Knowledge

ေက်ာက္သင္ပုန္းတခ်ပ္ကို လြယ္လြယ္နဲ႔ျဖစ္လာတယ္ ထင္လား

Zawgyi ျဖင့္ဖတ္ရန္

ေက်ာက္သင္ပုန္းတခ်ပ္ကို လြယ္လြယ္နဲ႔ျဖစ္လာတယ္ ထင္ရင္ မွားမွာေပါ့…တပုံခ်င္းၾကည့္ၿပီးေလ့လာေစခ်င္၊ မြန္ျပည္နယ္၊ ေခ်ာင္းဆုံၿမိဳ႕နယ္(ဘီလူးကြၽန္း)၊ မုဒြန္းေက်း႐ြာ၊ ေက်ာက္သင္ပုန္းေတာင္မွ ေက်ာက္သင္ပုန္းေက်ာက္တူးေဖာ္ပုံႏွင့္ ေက်ာက္သင္ပုန္းျပဳလုပ္ပုံ အဆင့္ဆင့္…

တခ်ိဳ႕ ေက်ာက္သင္ပုန္းသုံးတဲ့သူေတြက လြယ္လြယ္သုံးၿပီး တန္ဖိုးမထားတတ္ၾကတာ လုပ္တဲ့သူေတြကေတာ့ ေက်ာက္သင္ပုန္းေလးတစ္ခ်ပ္ ျဖစ္လာဖို႔အတြက္ အသက္ေတြ ေခြၽးေတြရင္းၿပီးလုပ္ၾကရတာပါ။

ေက်ာက္သင္ပုန္း(tablet)ႏွင့္ ေက်ာက္တံ(pen)မ်ား ျဖစ္ေပၚလာပုံမွာ ၁၉၄၅ ခုႏွစ္တြင္ ဦးေအာင္သိန္း ဆိုသူသည္ မုဆိုးမေတာင္မွ စီးဆင္းေနေသာ စမ္းေခ်ာင္းရွိေက်ာက္ျပားမ်ားကို ေကာက္ယူၿပီး သံျပားႏွင့္ျခစ္ကာ ျမန္မာ့ tablet ေက်ာက္သင္ပုန္းကို စတင္ျပဳလုပ္ခဲ့သည္။

ထိုအခ်ိန္က စက္မေပၚေသး၍ လက္ျဖင့္သာ လုပ္ကိုင္ရသျဖင့္ တစ္ေန႔လွ်င္ ေက်ာက္သင္ပုန္း (tablet) ၅ခ်ပ္သာၿပီး၏။ တစ္ျဖည္းျဖည္းႏွင့္တစ္ျခားသူမ်ားလည္း ယင္းေက်ာက္မွ ေက်ာက္သင္ပုန္း(tablet) ျပဳလုပ္ၾကေၾကာင္း သိရွိလာၾကသျဖင့္ မည္သူမဆို မိမိႀကိဳက္သည့္ေနရာတြင္ ေက်ာက္မ်ားကို ခြာယူ၍ စမ္းသပ္ျပဳလုပ္ရာမွ ေက်ာက္သင္ပုန္း(tablet) ျဖစ္လာသည္။

Loading...

၁၉၅၀ ခုႏွစ္မွစ၍ ေက်ာက္မ်ားကို ခြာမရေတာ့ဘဲတြင္းစတင္တူးေဖာ္ရာမွ ေက်ာက္တြင္းမ်ား ျဖစ္လာခဲ့သည္။ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက မုဒြန္း႐ြာသည္မြန္တို႔၏လက္မႈပညာတစ္ရပ္အျဖစ္ ေက်ာက္သင္ပုန္း(tablet)လုပ္ငန္းသည္ ေက်ာ္ၾကားခဲ့သည္။

