Health







Loading...






အမေ့လိုပဲ ကင်ဆာရောဂါ ဝေဒနာသည်တွေ ဒီစာလေးဖတ်ပြီး အနာနဲ့ဆေး တွေ့စေချင်လို့ fbပေါ် ဒီpostလေး ရေးတင်လိုက် တာပါ ။


Ohnmar Htun

Unicode

“ဓါတ်ရောင်ခြည် ကင်ထားတဲ့ သားအိမ် ကင်ဆာတောင် ပျောက်တယ် ဆိုတဲ့ လယ်ပုဇွန်လုံးနှင့် ပေါက်ပန်းဖြူ”

တို့အမေ အတွက် ဆေးတွေ အများကြီး ရောက်လာပါပြီ

အမေက သားအိမ်ကင်ဆာကို နှစ်ရှည်လများ ခံစားနေရ တာပါ

ဆေးသွင်းလိုက် ဓာတ်ကင်လိုက်နဲ့ ဆေးရုံ မပြတ်တက်လိုက် ဆငိးလိုက်နဲ့ ဆရာဝန်စုံအောင် ကုလာရင်းကပဲ ကင်ဆာရောဂါ ကတော့ တနေ့တခြား တတိတိနဲ့ တိုးလာတာ

အခုတော့ အဆင့်လွန် ဆိုပီး သမားတော်ကလည်း ခီမို ထပ်သွင်းဖို့တောင် လက်မခံတော့ပါဘူး

ဓာတ်ရောင်ခြည်လည်း တခေါက်ကို ၃၅ ကြိမ်စီ ၂ ကြော့ပြန် ကင်ထားပီမို့ ထပ်ကင်လို့လည်း မရ တော့ဘူးတဲ့

တိုင်းရင်းဆေးလေးတွေ သောက်ကြည့် သဘောင်္ရွက်ထောင်း သောက်ကြည့်ဖို့အကြံပေးပြီး အိပ်ဆေးနဲ့ သွေးတိတ်ဆေး နာကျင်ပျောက်ဆေး တွေပဲ ပေးပါတော့တယ် ။

အဲ့လိုနဲ့ ဟိုမေး ဒီမေးမေးကြရင်းက ပြည်က အမတဝမ်းကွဲဆီက ကြားတဲ့ဆေးက လယ်ပုဇွန်လုံး ( ဂဏာန်းလုံး ) ကို ပေါက်ပန်းဖြူရွက်နဲ့ ချက်စားရမယ် ဇီးဖြူသီးပြုတ်ရည်နဲ့ ဖန်ရေ ဆေးတာ ပြုတ်ရည်ထဲ ဝင်စိမ်တာ လုပ်ပေးရ မယ်တဲ့ ။

လက်တွေ့ ပျောက်သွားတဲ့ အမျိုးသမီးက ပေးလိုက်တဲ့ ဆေးနည်းပါ ။

အဲဒါနဲ့ ချက်လဲ စားရော ၃ ရက် အတွင်း သွေးဆင်းတာ ရပ်သွားတာ အခုထိပါပဲ ။ အရင်က သွေးတိတ်ဆေး မပြတ် သောက်နေတာကို မရပ်လို့ သမားတော်က အစာအိမ်နဲ့ အူလမ်းကြောင်း ဆရာဝန်ဆီသွား မှန်ပြောင်းကြည့် ဗိုက်ခွဲ ဆီးအိတ် ဝမ်းအိတ်ထုတ်ထားဖို့တောင် အကြံပြု နေပါပြီ ။

ဇီးဖြူသီး ပြုတ်ရည်ကလဲ ကောင်းပါတယ် အမေက မစိမ်နိုင်လို့ ရေချိုးတာ ဖန်ရေဆေးတာလေးတွေ လုပ်ရုံနဲ့တောင် ဆယ်ရက်အတွင်း အကျိတ်တွေနဲ့ ရောင်ရမ်းပြီး အသားမာကြီး ဖြစ်နေတဲ့ ဗိုက်ကောပေါင်တွေကော အကျိတ်တွေ ပျောက်ပြီးချပ်ရပ် သေးကျုံ့ပြီး ပျော့ဖတ်သွားပါပြီ ခြေတွေ လက်တွေ ဖောရောင် နေတာလဲအကုန်ပျောက်ပြီး အသားအရေ စိုပြေ လာပါပြီ ။

အမေ့လိုပဲ ကင်ဆာရောဂါ ဝေဒနာသည်တွေ ဒီစာလေးဖတ်ပြီး အနာနဲ့ဆေး တွေ့စေချင်လိို့ fbပေါ် ဒီpostလေး ရေးတင်လိုက် တာပါ ။

အမေကတော့ နောက်ဆုံးအဆင့် ရောက်တဲ့အထိ ၆နှစ်ကြာမှ ဆေးတွေ့ရတော့ပျောက်ဖို့တော့ သိပ်မမျှော်လင့် နိုင်ပါဘူး ရောဂါခံစားရ သက်သာပြီး အသက်ရှည်ရှည်လေး နေနိုင်ဖို့ပဲ အစွမ်းကုန်ု ကြိုးစားနေကြရတာပေမဲ့ ရောဂါနုသူဆို လုံးဝပျောက်သွားမယ်လို့ ထင်ပါတယ်ရှင်

Ohnmar Htun

Loading...

Related Articles

Close