Celebrity
Advertisements
Advertisements
Unicode
ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် အောင်ဇော် ရုတ်တရက် ကွယ်လွန် – ဇူလိုင် ၂၁၊ ၂၀၁၉။ မြန်မာရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် အောင်ဇော်ဟာ ယနေ့၊ ဇူလိုင်လ ၂၁ ရက်နေ့မှာ နှလုံးရောဂါကြောင့် ရုတ်တရက် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ သရုပ်ဆောင် အောင်ဇော်ဟာ မော်ဒယ်၊ သရုပ်ဆောင် စူးရှရဲ့ ဖခင်ဖြစ်ပြီး၊ ကွယ်လွန်ချိန်မှာတော့ အသက် ၄၈ နှစ် ရှိပြီလို့ သိရပါတယ်။
ဓာတ်ပုံ – KoAung Zaw’s Facebook , Irrawaddy Lifestyle (လေးစားမှုဖြင့် ခရက်ဒစ်)
ပရိသတ်ကြီးရေ ရုပ်ရုပ်သရုပ်ဆောင် အောင်ဇော်ကတော့ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားတယ်လို့ ကြားသိပါ တယ်။ အောင်ဇော်ကတော့ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်တောင်နိုင်တဲ့ ဇာတ်ပို့ တစ်ယောက်လဲဖြစ်ပါတယ်။ ဗီဒီယိုလောက ခေတ်ပျက်သွားတဲ့အတွက် ပရိသတ်တွေနဲ့ ဝေးကွာနေတာပဲဖြစ်ပါတယ်။
သရုပ်ဆောင် အောင်ဇော်ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ပါတယ်။ ကိုအောင်ဇော် ကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
ပရိသတ်ကြီးလဲ သရုပ်ဆောင် အောင်ဇော်အတွက် ဝမ်းနည်းဆုတောင်းလေးတွေ ပြောခဲ့ကြပါဦး။Source : Oasis Journal (လေးစားမှုဖြင့် ခရက်ဒစ်)
WP2Social Auto Publish Powered By : XYZScripts.com
Close