ထုတ္လုပ္ပုံ

ေက်ာက္သင္ပုန္းေက်ာက္မ်ားကို မုဆိုးမေတာင္အနီးတစ္ဝိုက္ ေတာင္မ်ားမွ တူးယူရရွိသည္။ မနက္လင္းသည္ႏွင့္ ေက်ာက္တူးသမားမ်ားသည္ ေတာင္ေပၚကိုတက္ၿပီး၊ ေတာင္ေပၚကေန တစ္ဆင့္ ေက်ာက္တြင္းထဲကို တစ္ခါျပန္ဆင္းရသည္။ေက်ာက္သင္ပုန္းေက်ာက္မ်ားသည္ အရင္က အေပၚယံကေန ခြာယူ၍ရေသာ္လည္း အခုဆိုလွ်င္ တြင္းအနက္ႀကီးတူးၿပီး ယူရသည္။ တြင္းမ်ားကို တည့္တည့္တူးလို႔မရေပ၊ ေစာင္းေစာင္းေလး တူးသြားရသည္။

ေအာက္ကိုဆင္းလွ်င္ ေလမဝင္၍ ဖေယာင္းတိုင္ထြန္းလို႔မရပါ၊ မီးေခ်ာင္းမ်ားထြန္းၿပီး ဆင္းရသည္။ တစ္ခ်ိဳ႕ုတူးေနေသာ တြင္းမ်ားသည္ ေပ ၂၀၀ အထိ နက္သည့္အတြက္ ေအာက္ေျခမွာ ေရမ်ား စိမ့္ဝင္သည္။ ထိုေရမ်ားကို ေမာ္တာမ်ားႏွင့္ စုပ္တင္ရသည္။ ေရကုန္လွ်င္ အေပၚယံမွာ တင္ေနေသာ ႏုန္းမ်ားကို ျခစ္ထုတ္ရသည္

ျခစ္ထုတ္ၿပီး ေက်ာက္မ်ားကို စတူးရသည္။ ေက်ာက္မ်ားကို အတုံးလိုက္အလႊာလိုက္ တူးၿပီးလွ်င္ တြင္းအေပၚသို႔ တင္ရသည္။ တြင္းထိပ္ကိုေရာက္လွ်င္ ေက်ာက္မ်ားကို ခြဲရသည္။ အလႊာလိုက္အခ်ပ္လိုက္ ခြဲၿပီးလွ်င္ ပုံစံသြင္းသည္။ အ႐ြယ္အစားအလိုက္ ၈လကၼ၊ ၆လကၼ၊ ၇လကၼ စသျဖင့္ အၾကမ္းျဖတ္၍ ႐ြာသို႔ သယ္သြားၾကသည္။

႐ြာေရာက္လွ်င္ ေက်ာက္အၾကမ္းမ်ားကို လာဝယ္ၾကသည္။ ဝယ္ၿပီးေက်ာက္ကို ေ႐ြေဘာ္ထိုးရသည္။ ေ႐ြေဘာ္ထိုးၿပီး ကတ္ေၾကးႏွင့္ ေလးဘက္ေလးတန္ညီေအာင္ ညႇိေပးရသည္။ ၿပီးလွ်င္ စက္နဲ႔တစ္ခါ ျပန္ေခ်ာေပးရသည္။ ထို႔ေနာက္ ေရႏွင့္ ေဆး၊ ေနပူလွန္း၊ ေဆးသုတ္၊ အေျခာက္ခံရသည္။ ၿပီးလွ်င္ ေဘာင္သြင္းရသည္။

ေဘာင္သြင္းၿပီး ေကာ္ပတ္နဲ႔ အေခ်ာျပန္ကိုင္ရသည္။ အေခ်ာကိုင္ၿပီးလွ်င္ ေလးဘက္ေလးတန္ သံ႐ိုက္ေပးရသည္။ (ဝါး သို႔မဟုတ္ သစ္မာသားျဖင့္ သစ္ပြသားေဘင္၏အဆက္ေထာင့္မ်ားတြင္ စို႔႐ိုက္ထိန္းခ်ဳပ္ေပးရျခင္းျဖစ္ႏိုင္ပါသည္၊ သူ႔ဆိုက္နဲ႔သူ စည္းၿပီးေတာ့ ေမာ္လၿမိဳင္ကို တင္ပို႔ကာ နယ္အသီးသီးသို႔ ျဖန႔္ၾကသည္။

