Local
ကနဦးသတင်း – အလွန်​​ခြောက်​ခြားဖွယ်​​ကောင်းတဲ့နှိပ်​စက်​မှုပါ
Advertisements
Advertisements
Phoe Zaw
Unicode
ဒီဖြစ်ရပ်ကို Phoe Zaw အကောင့်ပိုင်ရှင်မှ ၂၁.၇.၂၀၁၉ ည ၁၁ နာရီ ခန့်က တင်လိုက်တဲ့သတင်းတစ်ခုဖြစ်ပါတယ်။ဘယ်မှာဖြစ်ပျက်ထားတယ်ဆိုတာ အတိအကျရေးမထားပေမယ့် အင်မတန်ကြောက်စရာကောင်းတဲ့ လူမဆန်တဲ့ လုပ်ရပ်လို့
သိထားရပါတယ်။မူရင်တင်သူ Phoe Zaw ရဲ့ သတင်းအပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
ရုပ်ရှင်တွေထဲမှာဘဲ ရှိမယ်လို့ထင်ထားခဲ့တဲ့ ပြစ်မှုမျိုးကို ယနေ့ညဦးပိုင်းမှာဘဲတွေ့ကြုံခဲ့ရပါတယ် – ရုပ်ရှင်ထဲမှာတွေ့ရတတ်တဲ့ မိန်းကလေးတွေကို အယုံသွင်း ခေါ်လာ – အိမ်ထဲမှာဘဲ ပိတ်လှောင်ထား သွေးအေးအေးနဲ့အကြောင်းမဲ့နှိပ်စက်ထွက်ပြေးရင် သတ် -ခုလဲ ကနဦး သိရသလောက်အိမ်ထဲမှာဘဲ သွေးအေးအေးနဲ့နှိပ်စက်ခံ နေရတဲ့ ၂၂ အရွယ် ညီမလေးဟာ ရတဲ့နည်းနဲ့ရွံထဲ ဗွက်ထဲဖြတ်ကျော်ပြီး ထွက်ပြေးလာတယ် – နီးရာဆိုင်ထဲ ဝင်ပြေးပုန်းတယ် -ကျွန်တော် သွားရောက်
တွေ့ဆုံချိန် မေးကြည့်လို့ရသလောက် အမှုက ထင်ထားတာထက် ကြောက်ဖို့ကောင်းနေတယ်။
မျက်နှာတခုလုံး ဖူးယောင်ညိုမဲနေပြီး ဆေးလိပ်မီးနဲ့ထိုးထားသော ဒဏ်ရာ ကတ်ကြေးနဲ့မွှန်းထား ထိုးထားသောဒဏ်ရာ – လက်နှစ်ဖက် ညိုမည်းစွဲဒဏ်ရာ နှခေါင်းမှ သွေးယိုကျ ဒဏ်ရာကန်ကျောက်ထိုးကြိတ်ထားသော ဒဏ်ရာများ နဲ့မျက်စိနှစ်ဖက်လုံး လဲ ရှေ့သေချာမမြင်ရတော့အထိ ပိတ်သွားပါတယ်
ဝင်ပုန်းရာနေရာကလဲ ညီမလေးအသက်အန္တရာယ်ကို စိုးရိမ်လို့ ဒီနေရာနဲ့ဝေးရာကို ေ ေ ခါ်သွားခိုင်းတယ် – ကူညီရတဲ့ သူတွေအတွက်လဲ ရန်ရှာခံရနိူင်တဲ့ အန္တရာယ် ရှိနေတယ်။ ဒါပေမယ့်လဲ အဲ့လိုမှ မကူညီရင်လဲ လိုက်ရှာသူက ထပ်တွေ့ရင်
ညီမလေး အသက်ခံရတော့မှာပါ။( အသေးစိတ်သိရအောင်တော့ မေးနေဆဲ )
ခုတော့ ညီမလေးကို လုံခြုံရာကို ရွေ့ပြောင်းထားပြီး ဆေးကုသမှုပေးနေပါပြီ ဥပဒေကြောင်းအရ ကူညီပေးမယ့် အဖွဲ့များ ရောက်မလာခင်အချိန်ထိကျွန်တော့်ဆီမှာဘဲ စောင့်ရှောက်ထားမှာပါ။ဖုန်းဆက်ပေးကြတဲ့ အစ်မများအားလုံး ကျေးဇူးပါ။နယ်ဝေးကနေ အလုပ်လာလုပ်ကြတဲ့ညီမငယ်များအားလုံးလဲ အလွယ်မယုံဖို့- အိမ်နဲ့အဆက်အသွယ်မပြတ်ကြဖို့ကိုလဲ သတိပေးလိုပါတယ်။
တရားဥပဒေစိုးမိုးသော လူအဖွဲ့အစည်းဖြစ်လာအောင် အားလုံး ကိုယ်စီဝိုင်းဝန်းဆောင်ရွက်ကြပါစို့ခင်ဗျာ။
WP2Social Auto Publish Powered By : XYZScripts.com
Close