကူးသွားမယ်လို့ သတင်းတွေထွက်နေတဲ့ ရုပ်ရှင်ကားအကြောင်းပဲ ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကား ရဲ့နာမည်ကတော့ Skyless Satrs ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ- သြရသ (မုန်းစွဲရုပ်ရှင်ဒါရိုက်တာ) ၊ ဇာတ်ညွှန်း- လွင်မင်းအံ့ (မုန်းစွဲဇာတ်ညွန်းရေးဆရာ) ၊ရုပ်ရှင်ဓါတ်ပုံ- ခရစ္စတိုဖာဝေါတာ တည်းဖြတ်- စိုးထွဋ် ၊ အာကာကျော် ၊ လက်ထောက်ဒါရိုက်တာ- စိုးထွဋ် ၊ ငြိမ်းချမ်းကျော် တို့က ရိုက်ကူးမှာဖြစ်ပြီး ။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ Emi Takei,Yasuyuki Maekawa, Koji Yano,Phuphoom Pongpanu, နေတိုး ၊ အေးမြတ်သူ ၊ ထွန်းထွန်း ၊ မိုးစက်ဝိုင် ၊ စိုင်းစိုင်းခမ်းလှိုင်၊ ညီထွဋ်ခေါင် ၊ နွယ်ဒါလီထွန်း စတဲ့ သရုပ်ဆောင် များစွာ ပါဝင်မှာသရုပ်ဆောင်သွားမှာဖြစ်ပြီး Media 7, Half & Half films ကစီစဉ်ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ၁၉၄၅ ခုနစ် ဒုတိယကမ္ဘာစစ်အတွင်း က မြန်မာပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် အဖြစ်အပျက်တစ်ခုဖြစ်ပြီး ဂျပန်တို့အလိုရှိနေတဲ့ မြန်မာဘက်မှ သတင်းပေးတစ်ယောက် ကို ဂျပန်စစ်ဗိုလ်တစ်ဦးမှ ရန်ကုန်မြို့အနီး ဆေးရုံတစ်ရုံတွင် ရှာဖွေဖမ်းဆီးတဲ့ အကြောင်းကို အခြေခံထားတယ်လို့သိရပါတယ်။ ကုန်ကျစရိတ် အနေနနဲ့ အမေရိကန်ဒေါ်လာ ၁.၅ သန်း အကုန်ကျခံပြီး ရိုက်ကူးထားပြီး ၂၀၂၀ပြည့်နှစ်မှာ ရုံတင်မယ်လို့ ကနဦးသတင်းတွေ အရ သိထားရပါတယ်။

Source: AungParSay

Related Articles

Close