ေက်ာက္သင္ပုန္း ျပဳလုပ္ပုံအဆင့္ဆင့္မွာ –

(၁) ေက်ာက္တြင္းမွ တူး၍ရေသာေက်ာက္တုံးမ်ားကို လုပ္သားမ်ားက တြင္းဝရွိ တဲငယ္ေအာက္သို႔ ပို႔ေဆာင္ေပးရသည္။ (၂) ၎ေက်ာက္တုံးမ်ားကို ကြၽမ္းက်င္သူ လုပ္သားပိုင္ရွင္တစ္ဦးက ေက်ာက္သြားခြဲရန္ ဓါးျဖင့္ ခြဲထုတ္ရသည္။

(၃) ခြဲထုတ္ၿပီး ေက်ာက္ျပားမ်ားကို လုပ္သားတစ္ဦးက ေက်ာက္ညႇပ္ကတ္ေၾကးျဖင့္ အ႐ြယ္အစားအလိုက္ ညႇပ္ေပးရသည္။ (၄) ကိုက္ညႇပ္ရာ၌ ေက်ာက္သင္ပုန္းအငယ္ဆုံး အ႐ြယ္အစားအထိ၊ ေ႐ြးခ်ယ္ညႇပ္ၿပီး က်န္ေက်ာက္ျပားအားလုံးမွာ ေက်ာက္တံေက်ာက္ျဖစ္သြားသည္။

(၅) အ႐ြယ္အစားအလိုက္ ညႇပ္ၿပီးေသာ ေက်ာက္သင္ပုန္းကို မည္သူမဆို ဝယ္လိုသူအိမ္အေရာက္ ေက်ာက္ခ်ပ္ ၁၅၀ ပါတစ္ထမ္းကို ၂က်ပ္ ၅၀ျပားႏႈန္းျဖင့္ ပို႔ေပးရသည္။ (၆) ေက်ာက္ျပားမ်ားကို လက္သမားကိုင္ ေ႐ြေဘာ္ျဖင့္ ညီေအာင္ပါးေအာင္ ေဘာင္ႏွစ္ဖက္လုံးကို ထိုးေပးရသည္။ ထိုးခမွာ ေက်ာက္ျပား ၁၀၀ လွ်င္ ၁၀ က်ပ္ႏႈန္း ျဖစ္ပါသည္။ အမ်ိဳးသမီးမ်ား အထိုးမ်ား၍ တစ္ေန႔လွ်င္ ၂၀၀ မွ ၃၀၀ အထိၿပီးသည္။

(၇) ထိုးၿပီး ေက်ာက္ျပားကို ေက်ာက္ညႇပ္ကတ္ေၾကးျဖင့္ စတုဂံပုံက်ေအာင္ ညီညာစြာ ညႇပ္ေပးရသည္။ ညႇပ္ခမွာ ၁၀၀ လွ်င္ ၁ က်ပ္ႏႈန္း ျဖစ္သည္။ (၈) ညႇပ္ၿပီးေက်ာက္မ်ားကို စက္လုပ္သားမ်ား လာေရာက္ထမ္းယူၿပီး စက္တြင္ ေခ်ာေမာေအာင္ ႏွစ္ဖက္ပြတ္လုံးျဖင့္ ပြတ္ေပးရသည္။` ေက်ာက္ပြတ္ခမွာ ၁၀၀ လွ်င္ ၁၂ က်ပ္ႏႈန္းျဖစ္သည္။ တစ္ေန႔ တစ္ဦးလွ်င္ ၆၀၀ အထိၿပီးသည္။ စက္ရွင္ ၉ က်ပ္ ၅၀ ျပားရ၍ လုပ္သားက ၂ က်ပ္ ၅၀ ျပားရသည္။

(၉) ပြတ္ၿပီးေက်ာက္မ်ားကို ကေလးမ်ားက ေဆးသုတ္ေပးရသည္။ ေဆးသုတ္ခမွာ ၁၀၀ လွ်င္ ၁ က်ပ္ႏႈန္းျဖစ္သည္။ သို႔ရာတြင္ ေဆးမသုတ္မီ ေရေဆး၍ လွမ္းေပးရပါသည္။ (၁၀) အလ်ား ၂ေပ၊ အနံ ၁ ေပရွိ လွ်င္ထိုးထားၿပီးသား သစ္သားေဘာင္မ်ားကို ေဘာင္ထိုးသစ္စက္မွ ေဘာင္တပ္သူမ်ားက ယူၿပီး ေဘာင္ ၂၀၀ လွ်င္ ေက်ာက္သင္ပုန္း ၁၀၀ ရသည္။ (လြန္ခဲ့ေသာ ၂၅ ႏွစ္ ဝန္းက်င္က ေဈးႏႈန္းမ်ား ျဖစ္ပါသည္)

Source: Sine Wunna

Unicode ဖြင့်ဖတ်ရန်

ကျောက်သင်ပုန်းတချပ်ကို လွယ်လွယ်နဲ့ဖြစ်လာတယ် ထင်လား

ကျောက်သင်ပုန်းတချပ်ကို လွယ်လွယ်နဲ့ဖြစ်လာတယ် ထင်ရင် မှားမှာပေါ့…တပုံချင်းကြည့်ပြီးလေ့လာစေချင်၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)၊ မုဒွန်းကျေးရွာ၊ ကျောက်သင်ပုန်းတောင်မှ ကျောက်သင်ပုန်းကျောက်တူးဖော်ပုံနှင့် ကျောက်သင်ပုန်းပြုလုပ်ပုံ အဆင့်ဆင့်…

တချို့ ကျောက်သင်ပုန်းသုံးတဲ့သူတွေက လွယ်လွယ်သုံးပြီး တန်ဖိုးမထားတတ်ကြတာ လုပ်တဲ့သူတွေကတော့ ကျောက်သင်ပုန်းလေးတစ်ချပ် ဖြစ်လာဖို့အတွက် အသက်တွေ ချွေးတွေရင်းပြီးလုပ်ကြရတာပါ။

ကျောက်သင်ပုန်း(tablet)နှင့် ကျောက်တံ(pen)များ ဖြစ်ပေါ်လာပုံမှာ ၁၉၄၅ ခုနှစ်တွင် ဦးအောင်သိန်း ဆိုသူသည် မုဆိုးမတောင်မှ စီးဆင်းနေသော စမ်းချောင်းရှိကျောက်ပြားများကို ကောက်ယူပြီး သံပြားနှင့်ခြစ်ကာ မြန်မာ့ tablet ကျောက်သင်ပုန်းကို စတင်ပြုလုပ်ခဲ့သည်။

ထိုအချိန်က စက်မပေါ်သေး၍ လက်ဖြင့်သာ လုပ်ကိုင်ရသဖြင့် တစ်နေ့လျှင် ကျောက်သင်ပုန်း (tablet) ၅ချပ်သာပြီး၏။ တစ်ဖြည်းဖြည်းနှင့်တစ်ခြားသူများလည်း ယင်းကျောက်မှ ကျောက်သင်ပုန်း(tablet) ပြုလုပ်ကြကြောင်း သိရှိလာကြသဖြင့် မည်သူမဆို မိမိကြိုက်သည့်နေရာတွင် ကျောက်များကို ခွာယူ၍ စမ်းသပ်ပြုလုပ်ရာမှ ကျောက်သင်ပုန်း(tablet) ဖြစ်လာသည်။

၁၉၅၀ ခုနှစ်မှစ၍ ကျောက်များကို ခွာမရတော့ဘဲတွင်းစတင်တူးဖော်ရာမှ ကျောက်တွင်းများ ဖြစ်လာခဲ့သည်။ ရှေးနှစ်ပေါင်းများစွာကတည်းက မုဒွန်းရွာသည်မွန်တို့၏လက်မှုပညာတစ်ရပ်အဖြစ် ကျောက်သင်ပုန်း(tablet)လုပ်ငန်းသည် ကျော်ကြားခဲ့သည်။

ထုတ်လုပ်ပုံ

ကျောက်သင်ပုန်းကျောက်များကို မုဆိုးမတောင်အနီးတစ်ဝိုက် တောင်များမှ တူးယူရရှိသည်။ မနက်လင်းသည်နှင့် ကျောက်တူးသမားများသည် တောင်ပေါ်ကိုတက်ပြီး၊ တောင်ပေါ်ကနေ တစ်ဆင့် ကျောက်တွင်းထဲကို တစ်ခါပြန်ဆင်းရသည်။ကျောက်သင်ပုန်းကျောက်များသည် အရင်က အပေါ်ယံကနေ ခွာယူ၍ရသော်လည်း အခုဆိုလျှင် တွင်းအနက်ကြီးတူးပြီး ယူရသည်။ တွင်းများကို တည့်တည့်တူးလို့မရပေ၊ စောင်းစောင်းလေး တူးသွားရသည်။

အောက်ကိုဆင်းလျှင် လေမဝင်၍ ဖယောင်းတိုင်ထွန်းလို့မရပါ၊ မီးချောင်းများထွန်းပြီး ဆင်းရသည်။ တစ်ချို့တူးနေသော တွင်းများသည် ပေ ၂၀၀ အထိ နက်သည့်အတွက် အောက်ခြေမှာ ရေများ စိမ့်ဝင်သည်။ ထိုရေများကို မော်တာများနှင့် စုပ်တင်ရသည်။ ရေကုန်လျှင် အပေါ်ယံမှာ တင်နေသော နုန်းများကို ခြစ်ထုတ်ရသည်။

ခြစ်ထုတ်ပြီး ကျောက်များကို စတူးရသည်။ ကျောက်များကို အတုံးလိုက်အလွှာလိုက် တူးပြီးလျှင် တွင်းအပေါ်သို့ တင်ရသည်။ တွင်းထိပ်ကိုရောက်လျှင် ကျောက်များကို ခွဲရသည်။ အလွှာလိုက်အချပ်လိုက် ခွဲပြီးလျှင် ပုံစံသွင်းသည်။ အရွယ်အစားအလိုက် ၈လက္မ၊ ၆လက္မ၊ ၇လက္မ စသဖြင့် အကြမ်းဖြတ်၍ ရွာသို့ သယ်သွားကြသည်။

ရွာရောက်လျှင် ကျောက်အကြမ်းများကို လာဝယ်ကြသည်။ ဝယ်ပြီးကျောက်ကို ရွေဘော်ထိုးရသည်။ ရွေဘော်ထိုးပြီး ကတ်ကြေးနှင့် လေးဘက်လေးတန်ညီအောင် ညှိပေးရသည်။ ပြီးလျှင် စက်နဲ့တစ်ခါ ပြန်ချောပေးရသည်။ ထို့နောက် ရေနှင့် ဆေး၊ နေပူလှန်း၊ ဆေးသုတ်၊ အခြောက်ခံရသည်။ ပြီးလျှင် ဘောင်သွင်းရသည်။

ဘောင်သွင်းပြီး ကော်ပတ်နဲ့ အချောပြန်ကိုင်ရသည်။ အချောကိုင်ပြီးလျှင် လေးဘက်လေးတန် သံရိုက်ပေးရသည်။ (ဝါး သို့မဟုတ် သစ်မာသားဖြင့် သစ်ပွသားဘေင်၏အဆက်ထောင့်များတွင် စို့ရိုက်ထိန်းချုပ်ပေးရခြင်းဖြစ်နိုင်ပါသည်၊ သူ့ဆိုက်နဲ့သူ စည်းပြီးတော့ မော်လမြိုင်ကို တင်ပို့ကာ နယ်အသီးသီးသို့ ဖြန့်ကြသည်။

ကျောက်သင်ပုန်း ပြုလုပ်ပုံအဆင့်ဆင့်မှာ –

(၁) ကျောက်တွင်းမှ တူး၍ရသောကျောက်တုံးများကို လုပ်သားများက တွင်းဝရှိ တဲငယ်အောက်သို့ ပို့ဆောင်ပေးရသည်။ (၂) ၎င်းကျောက်တုံးများကို ကျွမ်းကျင်သူ လုပ်သားပိုင်ရှင်တစ်ဦးက ကျောက်သွားခွဲရန် ဓါးဖြင့် ခွဲထုတ်ရသည်။

(၃) ခွဲထုတ်ပြီး ကျောက်ပြားများကို လုပ်သားတစ်ဦးက ကျောက်ညှပ်ကတ်ကြေးဖြင့် အရွယ်အစားအလိုက် ညှပ်ပေးရသည်။ (၄) ကိုက်ညှပ်ရာ၌ ကျောက်သင်ပုန်းအငယ်ဆုံး အရွယ်အစားအထိ၊ ရွေးချယ်ညှပ်ပြီး ကျန်ကျောက်ပြားအားလုံးမှာ ကျောက်တံကျောက်ဖြစ်သွားသည်။

(၅) အရွယ်အစားအလိုက် ညှပ်ပြီးသော ကျောက်သင်ပုန်းကို မည်သူမဆို ဝယ်လိုသူအိမ်အရောက် ကျောက်ချပ် ၁၅၀ ပါတစ်ထမ်းကို ၂ကျပ် ၅၀ပြားနှုန်းဖြင့် ပို့ပေးရသည်။ (၆) ကျောက်ပြားများကို လက်သမားကိုင် ရွေဘော်ဖြင့် ညီအောင်ပါးအောင် ဘောင်နှစ်ဖက်လုံးကို ထိုးပေးရသည်။ ထိုးခမှာ ကျောက်ပြား ၁၀၀ လျှင် ၁၀ ကျပ်နှုန်း ဖြစ်ပါသည်။ အမျိုးသမီးများ အထိုးများ၍ တစ်နေ့လျှင် ၂၀၀ မှ ၃၀၀ အထိပြီးသည်။

(၇) ထိုးပြီး ကျောက်ပြားကို ကျောက်ညှပ်ကတ်ကြေးဖြင့် စတုဂံပုံကျအောင် ညီညာစွာ ညှပ်ပေးရသည်။ ညှပ်ခမှာ ၁၀၀ လျှင် ၁ ကျပ်နှုန်း ဖြစ်သည်။ (၈) ညှပ်ပြီးကျောက်များကို စက်လုပ်သားများ လာရောက်ထမ်းယူပြီး စက်တွင် ချောမောအောင် နှစ်ဖက်ပွတ်လုံးဖြင့် ပွတ်ပေးရသည်။` ကျောက်ပွတ်ခမှာ ၁၀၀ လျှင် ၁၂ ကျပ်နှုန်းဖြစ်သည်။ တစ်နေ့ တစ်ဦးလျှင် ၆၀၀ အထိပြီးသည်။ စက်ရှင် ၉ ကျပ် ၅၀ ပြားရ၍ လုပ်သားက ၂ ကျပ် ၅၀ ပြားရသည်။

(၉) ပွတ်ပြီးကျောက်များကို ကလေးများက ဆေးသုတ်ပေးရသည်။ ဆေးသုတ်ခမှာ ၁၀၀ လျှင် ၁ ကျပ်နှုန်းဖြစ်သည်။ သို့ရာတွင် ဆေးမသုတ်မီ ရေဆေး၍ လှမ်းပေးရပါသည်။ (၁၀) အလျား ၂ပေ၊ အနံ ၁ ပေရှိ လျှင်ထိုးထားပြီးသား သစ်သားဘောင်များကို ဘောင်ထိုးသစ်စက်မှ ဘောင်တပ်သူများက ယူပြီး ဘောင် ၂၀၀ လျှင် ကျောက်သင်ပုန်း ၁၀၀ ရသည်။ (လွန်ခဲ့သော ၂၅ နှစ် ဝန်းကျင်က ဈေးနှုန်းများ ဖြစ်ပါသည်)

Source: Sine Wunna

Loading...

Related Articles

Close